close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ထဲမှာ စစ်တပ်က ကား ၃စီးနဲ့ ပေါ်တာဆွဲနေလို့ ဈေးဆိုင်တွေ စောပိတ်နေရ

မန္တလေးမြို့၊စိန်ပန်းရပ်ကွက်မှာ စစ်တပ်က ကား၃စီးနဲ့ ပေါ်တာဆွဲနေတာကြောင့် ညနေ ၅နာရီခွဲဆို ဈေးဆိုင်တွေပါ စောပိတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်က မန္တလေးမြို့မှာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူများကို နှိပ်နှင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - STR/AFP

ဒီဇင်ဘာ-၂၃၊၂၀၂၅၊ရှိန်း/ People’s Spring

မန္တလေးမြို့၊စိန်ပန်းရပ်ကွက်မှာ စစ်တပ်က ကား၃စီးနဲ့ ပေါ်တာဆွဲနေတာကြောင့် ညနေ ၅နာရီခွဲဆို ဈေးဆိုင်တွေပါ စောပိတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဟာအောင်မြေမြို့နယ်၊ပျူစောထီးခေါင်းဆောင်အပါအဝင် စစ်အုပ်စုက ဒီဇင်ဘာ ၁၉ရက် ညနေ၆နာရီမှာ စစ်ကား၃စီးနဲ့ လမ်း၉၀၊၃၄လမ်းပတ်ဝန်းကျင်ကို ပေါ်တာဆွဲခဲ့တာလို့ သိရပါတယ်။

“ လမ်းပေါ်မှာ ညနေ၆နာရီဆို လူကိုမရှိတော့ဘူး။ဆဲဆိုပြီး တွေ့သမျှအကုန်ဆွဲတာ။မိန်းကလေးတော့မပါဘူ။ယောကျာ်း လေးပဲ ခေါ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထွက်ကြည့်တဲ့ အမျိုးသမီးတွေကိုလည်းအဲဒီစစ်ကား တွေကဆဲဆိုသွားတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ၈ ရက်ကလည်း ပုသိမ်ကြီးမြို့မပျူစောထီးအုပ်စုက ကုန်းတန်းရွာက လူငယ်တွေကို ပေါ်တာဆွဲခဲ့ပြီး တဦးကို ကျပ်သိန်း၁၅၀နဲ့ပြန်ရွေးခိုင်းခဲ့ပါသေးတယ်။

စစ်တပ်က စစ်မှုထမ်းအပတ်စဉ်(၂၁)အတွက် ပေါ်တာဆွဲနေတာဖြစ်ပြီး ဒီနေ့လည်း စစ်ကိုင်းမြို့၊ကျောက်ဝိုင်းအနီးမှာ အမျိုးသားအများအပြားကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဆိုင်ကယ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တဦးအပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း PDF ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကို ငွေနဲ့လိုက်ရွေးပေမဲ့ စစ်တပ်က ငွေသာယူပြီး လူကိုပြန်လွတ်မပေးဘဲ သင်တန်းကျောင်းပို့လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

နေအိမ်ပေါ်တက်ပြီး စစ်ကောင်စီတပ်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်ရဲ့ ပေါ်တာဆွဲတဲ့ကားနဲ့တိုးလို့ ပြန်လှည့်ပြေးတဲ့ လူငယ် ပစ်ခတ်ခံခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။