close
Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ကို စစ်တပ် လေကြောင်းထပ်တိုက်၊ သံဃာ ၁ပါးနဲ့ ပြည်သူ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း၊ နပဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ သံဃာ ၁ပါးနဲ့ ပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ ဓမ္မာရုံ။ ဓာတ်ပုံ - Wetlet Informational Network

ဩဂုတ်-၁၈၊၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း၊ နပဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ သံဃာ ၁ပါးနဲ့ ပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၁၀နာရီ ဝန်းကျင်မှာ တံတားဦး လေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ဘုန်းကြီး ကျောင်းဝန်းအတွင်းကို ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ ဓမ္မာရုံ။ ဓာတ်ပုံ – Wetlet Informational Network

ဗုံးကြဲခံရမှုမှာ အသက် ၇၀အရွယ် ကိုရင်ကြီးတစ်ပါး၊ အသက်၇၀ ဝန်းကျင်အရွယ် အဘွားအိုတစ်ဦးနဲ့ အသက် ၁၁နှစ်အရွယ် ယောကျာ်းလေးတစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမရှိပါဘူး။ ဘုန်းကြီးကျောင်းကို လာကြဲသွားတာ။ အသေဆုံးတော့မရှိဘူး။ သုံးဦးထိခိုက်ပြီး ဓမ္မာရုံတစ်ခု‌တော့ပျက်ဆီးသွားတယ်”လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဝက်လက်မြို့နယ်ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေပြီး ဩဂုတ် ၁၅ရက်ကလည်း ဝက်လက်မြို့နယ်အရှေ့တောင်ဘက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်သွားပါသေးတယ်။

ဩဂုတ် ၁၁ရက်ကနေ ၁၃ ရက်အထိလည်း စစ်ကောင်စီတပ်က ဝက်လက်မြို့နယ်အရှေ့ခြမ်းကို သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူ ၇ဦးထပ်မနည်း သေဆုံးကာ ပြည်သူ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်၊မော်ချီးဒေသ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ အရပ်သား ၂၂ ဦးအထိရှိလာကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)တွဲဖက်အတွင်း ရေးမှူးဦးဗညားက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့ ဩဂုတ် ၁၇ရက်နံနက်တွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တဦး အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုဒီနေ့၊ နေ့လည် ၁နာရီ လောက်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကောင်စီတပ် လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး စစ်ဘေး ရှောင်ပြည်သူတချို့ ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံ တချို့က​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ခရိုင်ချင်းဆက် အမှတ်(၃)လမ်း​ပေါ်ကအရပ်သား​တွေရဲ့ကား​တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ​ကြောင့်ပြည်သူ၆ဦး သေဆုံးပြီး သံဃာ တွေအပါအဝင်ပြည်သူ ၁၀ဦးခန့် ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

Facebook