ဩဂုတ်၁၈၊၂၀၂၅။မေ/People’s Spring
မန္တလေးမြို့မှာ ၊စစ်တပ်လက်အောက်ခံပျူစောထီးခေါင်းဆောင်ဘုန်းကြီးပေါက်ကိုယ်တော်နဲ့ တပည့်တွေ ကြီးစိုးတဲ့ပြည်ကြီးတံခွန်မြို့နယ်ထဲမှာပြည်သူတွေကို ဖုန်းတွေထဲ VPNသုံး၊မသုံးစစ်ဆေးပြီးဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်မှာသြဂုတ်လအတွင်း VPN သုံးတာကိုအကြောင်းပြပြီး ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးတာ ၊ငွေညှစ်တာ ဆက်တိုက်ခံနေကြရတာပါ ။ အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ယက်မီဒီယာတွေထဲမှာ ဖေစ်ဘွခ်အပါအဝင် ၊ဝက်ဆိုက်အများအပြားအသုံးပြုခွင့်ပိတ်ပင်ထားသလို VPN အသုံးပြုခွင့်ကိုပါ တားမြစ်ပိတ်ပင်ထားတာပါ။
ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မှာတော့ ပိတ်ပင်တားမြစ်ထားတာဘာမှမရှိပဲ လွတ်လွတ်လပ်လပ်သုံးနိုင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ပိတ်ပင်မှုတွေကိုအခွင့်အရေးယူပြီး စစ်ကောင်စီလက်အောက်ခံလက်နက်ကိုင်အဖွဲ့တွေနဲ့ ပျူစောထီးတွေက ဖမ်းဆီးတာ ငွေညှစ်တာလုပ်လာကြတာဖြစ်ပါတယ်။

Public Service Announcement
“မြို့ထဲမှာတော့ သိပ်မ တွေ့ရဘူး။ဒါပေမယ့် စက်မှုဘက် မှာ တော့ တကယ်ဖမ်းတယ်။အရင် ရက်က ကျွန် တော့် အိမ်ရှေ့မှာတင်ကို ဖမ်းနေတယ်”လို့ ပြည်ကြီးတံခွန်မြို့နယ်က ဒေသခံတဦး ကပြောပါတယ်။
မန္တလေးမြို့ကက အခြားလူငယ်တဦးကလည်း ပြည်သူ့စစ်ယူနီ ဖောင်းဝတ်လူငယ်တစုရဲ့ ဖမ်းဆီးတာခံခဲ့ရပြီးတစ်ညအိပ်ခဲ့ရသလို ကျပ်၁၅ သိန်းနဲ့ နေအိမ်ကို ပြန် ရွေးခိုင်းခဲ့ရတယ်လို့ဆိုပါတယ်။
“ဖုန်းစစ်စရာရှိလို့ဆိုပြီး ကျွန် တော့်ကိုဖမ်းတာ။နောက်ပြီးတော့ပိုက်ဆံတောင်းတယ်။VPNပါလို့ဖမ်းတာဆိုပြီး ၁၅သိန်း တောင်းတာ။မြို့နယ်လျှပ်စစ်ရုံးထဲကို ဖမ်းခေါ်သွားတယ်။အိမ်ကိုပိုက်ဆံတောင်းဖို့ပဲ ဖုန်းပေးဆက်တာ”လို့အဲဒီလူငယ်ကပြန်ပြောပြပါတယ်။
မန္တလေးမြို့မှာစစ်တပ်ကမြို့စွန်ရပ်ကွက်တွေမှာ VPNဖမ်းဆီးစစ် ဆေးတာ တွေပြုလုပ် နေပြီး ယခုလအတွင်း အစစ်အဆေးပိုမိုပြုလုပ်လာတယ်လို့ဒေသခံတွေကပြောပါတယ်။
