close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ လုံး၀လက်မခံဟု တနင်္သာရီဒေသ KNU-NUG ပူးပေါင်းညှိနှိုင်းရေးအဖွဲ့နဲ့ တော်လှန်အဖွဲ့ ၁၅ဖွဲ့ ပူးတွဲကြေညာ

တနင်္သာရီဒေသ KNU – NUG (တပ်မဟာ (၄) ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) နဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစု ၁၅ဖွဲ့ ပူးပေါင်းပြီး စစ်အုပ်စု လုပ်ဆောင်မယ့် ရွေးကောက်ပွဲအပေါ် သဘောထား ထုတ်ပြန်ခဲ့ရာ ပြည်သူကို ဖိနှိပ်ခြိမ်းခြောက်ပြုလုပ်မယ့် သွေးစွန်းတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ကင်းမဲ့သလို ပြည်သူလိုလားတဲ့ ဒီမိုကရေစီအနှစ်သာရနဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်နေတာမို့ လုံး၀ လက်ခံမှာ မဟုတ်ဘဲ ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြပါတယ်။

စစ်တပ်ရွေးကောက်ပွဲပံ့ပိုးကူညီပူးပေါင်းပါဝင်မှုတွေကိုလည်း လုံး၀ ခွင့်မပြုဘူးလို့ သတိပေး

ဒီဇင်ဘာ-၂၃၊၂၀၂၅။ဆန်အောင်/People’s Spring

တနင်္သာရီဒေသ KNU – NUG (တပ်မဟာ (၄) ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) နဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစု ၁၅ဖွဲ့ ပူးပေါင်းပြီး စစ်အုပ်စု လုပ်ဆောင်မယ့် ရွေးကောက်ပွဲအပေါ် သဘောထား ထုတ်ပြန်ခဲ့ရာ ပြည်သူကို ဖိနှိပ်ခြိမ်းခြောက်ပြုလုပ်မယ့် သွေးစွန်းတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ကင်းမဲ့သလို ပြည်သူလိုလားတဲ့ ဒီမိုကရေစီအနှစ်သာရနဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်နေတာမို့ လုံး၀ လက်ခံမှာ မဟုတ်ဘဲ ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြပါတယ်။

ဒီဇင်ဘာ၂၈ရက်မှာကျင်းပဖို့ လုပ်နေတဲ့စစ်တပ်​ရွေး​ကောက်ပွဲအ​ပေါ် တနင်္သာရီဒေသ တော်လှန်အင်အားစုတွေက ဒီဇင်ဘာ ၂၃ရက်မှာ အခုလို သဘောထား ဖော်ပြခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအား အထောက်အပံ့ဖြစ်စေမည့် မည်သည့် ပံ့ပိုးကူညီ၊ ပူးပေါင်းပါဝင်မှုမျိုးမဆို မိမိတို့ အနေဖြင့် လုံးဝ ခွင့်ပြုလက်ခံမည် မဟုတ်ကြောင်း နှင့် ပြည်သူလုထုနှင့် အတူတကွ ရပ်တည်၍ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်”လို့လည်း ပူးတွဲကြေညာချက်မှာ ပါရှိပါတယ်။

ပူးတွဲကြေညာချက် ပြောရေးဆိုခွင့်ရှိသူ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အခု အာဏာသိမ်း စစ်အုပ်စုဟာ တိုင်းပြည်ကို နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်နေတဲ့ စစ်အုပ်စုရဲ့ မျိုးဆက်တွေဖြစ်ပြီး တန်းတူညီမျှပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ကိုပိတ်ပင်တားဆီးကာလူမျိုးကြီးဝါဒကိုကိုင်စွဲကျင့်သုံးနေတဲ့စစ်အုပ်စုဖြစ်တယ်လို့ပြောပါတယ်။

ဒါကြောင့် စစ်အဏာရှင်စနစ်အဆုံးသတ်ဖို့ လူထူတရပ်လုံးတာ၀န်ဖြစ်ပြီးနည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ဖို့ တိုက်တွန်းပါတယ်လို့လည်း ပဒိုစောအယ်နားက ပြောပါတယ်။

ပြည်တွင်းစစ်အဆုံးသတ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ၊ နိုင်ငံအဝှမ်း တည် ငြိမ် အေးချမ်းမှု ရှိစေဖို့ဟာ စစ်အာဏာရှင်တွေအနေနဲ့ အသွင်ကူး ပြောင်းရေးကာလတရားမျှတမှုကို လက်ခံပြီး နိုင်ငံရဲ့ အာဏာအရပ်ရပ်ကို မူရင်းပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုဆီကို ချွင်းချက်မရှိ ပြန်လွှဲပြောင်းရေးဖြစ်ကြောင်းလည်း ပဒိုစောအယ်နားက ပြောပြပြီး ပြည်သူလူထုတရပ်လုံး လိုလားတောင့်တတဲ့ လွတ် လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုအပေါ် အခြေခံသောဖက်ဒရယ်နိုင်ငံရေး၊ အုပ် ချုပ်ရေးစနစ်ဖြင့် ပြည်ထောင်စုတည်ထောင်ဖို့ လိုအပ်ကြောင်း အသိပေးပါတယ်။

