close
Connect with us

Hi, what are you looking for?

သတင်း

KNPP ဥက္ကဋ္ဌနဲ့ NUGယာယီသမ္မတ ​တော်လှန်​ရေးစိန်​ခေါ်မှု​တွေ​ကျော်လွှားနိုင်ဖို့ နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်​ဆောက်​ရေး​ဆွေး​နွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဥက္ကဋ္ဌ ခူဦးရယ်တို့ ​တော်လှန်​ရေးဆိုင်ရာစိန်​​ခေါ်မှု​တွေ​ကျော်လွှားနိုင်ဖို့နဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည် တည်ဆောက်​ရေးအတွက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ယ​နေ့ညမှာ NUG ကထုတ်ပြန်ပါတယ်။

NUGယာယီသမ္မတ ဒူဝါလရှီးလ နဲ့ KNPPဥက္ကဋ္ဌ ခူဦးရယ် ။ ဓါတ်ပုံ-NUG

စက်တင်ဘာ-၂၉၊၂၀၂၅။People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဥက္ကဋ္ဌ ခူဦးရယ်တို့ ​တော်လှန်​ရေးဆိုင်ရာစိန်​​ခေါ်မှု​တွေ​ကျော်လွှားနိုင်ဖို့နဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည် တည်ဆောက်​ရေးအတွက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ယ​နေ့ညမှာ NUG ကထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၅ ရက်​နေ့ကလည်းNUG ယာယီသမ္မတ ဒူဝါလရှီးလဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့​ကြောင်း သတင်းထုတ်ပြန်ပြီး ၄ ရက်အကြာမှာ KNPP ဥက္ကဋ္ဌနဲ့​ပါ တွေ့ဆုံ​ဆွေး​နွေးခဲ့​တယ်လို့ထုတ်ပြန်လာတာပါ ။

NUG နဲ့ KNPP ခေါင်းဆောင်နှစ်ဦးဟာ လက်ရှိ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ တော်လှန်ရေးအခြေအနေ​တွေ၊ လက်ရှိကြုံတွေ့နေရတဲ့တော်လှန်ရေးဆိုင်ရာ စိန်ခေါ်မှု​တွေ အတူ ရင်ဆိုင် ကျော်လွှားနိုင်ဖို့ ၊အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းစဉ်​တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ​ဖော်ပြထားပါတယ် ။

Public Service Announcement

Public Service Announcement

ဒါအပြင် တိုင်းပြည်အနှံ့စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှု​တွေကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ မိသားစု​တွေ၊ ထိခိုက်ဒဏ်ရာရသူ​တွေ ၊အသက်အိုးအိမ်စည်းစိမ်​တွေ စွန့်လွှတ် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ​တွေအတွက် လူသားစာနာကူညီရေး ဆိုင်ရာ​တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့အသိ​ပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းကတည်းက KNPP/KA ဟာပြည်သူနဲ့အတူရပ်တည်ပြီး စစ်တပ်ကို​တော်လှန်​နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ KNDF တည်​ထောင်ရာမှာလည်း KA ကစစ်ဘက်ထိပ်တန်းတာဝန်ရှိသူ​တွေကဦး​ဆောင်မှု​ပေးခဲ့ပါတယ်။ KA ဟာ KNDF အပါအဝင် ကရင်နီတပ်​ပေါင်းစုနဲ့အတူ စစ်တပ်ကို ဆက်တုက်ခုခံတိုက်ခိုက်​နေတာဖြစ်ပါတယ် ။

KNU နဲ့NUG ​ခေါင်း​ဆောင်​တွေ စက်တင်ဘာ ၂၅ ရက်က​တွေ့ဆုံ​ဆွေး​နွေးရာမှာလည်း နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေဖို့ တော်လှန်ရးအင်အားစု​တွေကြား ပူးပေါင်းလက်တွဲဆောင်ရွက်သွားမယ် ကဏ္ဍ​တွေကိုအကျယ်တဝံ့ ဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ် ။

“ အဓိကကတော့ အကြမ်းဖက်စစ်အုပ်စုဘက်ကနေပြီးတော့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ပြီးတော့ နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးစားနေတဲ့အချိန်မှာ တော်လှန်ရေး အင်အားစုတွေဘက်မှာလည်း ကျွန်တော်တို့ ရှိပြီးသား ညီညွှတ်မှုတွေကို ပိုပြီးတော့ ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ဖို့ကိစ္စတွေပေါ့ ၊ ဒီကိစ္စတွေ အရေးကြီးတာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ သမ္မတကြီးအနေနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးတဲ့ ကိစ္စတွေ တောက်လျှောက်ဆောင်ရွက်နေတာဖြစ်ပါတယ်။အဲဒီတော့ ဒီမှာလည်း ရှေ့လျှောက် ညီညီညွှတ်ညွတ်သွားကြဖို့နဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုလည်း အတူတကွ တုန့်ပြန်ဆောင်ရွက်ကြဖို့ ၊ ဒီကိစ္စတွေ လည်း ဆွေးနွေးဖြစ်ကြတယ်လို့တော့သိရပါတယ်။” လို့ NUG ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က ​ပြောပါတယ်။

ဆက်စပ်သတင်းများ