ဇန်နဝါရီ ၂၈၊ ၂၀၂၆။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းတွေကို တော်လှန်ရေးရဲဘော်တွေက ရှင်းလင်းပေးခဲ့ပါတယ်။

မနေ့က ဇန်နဝါရီ ၂၇ရက် မနက်ပိုင်းက အရာတော်မြို့နယ် ကမ်းပြူရွာကနေ အရာတော်မြို့ဘက်ကို စစ်ကောင်စီတပ်စစ်ကြောင်း ပြန်သွားချိန် ကာကွယ်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရာမှာ ပင်လုံ (ခ) ချမ်းသာနဲ့ ကမ်းပြူကျေးရွာကြား၊ ကမ်းပြူရွာ တာဝါတိုင်လမ်းခွဲနဲ့ မနောယမရွာကြားတွေမှာ မိုင်းတွေ တွေ့ရှိခဲ့ရကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“ လောလောဆယ် ရှင်းလင်းရေးပြုလုပ်ရာမှာတော့ 32 တင့်ဖျက်မိုင်း ၂လုံးတွေ့ရပါတယ်” လို့ ၎င်းရဲဘော်က ပြောပါတယ်။

Public Service Announcement
အဆိုပါမိုင်းတွေကို ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ မိုင်းအန္တရာယ်တွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာကြဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
















































