close
Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ကကျေးရွာပအဖတာဝန်ခံ လုပ်ကြံခံရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ကျီးကန်(မြောက်ရွာ)ပအဖတာဝန်ခံဦးမင်းသန့် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စက်တင်ဘာ၁၂၊၂၀၂၅။မေ/ People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ကျီးကန်(မြောက်ရွာ)ပအဖတာဝန်ခံဦးမင်းသန့် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အလုပ်ကိစ္စတခု ကြောင့် နေအိမ်ကနေကျေးရွာတခုကိုသွားချိန် လှတောရွာ နဲ့ ကျီးကန်မြောက်ရွာကြားမှာ ပစ်ခတ်ခံရပြီး ဆေးရုံပို့တဲ့အချိန်မှာ သေ

ဆုံးခဲ့တာလို့ သိရပါတယ်။ဘယ်သူက လုပ်ကြံတယ် ဘာ​ကြောင့်လုပ်ကြံတယ်ဆိုတာကို​တော့မသိရ​သေးပါဘူး ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မေလ ၂၃ ရက် နေ့ကလည်းဝက်လက်မြို့

နယ်မှာ မြို့နယ်ပအဖ ရုံးအဖွဲ့မှူး ဦးမျိုးအောင်ကို လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါ သေးတယ်။

ဝက်လက်မြို့နယ်မှာ ၂၀၂၅ ခုနှစ်အတွင်းမှာ Local PDF အဖွဲ့က ကျောက်စိမ်းသယ်လာတဲ့ကားကိုဓားပြတိုက်မှု၊ အဲဒီအဖွဲ့ကပဲ ရွာသာကြီးရွာက စစ်ဘေးရှောင် မိန်းကလေးငယ် တစ်ဦးကို သက်ငယ်မူဒိန်းကျူးလွန်မှု နဲ့ လှတောရွာဓားပြတိုက်မှုမှာ ပကဖ အချို့ ပါဝင်​နေတာ၊ ဂိတ်​ချပြီးဖြတ်သန်းသွားလာတဲ့ကား​တွေကို ​ငွေ​တောင်းတဲ့အတွက် ​ဝေဖန်မှု​တွေရှိ​နေပါတယ်။ Local PDF အဖွဲ့က​တော့ NUG လက်​​အောက်မှာ မရှိတဲ့အဖွဲ့လို့​ဒေသခံအချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၁၂)မှာ စစ်အာဏာရှင်စနစ်နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန်ကြဖို့ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၁၀)မှာ "သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့" ကြွေးကြော်ကာ စစ်ကောင်စီရဲ့ ရွေးကောက် ပွဲကို ဆန့်ကျင်ကြောင်း အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ကဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)တစ်ခုဖြစ်တဲ့ဗိုလ်လင်းမြွေကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးက စစ်ဘေးရှောင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာ ကြောင့် ဒေသခံ တွေက ကျူးလွန်သူကို သေဒဏ် ပေးဖို့အတွက် တောင်းဆို ဆန္ဒပြနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၉)မှာ "တရားမဝင် အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်" ဟု ကြွေးကြော်ကာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။