close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံက ရွှေဆိုင်ဓါးပြတိုက်ခံရချိန် ဝန်ထမ်းတွေပေါင်းဖမ်းလို့ ဓားပြတဦးဖမ်းမိ

ရန်ကုန်၊ မြောက်ဒဂုံက အကယ်ဒမီရွှေဆိုင်ဓါးပြတိုက်ခံရချိန် ဝန်ထမ်းတွေ စုပေါင်းဖမ်းဆီးလို့ ကျူးလွန်သူတွေထဲက တစ်ဦးကို ဖမ်းမိခဲ့ကြောင်း သတင်းရရှိပါတယ်။

ဓါးပြတိုက်ခံရတဲ့ ရွှေစင်အကယ်ဒမီ ရွှေဆိုင်ကို တွေ့ရစဥ်။

သြဂုတ်-၁၅၊၂၀၂၅။ဇေအောင်/People’s Spring

ရန်ကုန်၊ မြောက်ဒဂုံက အကယ်ဒမီရွှေဆိုင်ဓါးပြတိုက်ခံရချိန် ဝန်ထမ်းတွေ စုပေါင်းဖမ်းဆီးလို့ ကျူးလွန်သူတွေထဲက တစ်ဦးကို ဖမ်းမိခဲ့ကြောင်း သတင်းရရှိပါတယ်။

သြဂုတ် (၁၄)ရက်က ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်၊ ၃၄ ရပ်ကွက်၊ ဦးဝိစာရလမ်းမှာ ဖွင့်လှစ်ထားတဲ့ ရွှေစင်အကယ်ဒမီ ရွှေဆိုင်ကို လူတစ်စုက လက်နက်တွေနဲ့ လာရောက်လုယက်ခဲ့တာဖြစ်ကြောင်း အဆိုပါရွှေဆိုင်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဓားပြတွေကို ဝန်ထမ်းတွေက ခုခံကာကွယ်ခဲ့တာကြောင့် ကျူးလွန်သူများထဲက ၁ဦးကို လက်ရဖမ်းမိခဲ့တယ်လို့ ရွှေစင်အကယ်ဒမီ ရွှေဆိုင်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့​သော်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိခဲ့ကြပါ။”လို့ ရွှေစင်အကယ်ဒမီ ရွှေဆိုင်က ဆိုပါတယ်။

ဝန်ထမ်းတွေစုပေါင်းခုခံတာကြောင့် အခြားဓါးပြတွေလည်း ထွက်ပြေးသွားပြီး ပစ္စည်းဆုံးရှုံးမှုမရှိဘူးလို့ သိရပါတယ်။ ဓါးပြတိုက်အပြီးမှာတော့ စစ်ကောင်စီတပ်နဲ့ရဲတွေက ရွှေဆိုင်ကို လာရောက်စစ်ဆေးခဲ့ပါသေးတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုမရှိတော့တာကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဓားပြမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ရွှေဆိုင်ကို ဓားပြတိုက်သူများက ဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မြို့ခံများက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရွှေဆိုင်တစ်ဆိုင်မှ သိန်း ၂၆၀၀၀‌ ကျော်တန်ဖိုးရှိ ရတနာပစ္စည်းများနှင့် ငွေသား သိန်း ၇၀၀ခန့်အား ဓားပြတိုက်သွားသည့် လူကိုးဦးအား PDF တပ်ရင်းများနှင့် ပကဖများက ၃နာရီအတွင်းရအောင် ပိတ်ဆို့ဖမ်းဆီးပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးလိုက်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၆)တပ်ရင်းမှူးက People's Spring အားပြောသည်။

သတင်း

ဒီဇင်ဘာ ၁၀ရက်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီရုံး ဖောက်ခွဲတိုက်ခိုက်ခံရသေးသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ (၄၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း The Light of Union မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Facebook