close
Connect with us

Hi, what are you looking for?

သတင်း

ငဖဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီအလောင်း ၂၀ ခန့်နှင့် လက်နက်ခဲယမ်းသိမ်းရဟု AA ထုတ်ပြန်

မကွေးတိုင်းဒေသကြီး၊ ငဖဲမြိုနယ်၊ စွန်တက် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၀ ခန့်နှင့် စစ်အသုံးအဆောင်များ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ဩဂုတ် ၁၅ရက် ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

၂၀၂၄နှစ်ဆန်း ရခိုင်ဒေသတိုက်ပွဲများတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ဓာတ်ပုံ-Arakan Princess Media

ဩဂုတ်-၁၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

မကွေးတိုင်းဒေသကြီး၊ ငဖဲမြိုနယ်၊ စွန်တက် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၀ ခန့်နှင့် စစ်အသုံးအဆောင်များ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ဩဂုတ် ၁၅ရက် ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ဩဂုတ် ၁၄ရက် နေ့လည်တွင် တိုက်ပွဲဖြစ်ခဲ့ဟု ဆိုသည်။

စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာ စာမျက်နှာများတွင် အလူးအလဲ အထိနာနေသည့် စစ်ရှုံးဖက် ဆစ်စစ်ကောင်စီတပ်မှ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေသောသူများကို အာရက္ခတပ်တော်မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများ မှတ်တမ်းကိုလည်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် AA အနေဖြင့် တိုက်ပွဲများရပ်တန့်ခြင်းမရှိဘဲ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိကြောင်း အသိပေးသည်။

မျှော်မှန်းထားသော စစ်ရေးရည်မှန်းချက်များ အလုံးစုံ အထမြောက်စေရန်အတွက် ရန်သူနှင့်ရင်ဆိုင်ထားသောနေရာများ၌ ရပ်တန့်ခြင်း မရှိသေးသည့် တိုက်ပွဲများနှင့်အတူ အပြီးသတ်မြိုသိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများ၊ ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက် ရန်သူ့ထိုးစစ်များကို ခုခံဆင်နွှလျက်ရှိသော နေရာများ ဖြစ်ကြသည့် ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်း အစပ်များနှင့် အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားသောနေရာများ၌ တိုက်ပွဲများ ရပ်တန့်ခြင်းမရှိဟု ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်များနှင့်အတူ ဟန်ချက်ညီ တိုက်ပွဲများမှတစ်ဆင့် စစ်ရေးရည်မှန်းချက်များ အပြည့်အဝ အကောင်အထည်ဖော် တိုက်ပွဲများ နေ့တိုင်းဆက်လက်ရှိနေဟု ဆိုသည်။

AAသည် ၂၀၂၃ နှစ်ကုန် နိုဝင်ဘာ ၁၃ရက်ကစ၍ ရက္ခိုင်ဒေသ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့ရာ တနှစ်နှင့် ၉လခန့်အတွင်း ချင်းပြည်နယ် ပလက်၀၊ ရခိုင်ပြည်နယ် မြို့နယ် ၁၄ခုတို့ကို သိမ်းပိုက်ထားပြီး ဖြစ်ကာ ကျောက်ဖြူ၊ စစ်တွေ မြို့များ သိမ်းနိုင်ရေး ဆက်လက်ကြိုးပမ်းနေသည်။

AA အနေဖြင့် ရက္ခိုင်ပြည်နယ်တခုလုံးအပြီးသတ်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်လိုပါက အသက်အန္တရာယ် လုံခြုံရေးအတွက် အာမခံကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဖိတ်ခေါ် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နှင့်မကွေး၊ပဲခူး၊ဧရာဝတီတိုင်းနယ်စပ်ဒေသမှ ဗျူဟာမြောက်တိုက်ပွဲများဆက်ဖြစ်နေပြီးငဖဲမြို့နယ်အတွင် ဩဂုတ်လ ၁၄ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် တပ်မ(၉၉) လက်အောက်ခံတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

သတင်း

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့်ချင်းပြည်နယ်၊ပလက်၀ မြို့ နယ်ကိုရက္ခိုင်ပြည်၏ခရိုင်အဖြစ်ဖွဲ့စည်းထားကြောင်း AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ရက် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ချင်းအရပ်ဘက်အဖွဲ့အစည်းများက ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သတင်း

ရက္ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာ၌ ရိုဟင်ဂျာများကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်သည်ဟုသော စွပ်စွဲချက်များကို အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ငြင်းဆိုလိုက်ပြီး လူမှုကွန်ရက်၌ ပြန့်နှံ့နေသည့် ရုပ်အလောင်းများမှာ ဘူးသီးတောင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)မှ စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများသာ ဖြစ်သည်ဟု ရှင်းလင်းပြောကြားသည်။

သတင်း

ချင်းပြည်နယ် ပလက်၀မြို့နယ်ကို ရက္ခိုင် ပြည်နယ်၏ ၈ခုမြောက် ခရိုင်အဆင့်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းသည် ပလက်၀သည် အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသဖြစ်၍ လုပ်စရာရှိသည်ကို မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

Facebook