close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လုပ်မယ့် ကျုံးဘေးက နှစ်သစ်ကူးပွဲကို ရှောင်ရှားဖို့ BWM သတိပေး

စစ်ကောင်စီလုပ်မယ့် မန္တလေးမြို့ ကျုံးဘေးက နှစ်သစ်ကူးပွဲကို ရှောင်ရှားဖို့ Brave Warriors for Myanmar အဖွဲ့က သတိပေးလိုက်ပါတယ်။

၂၀၂၄က စစ်ကောင်စီလုပ်ပေးတဲ့ ကျုံးဘေးက နှစ်သစ်ကူးပွဲကို တွေ့ရစဥ်။ ဓာတ်ပုံ-စကစ

ဒီဇင်ဘာ ၃၁၊၂၀၂၅။မေရီ/People’s Spring

စစ်ကောင်စီလုပ်မယ့် မန္တလေးမြို့ ကျုံးဘေးက နှစ်သစ်ကူးပွဲကို ရှောင်ရှားဖို့ Brave Warriors for Myanmar အဖွဲ့က သတိပေးလိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက် ညမှာ မန္တလေးမြို့၊ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့် ကျုံးအရှေ့တောင်ထောင့်မှာပြုလုပ်မယ့် စစ်ကောင်စီရဲ့ နှစ်သစ်ကူးပွဲကို ရှောင်ရှားသင့်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးနန်းတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ Brave Warriors for Myanmarအဖွဲ့က သတိပေးပါတယ်။

BWM နဲ့ မဟာမိတ်အဖွဲ့တွေဟာ ပြည်သူတွေ အမြဲ​ဘေးကင်းဖို့ အစဉ်တစိုက် ဂရုစိုက်သွားမှာဖြစ်ပြီး တော်လှန်ရေး အရှိန်အဟုန် မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီနဲ့ ၎င်းတို့ကိုထောက်ခံတဲ့အသိုင်းအဝိုင်းကို ရှောင်ရှားကြဖို့ Warriors for Myanmar အဖွဲ့က ထပ်မံ သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ မဲပေးနေတဲ့ အချိန်ကာလတောင် ဗုံးကွဲနေတာ။ လဟာပြင်မှာ နှစ်သစ်ကူးကျင်းပတာ သွားကြပေါ့ ကို​ယ်ဖြစ်ကိုယ်ခံပဲ” လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလုပ်မယ့် ကျုံးဘေးက နှစ်သစ်ကူးပွဲမှာ စစ်ကောင်စီထောက်ခံတဲ့ အဆိုတော်တွေ သရုပ်ဆောင်တွေဖြစ်တဲ့ သားစိုး၊ ရွှေသက်၊ဖိုး​သောကြာ၊ ရဲထွဋ်​ကျော်၊ပိုင်သစ်​၊ ဇော်ကို၊ မယ်လိုဒီ၊ဂျူဝယ်၊ ချယ်ရီသင်း၊ မေလသံစဥ်၊ ချစ်ဇွဲသာ၊ တင်မျိုးဦးတို့ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

မန္တလေးမြို့မှာ ဒီဇင်ဘာ ၂၈ ရက် မနက်က နန်းတွင်းထဲ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်းနဲ့ ၅ လမ်း​ထောင့်က နေအိမ်ရှိ ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

အဲဒီလက်နက်ကြီးဟာ နန်းတွင်းအနောက်မြောက် ထောင့်ရှိ စစ်ကောင်စီရဲ့ ထပရ(၁၂၁)ကနေ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း Brave Warriors for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။ BWM နဲ့ မဟာမိတ်တွေဟာ ပြည်သူထိမှာကို စိုးရိမ်လို့ ပြည်သူတွေရဲ့ လုံခြုံမှုကို ပထမဦးစားပေးတာကြောင့် အဲဒီလို ရမ်းသန်းပစ်တဲ့ လုပ်ရပ်မျိုးမရှိဘူးလို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီက မန္တလေးမြို့က ကျုံးဘေးမှာ နှစ်သစ်ကူးပွဲကျင်းပဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။

News Story

စစ်အာဏာရှင်​ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ လက်ထက် မန္တ​လေးကျုံးအတွင်း အမင်္ဂလာတံတားဆိုပြီး မှားဖျက်မိခဲ့တဲ့ သမိုင်းဝင် စည်ရှည်တံတားကိုအာဏာသိမ်း​ခေါင်း​ဆောင်က ပြန်​ဆောက်ခိုင်းပြီး တံတားဖွင့်ပွဲကို ကိုယ်တိုင်တက်​ရောက်မှာဖြစ်​ပေမယ့် တံတားဖွင့်ပွဲကို ရက်အတိအကျထည့်မကြေညာရဲပဲ လကိုသာ အသိ​ပေးထားပါတယ်။

သတင်း

မန္တလေးနန်တွင်း ကျုံး အနောက်ဖက်ခြမ်းက စည်ရှည် တံတား ဖွင့်ပွဲကို မနက်ဖြန်( ဖေဖော်ဝါ ရီ ၈ ရက်) မနက်ပိုင်းမှာပြုလုပ်မှာဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် တက်ရောက်မယ်လို့ မန္တလေး စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူထံကတဆင့်သိရပါတယ်။

သတင်း

မန္တလေးမြို့တွင် သပိတ်အင်အားစုမှ လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံဆော်သည့်လှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၂၄)မန္တ​လေးကျုံးအနီးပြုလုပ်ခဲ့သည်။