စစ်ကောင်စီဟာ တရားမဝင် ရွေးကောက်ပွဲကို ဒီမိုကရေစီ အရေခြုံ ပြယုဂ်အဖြစ် အသုံးချကာ နိုင်ငံရေးအရ တရားဝင်မှုနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိစေဖို့ အငမ်းမရ ကြိုးပမ်းနေတာဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်မှာပါရှိပါတယ်။အဲဒီလို ကြိုးပမ်းရာမှာ တနင်္သာရီဒေသမှာလည်း နယ်မြေ အလှည့်ကျ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအား အထမြောက်စေဖို့ ရည်ရွယ်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း ၊ လက်နက်ကြီးတိုက်ခိုက်မှုတွေ စစ်ကြောင်းထိုးတာ၊ အဓမ္မပြုကျင့်၊ လုယက် မီးရှို့ ၊ သတ်ဖြတ်မှုတွေ ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေကြောင်းလည်း ဖော်ပြထားပါတယ်။

ခေတ်အဆက်ဆက် ဒီမိုကရေစီနဲ့ နိုင်ငံသားတို့ရဲ့ အခြေခံ လူ့အခွင့်အရေးအား ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့လွတ်လပ်မှု ၊တရားမျှတမှု ၊တန်းတူညီမျှမှုတို့အားဆောင်ကျဉ်းပေးမယ့် နိုင်ငံရေးအပြောင်းအလဲတရပ် မဟုတ်ကြောင်း မီးမောင်းထိုးဖော်ပြခဲ့ပြီးပြည်တွင်းရေးကိုဝင်ရောက်ခြယ်လှယ်လိုတဲ့အင်အားကြီးနိုင်ငံတွေကို အမှီသဟဲပြုပြီး စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေး အစဉ်အဆက် အသုံးချခဲ့တဲ့ နည်းလမ်းဟောင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်အုပ်စု အလိုကျ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေအား ကိုင်စွဲ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ သူတို့ရဲ့ နိုင်ငံရေး ထွက်ပေါက် ဖြစ်လာဖို့ ကြိုတင် ကြံစည်ထားတဲ့ လှည့်ကွက်မျှသာဖြစ်လို့ ပြည်တွင်းစစ်နဲ့ နိုင်ငံရေး အကျပ်အတည်းရဲ့ အဖြေမဟုတ်တဲ့အပြင် ပိုမိုဆိုးရွားမယ့် အခြေအနေကို တွန်းပို့လျက်ရှိနေကြောင်း သတိပေးထားပါတယ်။

အခုကြေညာချက်မှာတနင်္သာရီဒေသKNU-NUG (တပ်မဟာ (၄) ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) နဲ့ အတူ ထောက်ခံပါဝင် အဖွဲ့အစည်း ၁၅ဖွဲ့ရှိခဲ့ပြီး အဲဒါတွေကတော့ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (တနင်္သာရီတိုင်း)၊ တနင်္သာရီ တိုင်းစစ်ဌာန၊ တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှု ကွန်ယက်၊ ထားဝယ်ခရိုင်နိုင်ငံရေးပလက်ဖောင်း၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု (၇) ၊ ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစု၊ ထားဝယ်အမျိုးသမီးသမဂ္ဂ၊ တနင်္သာရီတိုင်းလူငယ်ကွန်

ရက်၊ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ထားဝယ်သူနာပြု နှင့် သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ၊ တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာ ဆရာ၊ဆရာမများသမဂ္ဂ၊ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (ထားဝယ်ခရိုင်)၊ ဂိမှာန် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကော်မတီ – တနင်္သာရီနဲ့ တနောသရီ ကရင်လူမျိုးများ လွတ်မြောက်ရေးနှင့် တန်းတူညီမျှရေးအဖွဲ့ တို့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရှိ အစိုးရဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို လာရောက်မဲမပေးပါက ထောင် (၃) လအထိ ချမယ်လို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

သတင်း

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA)၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ်(၆၂၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ ပဲခူးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဒီဇင်ဘာ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တပ် အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့စစ်ကောင်စီအဖွဲ့ဝင်ပုဂ္ဂိုလ်တွေကိုအကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာ ၂၁ရက်က အမိန့်ထုတ်ပြန်ပါတယ်။