close
Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားရောက်မြန်မာတွေ စစ်ကောင်စီ ရွေးကောက်ပွဲကန့်ကွက်ဆန္ဒပြ

စစ်ကောင်စီရွေးကောက်ပွဲလုပ်တဲ့ ဒီကနေ့ (ဒီဇင်ဘာ ၂၈)မှာ ကိုရီးယားနိုင်ငံရောက်မြန်မာတွေက ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီဇင်ဘာ-၂၈၊၂၀၂၅။ သုည/People’s Spring

စစ်ကောင်စီရွေးကောက်ပွဲလုပ်တဲ့ ဒီကနေ့ (ဒီဇင်ဘာ ၂၈)မှာ ကိုရီးယားနိုင်ငံရောက်မြန်မာတွေက ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးနဲ့ တောင်ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ပေါင်း ၃၀ ကျော် ပါဝင်သော “ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” ပြုလုပ်တာဖြစ်ပြီး၊ တော်လှန်ပြည်သူ ရာနဲ့ချီ၍ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်က ၂၀၂၀ ရွေးကောက်ပွဲမှာ လူထောင်ချီလာရောက်၍ ကြိုတင်မဲပေးခဲ့ကြသော်လည်း၊ ယခုအခါ မဲပေးသူတယောက်မျှ မရှိခဲ့ကြောင်း၊ တကမ္ဘာလုံးက ရှုတ်ချထားတဲ့ အလွန် အရှက်မဲ့သော ရွေးကောက်ပွဲရလဒ်ဟာ မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အလှည့်အပြောင်း ဖြစ်စေမှာ မဟုတ်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တောင်ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာချက်တွေကိုလည်း စစ်ကောင်စီသံရုံးသို့ ပေးပို့ခဲ့ပါတယ်။

ရုပ်သံ – စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယား

ဆက်စပ်သတင်းများ

ဆောင်းပါး

မန္တလေးမြို့မှာစစ်တပ်ရဲ့ရွေးကောက်ပွဲအပိုင်း (၁ ) ကို ချမ်းအေးသာစံမြို့နယ်နဲ့ အောင်မြေသာဇံမြို့နယ်နှစ်ခုမှာ ပြုလုပ်နေပါတယ်။ မြို့နယ်နှစ်ခုလုံးဟာ မန္တလေးမြို့ရဲ့အဓိကကျတဲ့မြို့လယ်ပိုင်းတွေဖြစ်ပါတယ်။ အောင်မြေသာဇံကတော့ စစ်ကောင်စီတပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်တဲ့ မြို့နယ်ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မန္တလေးက ရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်လို့ မြို့ခံတွေကို ဆက်သွယ်မေး​မြန်းကြည့်ခဲ့ရာမှာတော့

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမဲပေးတဲ့နေ့မှာ အပြင်မထွက်သပိတ်မှာ ပြည်သူတွေပါဝင်ခဲ့လို့ လမ်းမတွေပေါ်မှာ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်အပါအဝင် နိုင်ငံအနှံ့အကျဉ်းထောင်တွေမှာ မတရားအကျဥ်းချခံထားရသူတွေက စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော်နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းနဲ့ ထောင်နဲ့နီးစပ်သူအချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ် တီးတိန့်မြို့ပေါ်နဲ့ ဒေသအတွင်းပြည်သူတွေအနေနဲ့ ဒီဇင်ဘာ ၂၆ရက်ကနေ စစ်တပ် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၈ရက်အတွင်း အပြင်ထွက်တာ ခရီးသွားလာတာ မလုပ်ကြဖို့ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF ဇိုလဲန်း)က သတင်းထုတ်ပြန်ပါတယ်။