close
Connect with us

Hi, what are you looking for?

သတင်း

ခြေတုလက်တု လိုအပ်သူတွေကိုပံ့ပိုးမယ့် မင်းမော်ကွန်းရဲ့ မွေးနေ့လက်ဆောင် ကမ်ပိန်း

ဖေဖော်ဝါရီ‌လမွေးနေ့ရှင် တော်လှန်အနုပညာရှင် မင်းမော်ကွန်းက တိုက်ပွဲတွေမှာထိခိုက်ဒဏ်ရာရရှိပြီး ခြေလက်အင်္ဂါဆုံး‌ရှုံးထားတဲ့ ရဲဘော်တွေကို ထောက်ပံ့ပေးနိုင်ဖို့ မွေးနေ့လက်ဆောင် ကမ်ပိန်းကို ပြုလုပ်နေပါတယ်။

ဖေဖော်ဝါရီ-၂၊၂၀၂၆။ဆဏ်း/People’s Spring

ဖေဖော်ဝါရီ‌လမွေးနေ့ရှင် တော်လှန်အနုပညာရှင် မင်းမော်ကွန်းက တိုက်ပွဲတွေမှာထိခိုက်ဒဏ်ရာရရှိပြီး ခြေလက်အင်္ဂါဆုံး‌ရှုံးထားတဲ့ ရဲဘော်တွေကို ထောက်ပံ့ပေးနိုင်ဖို့ မွေးနေ့လက်ဆောင် ကမ်ပိန်းကို ပြုလုပ်နေပါတယ်။

“ ဒီနှစ်မွေးနေ့မှာ အားလုံးနဲ့အတူ ဒီရဲဘော်တွေပေါ်မှာတင်နေတဲ့ အကြွေးကို ဆပ်ပေးချင်ပါတယ်။ ဒီကမ်ပိန်းကနေ ရန်ပုံငွေ သိန်း (၅၀၀၀) ရှာဖွေဖို့စီစဉ်ထားပါတယ်။ ” လို့ မင်းမော်ကွန်းက အသိပေးထားပါတယ်။

ကမ်ပိန်းကို ဖေဖော်ဝါရီ ၂ ရက်ကနေ ၂၄ ရက်အထိပြုလုပ်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ပါဝင်ကူညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

ပါဝင်ကူညီလိုသူတွေအနေနဲ့ နိုင်ငံအလိုက် Fundraiser တွေဆီမှာ ထောက်ပံ့နိုင်မှာဖြစ်ပြီး Fundraiser စာရင်းကို Artists’ Shelter ရဲ့ ပေ့ခ်ျမှာ ဖော်ပြပေးထားပါတယ်။

ဒီကမ်ပိန်းကရလာတဲ့ ငွေတွေကို ခြေတုလက်တု တပ်ဆင်ဖို့စောင့်ဆိုင်းနေတဲ့ရဲဘော်တွေအတွက် ထောက်ပံ့ပေးသွားမှာလို့ မင်းမော်ကွန်းကပြောပါတယ်။

မွေးနေ့ကျရောက်မယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာတော့ 24FM ကနေ သူရဲ့စိတ်ကူးကို ရိုက်ကူးပုံဖော်ထားတဲ့ The Rubbish ဇာတ်လမ်းတိုကို အခမဲ့ ပြသပေးသွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်ကြောင်း ပြည်သူလူထုက ထုတ်ဖော်ပြောဆိုပြသနိုင်ဖို့ ကိုယ့်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ REJECT SHAM ELECTION စာသားပါ Profile Picture ပြောင်းလဲရေး ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကြဖို့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖော်ပြနေတဲ့ Anti Sham Election(တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး) ဖေ့စ်ဘွတ်ခ်...

သတင်း

ပြုံးပြုံးလေးရုပ်ရှင်ပြသရာမှ ရရှိတဲ့ငွေတွေကို ပထမဆုံးအကြိမ် လှူဒါန်းမှုအနေနဲ့ ကျပ်သိန်းရှစ်ရာ လှူဒါန်းခဲ့ကြောင်း ဒါရိုက်တာ ကိုပေါက်က အသိပေးထားပါတယ်။

သတင်း

ဒါရိုက်တာကိုပေါက်ရိုက်ကူးပြီးမင်းမော်ကွန်းနဲ့မြေပြင်က ရဲဘော်တွေသရုပ်ဆောင်ထားတဲ့ ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားကိုဒီကနေ့ (သြဂုတ်၂၄)မှာဂျပန်နိုင်ငံ၊ တိုကျိုမြို့က Edogawa Cultural Center မှာ ပြသခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ထောင်တွင်းမှာ ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ကြတဲ့ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ခြေချင်းခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ (ဇူလိုင် ၂ရက် ) မှာ ထုတ်ပြန်အသိပေးပါတယ်။