close
Connect with us

Hi, what are you looking for?

သတင်း

ဗျူဟာ(၃၃)ဗျူဟာမှူးနဲ့အဖွဲ့ KNLA ဖမ်းဆီးမှု နှစ်ဖက်တာဝန်ရှိသူတွေ အခင်းဖြစ်ရာ သွားရောက်ဖြေရှင်းမယ်

“ ကျနော်တို့က ဒီပြဿနာကို ကျနော်တို့ရှင်းမယ်။ တမင်သပ်သပ် ပြဿနာဖန်တီးတာမဟုတ်ဘူး။ မတော်တဆ ပြီးတော့အောက်ခြေမှာရင်းနှီးမှုနဲ့ နားလည်မှု မရှိလို့ဒီလိုဖြစ်တာပါ” -KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ

ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကို။ ဓာတ်ပုံ - ရဲဘော်စောဒါးကို/FB

“ ကျနော်တို့က ဒီပြဿနာကို ကျနော်တို့ရှင်းမယ်။ တမင်သပ်သပ် ပြဿနာဖန်တီးတာမဟုတ်ဘူး။ မတော်တဆ ပြီးတော့အောက်ခြေမှာရင်းနှီးမှုနဲ့ နားလည်မှု မရှိလို့ဒီလိုဖြစ်တာပါ” -KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ

ဒီဇင်ဘာ-၁၈၊၂၀၂၅။ဆန်အောင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန အမှတ်(၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်း တပ်ရင်းမှူး မင်းသားကြီးနဲ့အဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၄) တပ်ရင်း(၁၂) က ထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နှစ်ဖက်တာဝန်ရိသူတွေ အခင်းဖြစ်ပွားရာကို သွားရောက်ဖြေရှင်းညှိနှိုင်းမယ်လို့ KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း KNLAနဲ့ NUGတာဝန်ရှိသူတွေ အခင်းဖြစ်ရာကိုသွားပြီး ပါဝင်ပါတ်သက်သူတွေအားလုံးနဲ့ တွေဆုံကာ ဖြစ်လာတဲ့ ပြဿနာ အပေါ် ညှိနှိုင်းမယ်လို့ KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ဖြစ်သူ ပဒိုစောအယ်နားက ဒီကနေ့ ဒီဇင်ဘာ ၁၈ရက်မနက်မှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်မှာ ပွတ်တိုက်မူအသေးအမွှားများစွာဖြစ်လာခဲ့တဲ့ အကြောင်းအခြေခံပြီးအချိန်မီ အရေးယူဖြေရှင်းမူအားနည်းခဲ့လို့ အခြေအနေကိုလစ်လျူရှု့တဲ့သဘော သက်ရောက်ခဲ့လို့ အခုလို အခြေအနေ ရောက်ခဲ့ရတာလို့လည်း ပဒိုစောအယ်နားက ရှင်းပြပါတယ်။

” နှစ်ဖက်စလုံးမှတာဝန်ရှိသူများကိုယ်တိုင်ရောက်ရှိဖြေရှင်းသွားမည်ဖြစ်သောကြောင့် အခြေအနေ ကိုထိန်းသိမ်းနိုင်သည့်သဘောရှိပါသည်”လို့လည်း ပဒိုစောအယ်နားက ပြောပါတယ်။

KNLAအနေနဲ့ တမင်သပ်သပ်ရန်လိုတာ မဟုတ်ဘဲ အောက်ခြေက ပြဿနာအသေးတွေ နားလည်မှု ကွဲပြားတာတွေကြောင့် အခုလို ဖြစ်လာတာကို KNU ခေါင်းဆောင်ပိုင်းတွေ အထူးသဖြင့် တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က အကောင်းဆုံးဖြေရှင်းမယ်လို့ ပြောပြပါတယ်။

” ကျနော်တို့က ဒီပြဿနာကို ကျနော်တို့ရှင်းမယ်။ တမင်သပ်သပ် ပြဿနာဖန်တီးတာမဟုတ်ဘူး။ မတော်တဆ ပြီးတော့ အောက်ခြေမှာရင်းနီးမှုနဲ့ နားလည်မှု မရှိလို့ ဒီလိုဖြစ်တာပါ”လို့လည်း ပဒိုစောအယ်နားက ထပ်မံပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ဒီဇင်ဘာ ၁၇ရက်ညပိုင်းမှ အသိပေးရှင်းလင်းခဲ့ရာ ဖြစ်စဥ်မှာ တနင်္သာရီတိုင်းစစ်ဌာနရဲ့ တပ်ရင်း (၂) က ရဲဘော်နဲ့ တပ်မဟာ (၄)အောက် တပ်ရင်း (၁၂) တပ်ခွဲ (၂) ရဲဘော်တို့အကြား ရဲဘော်ချင်း အချင်းများရာက စတင်ခဲ့တာဖြစ်ပြီး ဗျူဟာ (၃၃) ဗျူဟာမှူးဟာဖြစ်စဉ်ကို မသိရဘဲထိန်းသိမ်းခံရတဲ့ သဘောဖြစ်ကြောင်း ပြောပါတယ်။

“အချင်းချင်းကြား အသက်အန္တရာယ်တော့ လုံးဝမရှိပါဘူး၊ စိတ်ဒဏ်ရာတော့ရမယ်”လို့ ရဲဘော်အောင်စံရှားက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသား အသိပေးပါတယ်။

