close
Connect with us

Hi, what are you looking for?

သတင်း

ဒီး​​မော့ဆိုတွင် စစ်ကောင်စီတပ်သားတဦး သေနတ်နှစ်လက်ယူလာပြီး အလင်းဝင်လာ

ကရင်နီပြည်နယ်၊ဒီး​​မော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်မှ တပ်သားတဦး လက်နက်နှစ်လက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့(စက်တင်ဘာ၁၂ရက်) ထုတ်ပြန်သည်။

ဓာတ်ပုံ − အလင်းဝင်လာသော ခမရ(၄၂၈)တပ်ရင်းမှ တပ်သား စန်းဝင်းနိုင်

စက်တင်ဘာ−၁၂၊၂၀၂၅။ရဲခေါင် /People’s Spring

ကရင်နီပြည်နယ်၊ဒီး​​မော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်မှ တပ်သားတဦး လက်နက်နှစ်လက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့(စက်တင်ဘာ၁၂ရက်) ထုတ်ပြန်သည်။

ခမရ(၄၂၈)တပ်ရင်းမှ တပ်သား စန်းဝင်းနိုင်သည် သြဂုတ် ၂ရက်က MA 1 တလက် နှင့် MA 3 တလက်ယူ ပြီး ထွက်ပြေးလာခြင်းဟု ဆိုသည်။

“နာမည်က စန်းဝင်းနိုင်ပါ။ပေါ်တာစဆွဲခံရတာက ချောက်မြို့ကနေ ရန်ကုန်သွားတော့ ချောက်ဂိတ်မှာပေါ်တာစဆွဲခံရတာ။ချောက်မြို့က ၁၃ တပ်ရင်းထဲမှာထားတယ်။သုံးရက်လောက်။ထားပြီဆိုကျွန်တော်တို့ကို အဲဒီကနေ ရှမ်းပြည်နယ်ကျိုင်းတောင်းမြို့ကိုပို့ပါတယ်။ပို့ပြီ ဆို ရှမ်းပြည်နယ် ကျိုင်းတောင်းမြို့မှာသုံးလ လောက်သင်တန်းတက်ရပါတယ်”ဟု အလင်းဝင်လာသူ တပ်သားစန်းဝင်းနိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက ဆက်လက်၍ “သင်တန်းတက်ပြီးတော့ လွိုင်ကော်ကို ပို့ပါတယ်။လွိုင်ကော်ကနေ ဒီးမော့ဆိုကို ဆက်ပို့ပါတယ်။ဒီးမော့ဆို ကိုရောက်တော့ ကျွန်တော်တို့ အခွင့်အရေးရလာ တာနဲ့တပြိုင်တည်း ဒီဘက်တော်လှန်ရေး တပ်ဖွဲ့တွေဆီကို ဝင်ရောက်ပူးပေါင်းပါတယ်”ဟု ပြောသည်။

ထို့အပြင် တပ်တွင်း နေထိုင်ရမှုနှင့် အထက်အောက်ဖိနှိပ်မှုများသည် ဆိုးရွားပြီး အာဏာသိမ်းစဥ်ကတည်းက စစ်တပ်ကို လက်မခံကြောင်း တပ်သားစန်းဝင်းနိုင်က အသိပေးသည်။

အကြမ်းဖက်စစ်တပ်၏ လူတစ်စုကောင်းစားရေးအတွက် ပြည်သူအားဆန့်ကျင်ပြီး စစ်ကောင်စီ လက်အောက်တွင် မတရားတာဝန်ထမ်းဆောင် နေရသောတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်များထံ ဘက်ပြောင်းကာ ပြည်သူနှင့်အတူ အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ရန် KNDF တိုက်တွန်းသည်။ထို့အတူ ဘက်ပြောင်းခိုလှုံသူများကို မိသားစုသဖွယ် နွေးထွေးစွာကြိုဆိုမည်ဟု ကတိပြုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNDFအပါအဝင် ကရင်နီပြည်တော်လှန်ရေးအင်အားစုများထံ အလင်းဝင်ခိုလှုံသည့် စစ်ကောင်စီတပ်သား နှင့်ရဲ ၅၀၀ ထက်မနည်းရှိသည်။

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်တတိယပတ်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ရကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(CTER-Karenni)က ယနေ့ (စက်တင်ဘာ၁၂ရက်) အသိပေးသည်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းပိုင်း တိုက်ပွဲအတွင်း ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီတိုင်းစစ်ဌာန၊ အမှတ် (၁၁၀၇)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

သတင်း

ရွေးကောက်ပွဲအတွက် မြို့နယ်များပြန်ရရေး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် ကရင်နီပြည်နယ်အတွင်း ရွှေ့ပြောင်းစစ်ဘေးရှောင်နေရသူ နှစ်သိန်းဝန်းကျင်ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့(စက်တင်ဘာ၈ရက်) ထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနေဖရူဆိုမြို့နယ်ဘက်ကိုဖောက်ထွက်နိုင်ဖို့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဆက်တိုးနေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။