close
Connect with us

Hi, what are you looking for?

သတင်း

SRA တပ်ပေါင်းစုဖွဲ့နိုင်မှု တော်လှန်ရေးအောင်ပွဲလှမ်းနိုင်မယ့်လမ်းစဟု NUCC ပြော

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းမှုအပေါ် ထောက်ခံကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ဒီဇင်ဘာ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ-၁၉၊ ၂၀၂၅။ ဆန်အောင်/People’s Spring

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းမှုအပေါ် ထောက်ခံကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ဒီဇင်ဘာ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

လက်နက်ကိုင် တော်လှန်ရေးတပ်တွေအကြား ဘုံရည်မှန်းချက် ဘုံလမ်းစဉ်တွေနဲ့ အခြေခံပြီး မဟာမိတ်စုဖွဲ့တာ၊ ပူးတွဲကွပ်ကဲမှုတွေ တည်ဆောက်ဖော်ဆောင်တာဟာ တော်လှန်ရေး အောင်ပွဲရှိရာ လမ်းကြောင်းဆီသို့ ပိုမိုတည့်မတ်စွာ လျှောက်လှမ်းနိုင်မယ့် လမ်းစတွေဖြစ်တယ်လို့ ယုံကြည်ကြောင်း လည်း NUCCက ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးလူထုမှ မွေးဖွားပေးလိုက်သောနယ်မြေဒေသ အသီးသီးမှ လူမျိုးဘာသာစုံ လူငယ်ကျောင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (၁၉)ဖွဲ့ စုပေါင်းပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance (SRA)အဖြစ် ဖွဲ့စည်းလိုက်တာကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း NUCC အပါအဝင် တော်လှန်ရေးအင်အားစုတွေက ဖော်ပြလျက်ရှိပါတယ်။

Public Service Announcement

Public Service Announcement

NUCCရဲ့ ထုတ်ပြန်ချက်မှာ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တို့အတွက် နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးနဲ့ လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ SRA တာဝန်ရှိသူတွေကလည်း SRA အဖွဲ့တွေနဲ့ NUG ကွပ်ကဲမှုအောက်ရှိ PDF တပ်တွေအတူပူးပေါင်းပြီးစစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်သွားမယ့်အကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

ဒါ့အပြင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ(PDO/PDA)၊ ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ ပဲခူးယူနစ်ဖက်ဒရယ်အင်အားစု(BUFF)၊ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း၊ ရာမဖက်ဒရယ်အင်အားစုသစ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်တော် စတဲ့ တော်လှန်ရေးအဖွဲ့တွေက ဝမ်းမြောက်ကြောင်း သဝဏ်လွှာနဲ့ ကြိုဆိုထောက်ခံကြောင်း ကြေညာချက် တွေထုတ်ပြန်ကာ SRAနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို အသိပေးထားကြတာပါ။

SRA မှာ 96 Soldiers PDF၊ ဗမာ့တပ်တော်(BA)၊ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ၊ ချင်းညီနောင်၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ Force for Federal Democracy (FFD)၊ Generation Z Army(GZA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကလေးဒေသတော်လှန်ရေးတပ်(KRF)၊ မကွေး ပြည်သူ့ကာကွယ်ရေးတပ်မတော်( MAGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ-ခမ်းကောင်/ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းခေါမ်)-(PNDF-KK/PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(SAGAING PDF)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ယောတပ်တော်(YA)၊ယောကာကွယ်ရေးတပ်(YDF) တို ပါဝင်စုဖွဲ့ထားတာပါ။

SRA ဟာ ၂၀၂၅ အလွန်အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေး ၊ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို ဖြစ်ကြောင်း SRA ပြောရေးဆိုခွင့်ရှိသူ ခွန်းဘီထူး(ခွန်းဘီးဒူ)က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သတင်းပြန်ကြားရေးဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ရှင်းပြထားပါတယ်။

