Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲ NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက် ၅၀လက်အား ပေးအပ်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အစိုးရ၏တစ်နှစ်စီမံချက် (စစ်အာဏာရှင် ဖြုတ်ချရေးဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မည့်စီမံချက်)အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - PPTV)
(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - PPTV)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၂၇)၏ ကော်ဘရာပူးပေါင်းစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့် လက်နက်များအနက်အလက်၅၀အား ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရသတင်းနှင့် ပြန်ကြားရေး PVTVက ယနေ့ ထုတ်ပြန်ခဲ့သည်။

(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - PPTV)
(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ – PPTV)

ထို့ပြင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူသင်းတို့က ကော်ဘရာစစ်ကြောင်းသင်တန်းဆင်းရဲဘော်များအား ဂုဏ်ပြုငွေ ၁၀သိန်း ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အစိုးရ၏တစ်နှစ်စီမံချက် (စစ်အာဏာရှင် ဖြုတ်ချရေးဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မည့်စီမံချက်)အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - PPTV)
(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ – PPTV)

ထို့ပြင် တိုင်းရင်းသားမဟာမိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနှင့် တိုင်းရင်းသားမဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီး ရယူဆောင်ရွက်ထားနိုင်မှုတို့ကို ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းရဲဘော်များအား တစ်ဦးချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - PPTV)
(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ – PPTV)

အဆိုပါ သင်တန်းဆင်းပွဲသို့ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ ဗိုလ်စောရှား၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအိသဥ္စာမောင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်နှစ်လက် နှင့်အတူ ထွက်ပြေးခိုလှုံလာခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။

သတင်း

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း ဆုံးဖြတ်ချက်တွင် အပြုသဘောဆောင်သည့် အချက်များပါဝင်သော်လည်း အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပိုမိုအားကောင်သည့် စာသားများကို မျှော်လင့်ကြောင်း ပြောသည်။

သတင်း

ပူးတွဲထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့သည်ဟု သိရသည်။

သတင်း

ဒီဇင်ဘာ ၂၀ရက်က ကျရောက်ခဲ့သည့် ၂၇၁၄ ခုနှစ် တအာင်းနှစ်သစ်ကူးနေ့ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။