သြဂုတ်-၁၆၊၂၀၂၅။ရဲခေါင် /People’s Spring
စစ်ကောင်စီသည်ရွေးကောက်ပွဲအကြောင်းပြုပြီးနယ်မြေပြန်ရယူရန်အတွက်သပ်သျှိုခြင်း၊ညီညွတ်မှုဖြို ဖျက်ခြင်း၊မက်လုံးပေးခြင်းနှင့် လူထုကိုအမျိုးမျိုးမြူဆွယ်လိမ့်မည်ဟု ကရင်နီပြည်တပ်မတော် (KA)စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးပြောကြားသည်။
ဩဂုတ်၁၇ ရက်တွင်ကျရောက်မည့်(၇၇)နှစ်မြောက်ကရင်နီပြည်တပ်မတော်နေ့အတွက်ကရင်နီပြည်တပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ဦးစီးချုပ်၏ မိန့်ခွန်းတွင် အထက်ပါအတိုင်း သတိပေးထားသည်။
၂၀၂၁အာဏာသိမ်းမှုမှ ပေါက်ဖွားလာသည့်တော်လှန်ရေးအမည်ခံ တပ်ဖွဲ့အမည်အမျိုးမျိုးဖြင့် အတွေးအခေါ်အမျိုးမျိုး၊ခေါင်းဆောင်အမျိုးမျိုး နှင့် အကူအညီအမျိုးမျိုးသည် ယခု လေး၊ငါးနှစ် အတွင်း ဝင်ရောက်လာပြီဖြစ်ကာ အဖွဲ့အမျိုးမျိုးမှ ခေါင်းဆောင်းအသီးသီး၏ ရည်မှန်းချက်အမျိုး မျိုးဖြင့် မီဒီယာနှင့် ဆိုရှယ်ပလက်ဖောင်းတို့တွင် ပြောဆိုနေသည်ကို တွေ့လာရသည်ဟု ဆိုသည်။

Public Service Announcement
အထူးသတိပြုရမည်မှာ လူ့ဘဝသည် အတက်အကျရှိသကဲ့သို့တော်လှန်ရေးသည်လည်းအတက်အကျရှိကြောင်းစစ်တပ်ကိုနှစ် ၅၀ကျော်တော်လှန်လာခဲ့သည့် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။
“ဘာကိုမှ ပုံသေမတွက်ကြရန်လိုတယ်။ဒီငါးနှစ်အတွင်းမှာ ပြောင်းလဲလာနေသည်ဟု ထင်မြင်ယူဆတယ်။အဲသည်းလိုဖြစ်လာခဲ့ရင် အနာဂတ်အတွက် မကောင်းဘူးဆိုတာ သိဖို့လိုတယ်။ရန်သူကရန်သူအလုပ်လုပ်တယ်။မိမိတို့လည်း မိမိအလုပ် မိမိတို့လုပ်ရမှာပဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
အခြေမခိုင်သည့်တော်လှန်ရေးတပ်ဖွဲ့များပြိုကွဲသွားနိုင်ပြီး ဖောက်ပြန်သောစိတ်ဓာတ်များပေါ်
ပေါက်လာနိုင်၍ မိမိကိုယ်ကိုအထူးသတိပြုရန် လည်း စစ်ဦးစီးချုပ်က တိုက်တွန်းသည်။
“မှိိုလိုပေါက်ပြီး မှိိုလိုမပုတ်သွားဖို့ ထပ်မံပြောကြားလိုတယ်။ကောက်ရိုးမီးလောင်သလို မဖြစ်ဖို့ သတိပေးလိုတယ်”ဟုဗိုလ်မှူးချုပ်အောင်မြတ်ကပြောသည်။
လူထုတော်လှန်ရေးဆင်နွှဲချိန်တွင်လူထုနှင့်တတန်းတည်းရှိရမည်ဖြစ်ပြီး လူထုဆန့်ကျင်ရေးမလုပ်ရန်နှင့် လူထုကိုယုံကြည်ရမည်ဟု ဆိုသည်။
“မိမိကိုယ်ကိုလည်းယုံကြည်ပါ။ပြည်သူလူထုဆိုသည့်နေရာမှာအချောင်သမားများ၊နိုင်ငံရေးအချောင်သမားများ၊ကိုယ်ကျိုးရှာစီးပွားရေးအချောင်သမားများမပါဝင်ပါ။အဆိုပါအချောင်သမားတွေကို အထူးသတိထားရန်လိုပါတယ်။တော်လှန်ရေးဟူသည်လူထုကို မှန်မှန်ကန်ကန်ဦးဆောင်ရမယ်။လူ့အခွင့်အရေးများကို လေးစားကြရန်လိုပါတယ်”ဟု KA စစ်ဦးစီးချုပ်က တိုက်တွန်းသည်။
ကရင်နီပြည်တပ်မတော်(KA)သည် ၁၉၄၈ သြဂုတ် ၁၇ ရက်က ရဲဘော်ခုနစ်ဦးဖြင့် စတင်တည်
ထောင်ခဲ့ပြီး နယ်လေးနယ်ကို တပ်ရင်းလေးရင်းဖြင့်ဖွဲ့စည်းခဲ့သည်။
ကရင်နီတပ်မတော်သည် ၂၀၂၁တွင်လည်း အာဏာသိမ်းမှုကို လက်မခံကြောင်းနှင့် စစ်တပ်ကို ဆက်လက်၍ တော်လှန်ကာ ကရင်နီပြည်နယ်တွင်စစ်ရေးဦးဆောင်မှုများ ရှိနေသည်။
လက်ရှိကရင်နီပြည်နယ်၌ မယ်စဲ့၊ရှားတောမြို့နယ်များကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီး ၎င်းတို့ ထိန်းချုပ်ထားသည် မိုးဗြဲကို ၂၀၂၄ ခုနှစ်နှင့် မိုးဗြဲမြို့ကို ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့အပြင် ဒီးမော့ဆိုမြို့နယ်နှင့်ဖားဆောင်းမြို့နယ်တို့တွင်လည်း နှစ်ဖက်ထိုးစစ်၊ခံစစ်ဖြင့် တိုက်ပွဲများ ပြင်းထန်နေသည်။