PDF နည်းဗျူဟာမှူး၊ တပ်ရင်းမှူးတွေနဲ့ KNLA တပ်ရင်းမှူးတွေ ခေါင်းဆောင်ချင်း အချင်းချင်း တွေ့ဆုံညှိနှိုင်းမှု အရင်မလုပ်ဖြစ်ကြဘဲ ရဲဘော်ကနေ တပ်ခွဲ၊ တပ်ခွဲကနေ တပ်ရင်းအဆင့်တွေပါ ပါပြီး လက်နက်သိမ်းဆည်းတာတွေ၊ ဖမ်းဆီးထိန်းသိမ်းမှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။

” နှစ်ဖက်လုံးကို တတ်နိုင်သလောက် ချိတ်ဆက် ပြောဆို ညှိနှိုင်းဖြစ်ပါတယ်။ အဆင့်ဆင့် ခေါင်းဆောင်တွေလည်း ဖြစ်စဥ်တွေ သိပြီဆိုတော့ မကြာခင်ပြေလည်သွားမှာပါ။ နောက် ဒီလိုဖြစ်စဥ်တွေ မဖြစ်ဖို့လည်း အများကြီး နားလည်မှု၊ သည်းခံမှုနဲ့ အပြန်အလှန် လေးစားမှုတွေလိုပါတယ်။ လူငယ်တွေဆိုပေမဲ့ လက်ရုံးရည်ရော နှလုံးရည်ပါ ပိုသန်မာဖို့လိုပါတယ်”လို့ ရဲဘော်အောင်စံရှားက ရေးသားထားပါတယ်။

တောင်ပိုင်း KNLA နဲ့ PDF ကြားမှာ ဘာပြဿနာမှမရှိခဲ့ဖူးဟုလည်း ဆိုပါတယ်။

“အတူတူလည်း ဆက်ရုန်းကြရဦးမယ်၊ ကြားထဲ ဖြစ်နေတာထက် ကိုယ့်လူသူ့ဘက်သား ဝင်ပြောသူတွေလည်း ရှိကြတယ်၊ သိတဲ့သူတွေက အပြုသဘောဆောင်ကြပါ၊ စိတ်ရော လူရောပဲ အားတင်းထားကြပါ”လို့ ရဲဘော်အောင်စံရှားက ရေးသားထားပြီး ပြဿနာက ပြဿနာမဟုတ်ကြောင်း၊ ဖြေရှင်းနည်းကသာ ပြဿနာဖြစ်ဟု ဆိုပါတယ်။

PDF တပ်မှူးအချို့နဲ့ ရဲဘော်တွေ ဖမ်းဆီးခံရမှု ဖြစ်စဉ်အပေါ် စစ်ကောင်စီ ဝါဒဖြန့်သူတွေက လည်း လူမှုကွန်ရက်မှာ ပုံကြီးချဲ့တာ၊ သွေးခွဲတာအပြင် ဖမ်းဆီးခံထားရတဲ့ PDFတွေ ဝါးကြောနဲ့ သတ်ဖြတ်ခံလိုက်ရပြီဆိုတဲ့ သတင်းမှားတွေ ရေးပြီး KNUနဲ့ PDF အကြား သွေးကွဲအောင်၊ တော်လှန်ရေးအင်အားစုတွေကို ပြည်သူက အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပုလောမြို့နယ်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဆရာမဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင် နဲ့ခင်ပွန်း ဖြစ်သူ သတ်ဖြတ်ခံရမှုကို အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တနင်္သာရီတိုင်းက အခြေခံပညာပညာရေးအစုအဖွဲ့တွေက KNU နဲ့ တော်လှန်ရေးအင်အားစုတွေထံ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန ၊အမှတ်(၃၃) နည်းဗျူဟာ ရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီးနဲ့ PDF​တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊တပ်မဟာ(၄)၊ တပ်ရင်း(၁၂)က ထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်အား နှစ်ဖက်စလုံးနဲ့ ချိတ်ဆက်ညှိနှိုင်းနေကြောင်း အထူးတိုင်းစစ်ဌာန၊ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက အသိပေးပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ်တလျှောက်ရှိစစ်ကောင်စီတပ်စခန်း ၅၅ ခုကိုတစ်နှစ်အတွင်းမှာ KNU နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)ရဲ့ဒီနေ့ (ဒီဇင်ဘာ ၉ ရက်) ထုတ်ပြန်တဲ့ "အရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း"အစီရင်ခံစာမှာ ဖော်ပြပါတယ်။

သတင်း

မြဝတီ မြို့နယ်ထဲက မင်းလက်ပံ ရွာနားမှာ ကရင် အမျိုးသား အစည်းအရုံး (KNU)က မကြာသေးခင်ကမှ ဖော်ထုတ် တွေ့ရှိထားတဲ့ အွန်လိုင်း ငွေလိမ် (ကျားဖြန့်)ဂိုဏ်းရဲ့ နိုင်ငံခြားသား ဝန်ထမ်း ၉၀၀ ကျော်ဟာ အဲဒီနေရာကို စွန့်ခွာဖို့ ငြင်းဆိုနေကြောင်း သိရပါတယ်။