close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်ကုမ္ပဏီနဲ့ပေါင်းပြီး စစ်ကောင်စီကူညီပေးနေတဲ့ မြန်မာတယ်လီကွန်းကုမ္ပဏီများကို JFM ဖော်ထုတ်

စစ်ကောင်စီ၏ ဒစ်ဂျစ်တယ် အကြမ်းဖက်စစ်ဆင်ရေးအတွက် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်း ကုမ္ပဏီများပူးပေါင်း၍ကူညီပေးနေကြောင်း Justice For Myanmar က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ထုတ်လိုက်သည်။

စက်တင်ဘာ-၉၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီ၏ ဒစ်ဂျစ်တယ် အကြမ်းဖက်စစ်ဆင်ရေးအတွက် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်း ကုမ္ပဏီများပူးပေါင်း၍ကူညီပေးနေကြောင်း Justice For Myanmar က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ထုတ်လိုက်သည်။

“ယနေ့ထုတ်ပြန်လိုက်သည့် အစီရင်ခံစာသည် “တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်” ပုံစံအား မြန်မာနိုင်ငံသို့ ရောင်းချ တပ်ဆင် အကောင်အထည်ဖော်ဆောင်ရာတွင်တရုတ်အစိုးရနှင့် ဆက်နွှယ် သည့် တရုတ်ကုမ္ပဏီ Geedge Networks နှင့် တရားမဝင်မြန်မာစစ်အုပ်စုတို့အကြား အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ထုတ်ထားသည်။ ယင်းစနစ်သည် အရပ်သားပြည်သူများအား ခြေရာခံ၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ရန် စစ်အုပ်စုအတွက် မရှိစဖူးသော လုပ်နိုင်စွမ်းများကို ပေးအပ်လျက်ရှိသည်။” ဟု JFM ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီ၏ ဒစ်ဂျစ်တယ် အကြမ်းဖက် စစ်ဆင်ရေးအတွက် တရုတ်အစိုးရနှင့်ချိတ်ဆက်ထားသည့်Geedge Networks ကုမ္ပဏီ နှင့်ပူးပေါင်းလုပ်ဆောင်နေသည့် မြန်မာတယ်လီကွန်းကုမ္ပဏီ ၁၃ ခုရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယင်းကုမ္ပဏီများမှာ ATOM ၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်သည်ဟု JFM က ဆိုသည်။

“Geedge Networks က ရောင်းချ တပ်ဆင်ပေးထားပြီး၊ မြန်မာနိုင်ငံတွင်း အင်တာနက်ဝန်ဆောင်မှုပေးနေသူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာက မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကို ဝေဖန်သူ၊ အမှန်တရားအတွက် ထွက်ဆိုသူမှန်သမျှအတွက် ဖြစ်ဖြစ်၊ လွတ်လပ်တဲ့သတင်းရင်းမြစ်တွေကို လက်လှမ်းမီကြည့်ရှုနိုင်ဖို့အတွက်ဖြစ်ဖြစ် ဆိုးရွားတဲ့ အန္တရာယ်တွေ ပေးနေတာပါ။” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ထို့အပြင် တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်ပုံစံအား Geedge က ရောင်းချတပ်ဆင်ပေးမှုသည် စစ်အုပ်စုအတွက် မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲသူ ၃၃.၄ သန်း၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ရရှိနိုင်စေသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

“ဥပမာအားဖြင့် Geedge ၏ စနစ်များသည် အင်တာနက်ကွန်ရက်သုံးစွဲမှုများကို လူတစ်ဦးချင်းအဆင့် ခြေရာခံနိုင်စေပြီး၊ သက်ဆိုင်ရာတာဝါတိုင်များ (Cell IDs) အလိုက် ချိတ်ဆက်အသုံးပြုမှုများကို အခြေခံ၍ မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်စေမည် ဖြစ်သည်။”ဟု JFM ကဆိုသည်။

ထို့ကြောင့် Geedge Networks ကုမ္ပဏီအနေဖြင့် စစ်ကောင်စီထံသို့ Hardware နှင့် Software ရောင်းချပေးခြင်းသည် အရပ်သားပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်နေသည့် စစ်အုပ်စု၏ လူသားမျိုးနွယ်‌အပေါ်ကျူးလွန်သော ရာဇဝတ်မှူများတွင် အားပေးကူညီနေခြင်းဖြစ်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

““တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”ကို တရားမဝင်စစ်အုပ်စုရဲ့ တင်သွင်းသုံးစွဲနေမှုဟာ မြန်မာနိုင်ငံတွင်း နိုင်ငံတကာရာဇဝတ်မှုတွေမှာ တရုတ်နိုင်ငံရဲ့ အားပေးကူညီနေမှု တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ဒါကို အခု အဆုံးသတ်ရမှာဖြစ်ပြီး၊ တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်” ဟု မရတနာမောင်ကပြောသည်။

