သြဂုတ်-၂၄၊၂၀၂၅။နှင်းဆီ/People’s Spring
ဒါရိုက်တာကိုပေါက်ရိုက်ကူးပြီးမင်းမော်ကွန်းနဲ့မြေပြင်က ရဲဘော်တွေသရုပ်ဆောင်ထားတဲ့ ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားကိုဒီကနေ့ (သြဂုတ်၂၄)မှာဂျပန်နိုင်ငံ၊ တိုကျိုမြို့က Edogawa Cultural Center မှာ ပြသခဲ့ပါတယ်။
ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားဟာတကယ့်မြေပြင်ကရဲဘော်တွေရဲ့ ဖြစ်ရပ်မှန်တွေ ၊ ရဲဘော်တွေရဲ့လက်တွေ့ဘဝအရှိအတိုင်းသရုပ်ဖော်ထားတာလို့ သိရပါတယ်။
“ပြုံးပြုံးလေးရုပ်ရှင်ပြသရာမှာအထူးအထွေ ကြီးမားတဲ့အခက်အခဲမရှိခဲ့ပါဘူး။ တော်လှန်ရေးစကတည်းက ပွဲတွေကျင်းပရာမှာ အတူတကွလုပ်ခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့အတူလုပ်တာမို့ပါ။”

Public Service Announcement
လို့ ပွဲကျင်းပတဲ့ ဂျပန်က ရဲဘော်အဖွဲ့သားတစ်ဦးဖြစ်တဲ့ ကိုဘန်နီက ပြောပါတယ်။
အဆိုပါရုပ်ရှင်ဇာတ်ကားကို တိုကျိုရောက်မြန်မာတွေတင်သာမက ဂျပန်လူမျိုးတွေပါလာရောက်အားပေးကြတာ တွေ့ရပါတယ်။
ပြုံးပြုံးလေး လာအားပေးတဲ့ ဂျပန်လူမျိုး တဦးက ” မကြည့်ခင်က ဟာသကားများလား လို့မှတ်တာ အင်တာနက်ပေါ်ကနေ မိတ်ဆွေဖြစ်နေတဲ့ KNDF ထဲကသူတွေလည်း ပိတ်ကားပေါ်မြင်ရတော့ စိတ်ရောကိုယ်ပါအားတက်သရော ခံစားကြည့်လို့ရသွားပြီး ခဏလေးနဲ့ ရုပ်ရှင်ပြီးသွားသလိုခံစားရပါတယ်။ ”လို့ ပြောပါတယ်။
ဇာတ်ကားပြသမှုပြီးသွားတဲ့အချိန် ဒါရိုက်တာကိုပေါက်၊ ပြုံးပြုံးလေး အဖွဲ့တော်သားများနဲ့ တိုကျိုရောက်မြန်မာရဲဘော်တွေ Zoomကနေ စကားပြောခဲ့ကြပြီး တော်လှန်ရေးအတွင်း ကျဆုံးသွားသူတွေအတွက်မတ်တပ်ရပ်ဆုတောင်းပေးခဲ့ကြပါတယ်။
ရုပ်ရှင်အပြီးမှာCDMကျောင်းဆရာရဲဘော်အောင်သန်းလှိုင် ရဲ့ ကရင်နီအမျိုးသမီးပန်းချီကားတချပ် ကိုလေလံဆွဲရာ ကျပ်သိန်း ၂၀၀ ခန့်နဲ့ညီမျှတဲ့ ယန်း ၆၆၀,၀၀၀ ရရှိခဲ့ပြီး အဆိုပါငွေအားလုံးဟာ မြေပြင်ကိုစီးဆင်းမှာဖြစ်တယ်လို့ သိရပါတယ်။
အခက်အခဲတွေရှိပေမဲ့ တော်လှန်ရေးညီအစ်ကိုမောင်နှမများ စည်းလုံးစွာနဲ့ လက်တွဲမဖြုတ် ပြုံးပြုံးလေး ရှေ့ဆက်ကြမယ်လို့ ပွဲစီစဥ်သူတွေက ပြောပါတယ်။မင်းမော်ကွန်းShow ပွဲတိုကျိုမှာကျင်းပစဥ်က ရရှိတဲ့ အမြတ်ထဲက တချို့ကို ပြုံးပြုံးလေးရိုက်ဖို့ ကူညီပေးခဲ့တယ်လို့လည်းသိရပါတယ်။
