close
Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးနဲ့ ပေါင်းတည်ထောင်တွေမှာ အကျဥ်းသားတွေ စစ်တပ်ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေ

ဒိုက်ဦးအကျဥ်းထောင်နဲ့ ပေါင်းတည်အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေက စစ်ကောင်စီရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။

ဒိုက်ဦး နဲ့ ​ပေါင်းတည်​ထောင်​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဒီဇင်ဘာ-၂၈၊ ၂၀၂၅ ဇေအောင်/People’s Spring

ဒိုက်ဦးအကျဥ်းထောင်နဲ့ ပေါင်းတည်အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေက စစ်ကောင်စီရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။

ဒိုက်ဦး နဲ့ ​ပေါင်းတည်​ထောင်​တွေကို​တွေ့ရစဥ်။

ဓါတ်ပုံ-CJ

ဒီကနေ့မှာ စစ်တပ်က ပြုလုပ်နေတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ပဲခူးတိုင်းက ဒိုက်ဦးအကျဥ်းထောင်နဲ့ ပေါင်းတည်အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေက ဆန္ဒပြနေတာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်(PPNM)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ အခုလက်ရှိ သတင်းရထားမှုအရ စစ်ကော်မရှင်က ပထမအ​ကြိမ်ပြုလုပ်တဲ့ ရွေးကောက်ပွဲကို မထောက်ခံကြောင်း ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ထောင်ကနေမှကျွေးတဲ့ထမင်းနဲ့ဟင်းကိုမယူဘဲ ဒိုက်ဦးထောင်နဲ့ ပေါင်းတည်ထောင်မှာတော့ ဆန္ဒထုတ်ဖော်နေကြပါတယ်။” လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အကျဥ်းသားတွေ ဆန္ဒပြမှု နောက်ဆက်တွဲ အခြေအနေကိုတော့အ​သေးစိပ် မသိရသေးပါဘူး။

ဒိုက်ဦးအကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွာစွာ ကျူးလွန်လေ့ရှိတယ်လို့ PPNM က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က အသိပေးထားပါတယ်။

၂၀၂၀ ​ရွေး​ကောက်ပွဲမှာပြည်သူ ၃၇ ​ကျော်မဲ​ပေးပြီး တခဲနက်အနိုင်ရရှိထားတဲ့ ​ရွေး​ကောက်ခံအရပ်သားအစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေပြင်းထန်စွာဖြစ်ပွား​နေတဲ့ကြား၊နယ်​မြေအများအပြားဆုံးရှုံးထားတဲ့ကြားက​ရွေး​ကောက်ပွဲလုပ်​နေတာဖြစ်ပါတယ်။အာဏာသိမ်း စစ်တပ်တရားဝင်မှုရဖို့နဲ့ အာဏာ​ရေရှည်ဆုပ်ကိုင်နိုင်ဖို့လုပ်တဲ့​ရွေး​ကောက်ပွဲကို ဆန်ကျင်ကြဖို့​တော်လှန်​ရေးအင်အားစု​တွေကတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်အပါအဝင် နိုင်ငံအနှံ့အကျဉ်းထောင်တွေမှာ မတရားအကျဥ်းချခံထားရသူတွေက စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော်နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းနဲ့ ထောင်နဲ့နီးစပ်သူအချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း တနင်္သာရီမြို့နယ်u ပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၇) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေက ကရင်လူငယ်တွေ စုပေါင်းပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့တယ်လု့ KNU မြိတ်ထားဝယ်ခရိုင်နဲ့ Karen Youth Organization က ဒီကနေ့ ဒီဇင်ဘာ ၂၆ရက်မှာ သတင်းထုတ်ပြန်ပါတယ်။