close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပြီး ယာဥ်မောင်းတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး ကျည်ထိမှန်လို့ ယာဥ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

မုံရွာ - မန္တလေးလမ်းပေါ် လမ်းပိုင်းယာယီပိတ် ထားစဥ် စောင့်ဆိုင်းနေသော မော်တော်ယာဥ်များ၊ဓာတ်ပုံ- CJ။ ပုံအဟောင်းဖြစ်ပါသည်

သြဂုတ်−၂၂၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး ကျည်ထိမှန်လို့ ယာဥ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့သြဂုတ် ၂၂ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်ကြားမှာ တိုက်ပွဲဖြစ်ပွားကာ ခရီးသည်တင် ကားကြီးတစ်စီး၊ ကားလေးတစ်စီးနဲ့ အန်ဇာတုံးကားတစ်စီးတို့ ထိခိုက်မှုရှိခဲ့ကြောင်း၊ အန်ဇာတုံးကားပေါ်ပါ ယာဉ်မောင်းတဦး သေဆုံးခဲ့ပြီး စပယ်ယာမှာ မြင်းမူဆေးရုံမှာ တင်ထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ရေပိုးစား၊ နတ်ရေကန် နားမှာ ဖြစ်နေတာ။ ခရီးသည်တင်ကား ၂စီး ထိထားတယ်။ များတယ် ပြောတယ်။ လမ်းတွေပါအကုန်ပိတ်တာ”လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားတွေ ခရီးသည်တင်ကားပေါ် ​ချောဆွဲပြီး တက်လိုက်လာလို့ ကားတွေမိုင်းထိတာလို့ ပြောဆိုနေကြပြီး အတိအကျတော့ မသိရသေးပါဘူး။

ထိခိုက်မှုဖြစ်ခဲ့တဲ့ပျက်စီးမှုများရှင်းလင်းပြီးနေ့လယ်ပိုင်းမှာတော့လမ်းကြော ပြန်လည်အသုံးပြုခွင့်ရပြီလို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီတပ်ဟာ ခရီးသွားယာဥ်တွေကို အဓမ္မချောဆွဲပြီး လိုက်ပါလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၄ ရက်ကလည်း မုံရွာ-မန္တလေးလမ်း၊ ချောင်းဦးနဲ့မုံရွာကြားမှာ တိုက်ပွဲဖြစ်ပွားရာ ခရီးသွားတွေဖြစ်တဲ့ (၁)နှစ်ခွဲအရွယ် မိန်းကလေးအပါအဝင် ခရီးသည် ၃ဦး သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

■စစ်သား​တွေက ခရီးသည်တင်ယာဥ်​​မောင်းကို​သေနတ်​ထောက် တိုက်ပွဲဖြစ်ရာ​နေရာကို လိုက်ပို့ခိုင်းရာမှ ခရီးသည်​တွေတိုက်ပွဲကြားပိတ်မိခဲ့တာလို့ချောင်းဦးပကဖ​ပြော မင်းညို/People’s Spring ၏စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲကြားပိတ်မိတဲ့ ခရီးသည်​တွေအနက် ၃ နှစ်အရွယ်ကလေးတဦးနဲ့မိခင်အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်၊...