” အခုနွေဦး‌တော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တပ်ဖွဲတွေအားလုံးဟာ ၂၀၂၅ အလွန်ပေါ့ စစ် ကောင်စီရဲ့ ထိုးစစ် ၊စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေး တွေကို ကျော်ဖြတ်နိုင်ဖို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ကျနော်တို တစ်ဖွဲချင်းဘဲ ရပ်တည်မယ်၊ တစ်နေရာတည်းမှာဘဲ ကျနော်တို အချင်းချင်းဘဲ စစ်ကောင်စီကို နိုင်ရာနိုင်ရာလေးဘဲ တိုက်ကြ မယ်ဆိုရင် အခက်အခဲတွေက ပိုများလာနိုင်တာပေါ့၊ အဲဒါကြောင့် မိုလို ဒီနွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့အဖွဲတွေ တတ်နိုင်သမျှ စုစည်းပြီးတော့ လိုအပ်ရင် ၅ နှစ်တောင် မကဘဲ ကျော်ဖြတ်မယ် ဆိုပြီး ကတိကဝတ်တွေပြုပြီးတော့ တွေ့ဆုံကြတာဖြစ်ပါတယ်”လို ခွန်းဘီထူးက ပြောပါတယ်။

ခွန်းဘီထူးဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သယံဇာတနဲ့ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်သလို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ ဒါ့အပြင် SRA စုဖွဲမှု ဖြစ်ပေါ်လာရေး ဦးဆောင်ကြိုးပမ်းခဲ့သူတွေထဲမှာလည်း ပါဝင်သူဖြစ်ပါတယ်။

တပ်ပေါင်းစုဖွဲစည်းနိုင်ရေးအတွက် တော်လှန်ရေးသမိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ တပ်ပေါင်းစုတွေ ပြိုလဲမှုကို သင်ခန်းစာ ယူခဲ့ကြသလို သက်ဆိုင်ရာအဖွဲ ခေါင်းဆောင်တွေနဲ့ လူချင်းတွေ့ စကားပြောဆိုဖို တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ စစ်ကိုင်း၊ မကွေး ဘက်တွေ ဆင်းပြီး တပ်ဖွဲတွေအားလုံးနဲ့ တွေ့ဆုံခဲ့တာ၊ ညီလာခံတရပ် ခေါ်ယူပြီးအကြိမ်အနယ်ဆွေးနွေးတာ လုပ်ဆောင်ခဲ့ပြီး စုဖွဲနိုင်ခဲ့တာလို အသိပေးပါတယ်။ဒါ့အပြင် တပ်ပေါင်းစုဖွဲစည်းမှုအပေါ် အမြင်မမှားစေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့လည်း တိုင်ပင်ပြီး အကြံဉာဏ်ရယူခဲ့ဟု ခွန်းဘီထူးက ရှင်းပြပါတယ်။

“ ကျနော်တိုရဲ့ ERO တွေ၊ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံတိုင်ပင်ပြီးမှ သူတိုရဲ့ အကြံညာဏ် တွေ ၊သူတိုရဲ့ အားပေးမှုတွေကို ရယူနိုင်ခဲ့တယ်ပေါ့၊ တောင်ပိုင်း ဘက်မှာ ရှိတဲ့ အဖွဲအစည်းတွေ နဲ့ ကော တိုင်ပင်ခဲ့သလို ၊မြောက်ပိုင်း ဘက်မှာ ရှိတဲ့ အဖွဲအစည်းတွေ နဲ့ကော တိုင်ပင်ခဲ့ပါတယ်။ အားလုံးရဲ့ အကြံပြုမှု နဲ့ ဒီဟာကို ယုံယုံကြည်ကြည် အားကောင်းကောင်း နဲ့ ဖွဲစည်းနိုင်ခဲ့တယ်ပေါ့နော်”လိုခွန်းဘီထူးက ရှင်းပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို ကိစ္စဟာလည်း အရေးကြီးဆုံးကိစ္စ တရပ်ဖြစ်ဟု ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့ ၁၉ခုနဲ့ ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance-SRA) ဟာ၂၀၂၅ အလွန်အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေး ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ဖြစ်ကြောင်း SRA ပြောရေး ဆိုခွင့်ရှိသူ ခွန်းဘီထူး(ခွန်းဘီးဒူ)က ပြောပါတယ်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်သောစစ်အုပ်စုက စစ်ကောင်စီမှ စစ်ကော်မရှင်ဟု​အမည်​ပြောင်း​သော်လည်း အကြမ်းဖက်အုပ်စု၊ နိုင်ငံတော်နှင့် ပြည်သူ့ ရန်သူပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ယနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

သတင်း

ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ ဒီနေ့ တွေ့ဆုံခဲ့တယ်လို့ NUCC က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများနှင့်ပတ်သက်သည့် ပန်ကြားချက်ကို ယနေ့ တွင်ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းအကြား လက်နက်ကိုင်စွဲ ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးပါရန်နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန်မေတ္တာရပ်ခံလိုက်သည်။

Facebook