close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကို အုပ်ချုပ်ဖို့ စစ်ကောင်စီကို တရုတ် ထပ်ပြော

အပစ်အခတ်ရပ်စဲကာ မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကိုအုပ်ချုပ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိက တိုက်တွန်းပြောကြားပါတယ်။

ဓာတ်ပုံ - တရုတ်သံရုံး

သြဂုတ်-၁၅၊ ၂၀၂၅။ People’s Spring

အပစ်အခတ်ရပ်စဲကာ မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကိုအုပ်ချုပ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိက တိုက်တွန်းပြောကြားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိဟာ ယူနန်ပြည်နယ် အန်းနင်မြို့မှာ ပြုလုပ်တဲ့ (၁၀)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်လာတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဏာသိမ်းစစ်ကောင်စီကို ရွေးကောက်ပွဲကတဆင့် အချက် ၃ ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်သင့်ကြောင်း ပြောဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပထမတစ်ချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပြီး အပစ်အခတ်ရပ်စဲကာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကို အုပ်ချုပ်ဖို့၊ ဒုတိယတစ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပြီး အကျယ်ပြန့်ဆုံးသော စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တတိယတစ်ချက်မှာ လူမှုရေးသဟဇာတဖြစ်မှုဖြစ်ပြီး ငလျင်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုဆောင်ရွက်ကာ ပြည်သူတွေရဲ့ လူမှုဘဝအဆင့်အတန်းကို မြှင့်တင်ဖို့ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကို လမ်းညွှန်ချက်ပေးပါတယ်။

မစ္စတာဝမ်ယိက စစ်ကောင်စီအနေနဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းဖို့ မျှော်လင့်မိကြောင်း ပြောပါတယ်။ ဒါ့အပြင် တံခါးဖွင့်ကာ အားလုံးပါဝင်တဲ့ စိတ်သဘောထားရှိပြီး ပြည်သူတွေရဲ့ စိတ်ဓာတ်ကို စည်းရုံးဖို့ အလေးထားသင့်ကြောင်းလည်း စစ်ကောင်စီကို သတိပေးပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ မျှော်လင့်မိကြောင်း မစ္စတာဝမ်ယိက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ပြောပါတယ်။ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို နောက်ထပ်တဆင့်တိုက်ဖျက်ကာ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းသင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးက ထုတ်ပြန်ရာမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စနဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို ထောက်ခံအားပေးကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြူတွေဆိုင်းပြီး မိုးစက်တွေလည်း စွတ်စိုနေတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းက ရပ်ကွက်လေးတစ်ခုကို ကင်မရာမြင်ကွင်းတခုမှ စတွေရတယ်။ ကင်မရာမြင်ကွင်းထဲမှာ ဖွာလန်ကြဲနေတဲ့ လူနေအိမ်တွေကို မြင်ရတယ်။ သွပ်မိုးတွေဟာ ပေါက်ပြဲ ​လွင့်စင်နေတယ်။ နေအိမ်က တိုင်တွေတန်းတွေဆိုရင် တချောင်းချင်းစီ လွင့်စင်နေတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၅)မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဝန်ထမ်းများ သွားလာခွင့်မပြုဟု တပ်ရင်းမှူးပြော

သတင်း

ကချင်ပြည်နယ်၊ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

Facebook