close
Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲသင်တန်းတက်မည့် စစ်​ကောင်စီပညာရေးဝန်ထမ်း ၄ဦးဖမ်းဆီးပြီး ခံဝန်ထိုးပြန်လွှတ်ပေးခဲ့ဟု မွန်တပ် ပြော

မွန်ပြည်နယ်၊ သံဖြူဇရပ် – ရေး အမှတ် – (၈)အမြန်လမ်းပိုင်း၌ စစ်ဆေးမှုများပြုလုပ်စဉ် စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအတွက် သင်တန်းတက်မည့် Non -CDM ပညာရေးဝန်ထမ်း၄ဦးကို ဖမ်းမိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်သည်။

ဖမ်းမိသည့် Non CDMပညာရေးဝန်ထမ်း ၄ဦး။ ဓာတ်ပုံ − MSRF

ဩဂုတ် ၁၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ သံဖြူဇရပ် – ရေး အမှတ် – (၈)အမြန်လမ်းပိုင်း၌ စစ်ဆေးမှုများပြုလုပ်စဉ် စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအတွက် သင်တန်းတက်မည့် Non -CDM ပညာရေးဝန်ထမ်း၄ဦးကို ဖမ်းမိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနအောက်ရှိ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တပ်ဖွဲ့တို့မှ ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲ သင်တန်းတက်မည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို ဩဂုတ် ၁၄ရက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့် Non-CDM ပညာရေးဝန်ထမ်း ၄ဦးအား မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တပ်ဖွဲတာဝန်ရှိသူများမှ (၂၄)နာရီခန့် စစ်ဆေးရန် ထိန်းသိမ်းထားခဲဲပြီး ဩဂုတ် ၁၅ရက်တွင် ၎င်းတို့၏ မိသားစုဝင်များထံ ပြန်လည်အပ်နှံခဲ့ကြောင်း၊ စစ်ကောင်စီမှ ကျင်းပမည့်ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ပတ်သက်ခြင်း မပြုရန်ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့ပြီး ပြန်လည်လွှတ်ပေးလိုက်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ကျမတို့အနေနဲ့က ဒီရွေးကောက်ပွဲ နဲ့ပတ်သက်ပြီးတော့ ပါဝင်ပတ်သက်ပြီးတော့ ပါဝင်ပတ်သက်ခြင်းမပြုဖို့သတိပေးထားပြီးဖြစ်တယ်။ဒီသတိပေးချက်အပေါ် အခြေခံပြီးဆက်လက်ပြီး အရေးယူဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

မွန်ပြည်နယ် ရေးမြိုနယ်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ကြမည့် Non – CDMဝန်ထမ်းများ၏ စာရင်းများကိုတော်လှန်ရေးအဖွဲများမှ ရရှိထားပြီးဖြစ်ကြောင်းလည်း သတိပေးသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရန် သတိပေးချက်ကို MSRF၊ YPDFနှင့် PDFဒေါနတပ်ရင်း(၂)တို့က ဇူလိုင် ၂၀ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး သတိပေးထားသည်။

စစ်ကောင်စီသည် အာဏာကို ဆက်လက်ထိန်းသိမ်းရေးအတွက် ရွေးကောက်ပွဲပြင်ဆင်ရာတွင် အီလက်ထရောနစ် မဲပေးစက်ကိုင်သင်တန်းကို ရေးခရိုင်တွင် ပေးမည်ဟု သိရှိရကြောင်း၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် သွားလာလှုပ်ရှားမှုများကိုတော်လှန်ရေးအဖွဲ အစည်းများမှ သတင်းအချက်အလက်များ ရရှိနေပြီး ရွေးကောက်ပွဲ မလုပ်နိုင်စေရေးအတွက် တားဆီးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် အုပ်ချုပ်ရေးမှူးများ၊ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင် များနှင့် အတူတကွ သွားလာခြင်း၊ သင်တန်းတက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ မပြုလုပ်ရန် သတိပေးထားသည်။

တဖက်တွင်လည်း MSRFနှင့် တော်လှန်ရေး ပူးပေါင်းတပ်များသည် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို စစ်ရေးနည်းဖြင့် ဖိအားပေးသည့် စစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ရေဖြူမြိုနယ်အတွင်းဩဂုတ် ၁၃ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြားကာတိုက်ပွဲအပြီးလက်နက်ကြီးကြောင့် တော်လှန်ရေးရဲဘော်များလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

သတင်း

စစ်ကောင်စီ၏ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် သွားလာလှုပ်ရှား မှုများကို သတင်းအချက်အလက်များရရှိနေပြီး ရွေးကောက်ပွဲ မလုပ်နိုင်စေရေးတားဆီးသွားမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်၊ ဒေါနတပ်ရင်းတို့က ယနေ့(ဇူလိုင် ၂၀ရက်) တွင် ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက Non-CDM ဝန်ထမ်းတွေကို ရွေးကောက်ပွဲသင်တန်း တက်ခိုင်းနေပြီး သင်တန်းမတက်ချင်လို့ ဝန်ထမ်းတွေကြား သဘောထားကွဲလွဲတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲအတွက်ဆိုပြီး Non CDM ဝန်ထမ်းတွေမဲနှိုက်ပြီးသင်တန်းတက်ခိုင်း​နေကြောင်းသတင်းရရှိပါတယ်။

Facebook