အဆိုပါအစီရင်ခံစာသည် လှို့ဝှက်ပေါက်ကြားလာသည့် အချက်အလက်များအပေါ် အခြေခံရေးသားထားခြင်းဖြစ်ပြီး ယင်းအချက်အလက်များသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ Geedge ၏ စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်ပေးနိုင်ခဲ့သည်ဟု JFMက ဆိုသည်။

ယင်းအချက်အလက်များကို မီဒီယာ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်း/အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ညွန့်ပေါင်းလုပ်အားတစ်ရပ်ဖြင့် ဆန်းစစ်သုံးသပ်ထားပြီး ယင်းညွန့်ပေါင်းလုပ်အားအဖွဲ့ကို အင်တာနက်ပိတ်ပင်ရေးမဟာရံ နည်းပညာတင်ပို့ရောင်းချမှု အားလေ့လာရေးစီမံကိန်းအတွက် Amnesty International၊ Inter SecLab၊ the Globe and Mail၊ Paper Trail Media၊ Tor Project၊ DER STANDARD နှင့် Follow The Money အဖွဲ့တို့ ပါဝင်ဖွဲ့စည်းခဲ့သည် ဟု ဖော်ပြထားသည်။

Geedge Networks ကုမ္ပဏီနှင့် ၎င်း၏ ခေါင်းဆောင်မှုတာဝန်ရှိသူ များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီမှုအတွက် Geedge ၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှုတွင် ပါဝင်သူလူပုဂ္ဂိုလ်များအား နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် Justice For Myanmarက တောင်းဆိုထားသည်ဟု ဆိုသည်။

ယင်းဖော်ထုတ်ချက်များသည် တရုတ်အစိုးရက မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ဆက်လက် ရောင်းချခြင်း၊ မှားယွင်းသည့်နိုင်ငံရေးတရားဝင်မှုများ ပေးအပ်ခြင်း၊ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် ပံ့ပိုးကူညီခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများတွင် အားပေးကူညီမှုများကို တိုးမြှင့်လုပ်ဆောင်လာသည့် အချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု JFM ကဆိုသည်။

တရုတ်အစိုးရအနေဖြင့် Geedge Networks က ရောင်းချသည့် ဆော့ဝဲလ်၊ ဟာ့ဝဲလ်နှင့် နည်းပညာအကူအညီများ အပါအဝင် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် ဆက်စပ်လေ့ကျင့်သင်တန်းနှင့် အကူအညီများ လွှဲပြောင်းပေးအပ်မှုကို ချက်ချင်း ရပ်တန့်ရန်၊ စစ်အုပ်စုကျင်းပရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲအတွက် အကူအညီများ အပါအဝင် စစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့အစည်းအားလုံးအတွက် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာပံ့ပိုးမှုများအား ချက်ချင်းရပ်တန့်ရန်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို မြန်မာနိုင်ငံ၏ အမြင့်ဆုံး အတိုင်ပင်ခံအဖွဲ့အစည်းအဖြစ် လည်းကောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင် အစိုးရအဖြစ်လည်းကောင်း၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဖက်ဒရယ်ယူနစ်များကို ပေါ်ထွန်းလာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် အရေးပါသည့် သက်ဆိုင်သူများအဖြစ် အသိအမှတ်ပြု၊ ပံ့ပိုးကူညီရန် Justice For Myanamr က တောင်းဆို ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သတိုး၊​နေ့သစ်/People’s Spring ပြီးခဲ့တဲ့ ၄နှစ်​ကျော်လုံး လက်နက်ကိုင်​တွေခြံရံပြီး မန္တ​လေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်​ပေးမယ့် ပျူ​စောထီး​တွေ​မွေးထုတ်ပြီး ၊​တော်လှန်​ရေးအင်အားစု​တွေ နဲ့ ပြည်သူ​တွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့တဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သွား ရောက်ခဲ့ပါတယ်။ ဘန်ကောက်ရောက်ခရီးသွားတွေ အမှတ်တရဓာတ်ပုံရိုက်ကူးကြတဲ့ ဝပ်အာရွှန်(Wat Arun)ဘုရား ရောက်နေတယ်ဆိုပြီး ပေါက်ကိုယ်တော်က စက်တင်ဘာ...

သတင်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများ အင်အားသုံးပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

သတင်း

မြန်မာနိုင်ငံ၏ အခြေအနေမှန်များ၊ မြန်မာပြည်သူလူထု၏ဆန္ဒများကို မျက်ကွယ်ပြုပြီး စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် ရှုမြင်အားပေးနေကြသည့် နိုင်ငံအချို့အနေနဲ့ဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် ယုံကြည်ကိုးစားမှု မပြုမိကြရန် သတိပေး တိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။

သတင်း

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်ရှိလမြန်ကျေးရွာအပါအဝင်ဘေးပတ် ဝန်းကျင်ကျေးရွာများကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ၂ရက်) နံနက်ပိုင်းမှစတင်ကာလေကြောင်းမှမကြာခဏဗုံးကြဲနေ၍ဒေသခံပြည်သူ များ ၏ဘေးအန္တရာယ်စိုးရိမ်စရာဖြစ်နေကြောင်းကချင်အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

Facebook