close
Connect with us

Hi, what are you looking for?

သတင်း

ပူးပေါင်းဆောင်ရွက်မှုတွေအားနည်းလို့ တော်လှန်ရေးကြန့်ကြာနေရတာလို့ KNLA ဒုစစ်ဦးစီးချုပ် ပြော

တော်လှန်ရေးကြန့်ကြာနေပြီး မျှော်မှန်းချက် ပန်းတိုင်မရောက်သေးတာဟာ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေမှာ ရာနှုန်းပြည့် မပူးပေါင်းနိုင်သေးလို့ ဖြစ်တယ်လို့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ပြောပါတယ်။

KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲ။ ဓာတ်ပုံ - Screengrab

ကရင့်တော်လှန်ရေး၊ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ စိတ်ကလိုချင်ပြီး ပါးစပ်နဲ့ ပြောနေလို့ ဖြစ်လာမှာမဟုတ်ဟုဆို

ဖေဖော်ဝါရီ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

တော်လှန်ရေးကြန့်ကြာနေပြီး မျှော်မှန်းချက် ပန်းတိုင်မရောက်သေးတာဟာ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေမှာ ရာနှုန်းပြည့် မပူးပေါင်းနိုင်သေးလို့ ဖြစ်တယ်လို့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ပြောပါတယ်။

(၇၇)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အမှတ်တရ စကားပြောကြားချိန်မှာ ညီညွတ်ရေးလိုအပ်မှု အခြေအနေကို အခုလို ပြောပြခဲ့တာပါ။

Public Service Announcement

Public Service Announcement

ကရင့်တော်လှန်ရေး (၇၇)နှစ်ပြည့်တဲ့အထိ မျှော်မှန်းချက်ပန်းတိုင်တွေ မရောက်သေးတာ ပြန်ကြည့်ရင် ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေမှာ ရာနှုန်းပြည့်မပူးပေါင်း နိုင်သေးတာ၊ တက်သိကျွမ်းကျင်ထားရမယ့် ပညာရပ်ပိုင်းမှာလည်း အားနည်းနေသေးတာ၊ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေ မလုပ်နိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။

အတူတကွ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စရပ်တွေမှာ စည်းလုံးမှု ရာခိုင်နှုန်းအများကြီးလိုအပ်နေသေးကြောင်း ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ပြောပါတယ်။

” တိုက်ပွဲဆိုတာ ကြာလေ ပင်ပန်းဆင်းရဲလေဖြစ်တယ်။ ဒါကြောင့်မို့လို့ တော်လှန်ရေးဆိုတာ မြန်မြန်ဆန်ဆန်နဲ့ အချိန်တိုတိုအတွင်းမှာ ခွန်အားအပြည့်နဲ့ စည်းလုံးညီညွတ်မှသာ ကျနော်တို့တွေ ငြိမ်းချမ်းရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်တယ်” လို့ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ပြောပါတယ်။

ပြီးခဲ့တဲ့ (၇၇)နှစ်တာအတွင်း လူထုတွေဟာ အချိန်ကုန် လူပင်ပန်းပြီး ဆင်းရဲဒုက္ခတွေနဲ့ပဲ ကြုံနေရတာ ဖြစ်တယ်လို့ ပြောပါတယ်။

လုပ်သင့်လုပ်ထိုက်တာ မလုပ်၊ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

” ကျနော်တို့ဟာ စည်းစည်းလုံးလုံးနဲ့ တဦးပေါ်တဦး လေးစားတန်ဖိုးထားပြီးတယောက်နဲ့ တယောက် အပြန်အလှန် အမှီသဟဲ ပြုနေဖို့ လိုပါတယ်” လို့ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ပြောပါတယ်။

ကရင်တမျိုးသားလုံး အချင်းချင်း အားကိုးအားထားခြင်း၊ အချင်းချင်း တန်ဖိုးထားခြင်း၊ အတူတကွ ပူးပေါင်း လုပ်ဆောင်ခြင်းနဲ့ ကရင်တမျိုးသားလုံး ကိုယ့်လူမျိုးအတွက် ဘယ်လို ရှင်သန်နေလဲ အမျိုးသားလွတ်မြောက်ရေးအတွက် ဘယ်အခန်းကဏ္ဍက ပါဝင်နိုင်မလဲနဲ့ တော်လှန်ရေးအတွက် အင်အား အတက်ပညာများစွာ စုစည်းပြီးကရင်လူမျိုးအတွက် စည်းစည်းလုံးလုံး ရဲရဲဝံ့ဝံ့ စိတ်ရောကိုယ်ပါ ယုံကြည်မျှော်လင့်ချက် အပြည့်သွားဖို့ လိုအပ်ကြောင်း KNLA ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။

ကရင်လူမျိုးလက်နက်ကိုင်အဖွဲ့များစွာ ရှိပြီး ပြည်သူလူထုက ကရင်လက်နက်ကိုင်တွေ စည်းလုံးမှု ပြိုကွဲပြီး အားကိုးမရဘူးလို့ မြင်ကြကြောင်း ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့အားလုံး လူမျိုးအတွက် ဟုတ်ရဲ့လား လူမျိုး လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား လူမျိုးဝမ်းသာပီတိဖြစ်ရဲ့လား မေးခွန်းတွေရှိနေလို့ ကရင်လူမျိုးတွေလိုချင်တဲ့ အခြေအနေကို ပြန်ဆန်းစစ်ရမယ်လို့ ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲကပြောပါတယ်။

လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်တွေဖြစ်တဲ့ KNLA၊ KNDO တို့ဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေပေမယ့် အခြား ကရင်လက်နက်ကိုင်တွေဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ ကရင်နယ်ခြားစောင့်တပ်(BGF) ဟာစစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်တာ ထိတွေ့ဆက်ဆံတာတွေ လုပ်ဆောင်နေတဲ့ ကရင်လက်နက်ကိုင်တွေဖြစ်ပါတယ်။

ကရင့်တော်လှန်ရေး ကရင့်လွတ်လပ်ခွင့် ကိုယ့်ပိုင်ပြဌာန်းခွင့်က စိတ်ကနေ လိုချင်ပြီးပါးစပ်က နေ ပြောနေလို့တော့ ဖြစ်လာမှာမဟုတ်ကြောင်း KNLA ဒုစစ်ဦးစီးချုပ်က သတိပေးပြီး တိုက်ယူရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ရဲရဲရင့်ရင့် ညီညီညွတ်ညွတ် အတူတူ လုပ်ဆောင် မှတော်လှန်ရေးက ပိုပြီး အရှိန်အဟုန်ပိုမြင့်လာကာ အချိန်တိုအတွင်းမှာ မြန်မြန်ပြီးဆုံးမှာဖြစ်တယ်လို့လည်း KNLA ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွမူးယစ်ဆေးဝါး ၅သောင်းကျော်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်တာတွေ အခွင့်အရေးရတာနဲ့ ထပ်မံပြုလုပ်မှာဖြစ်လို့ ပြည်သူတွေအနေနနဲ့ စစ်ကောင်စီတပ်စွဲရာ နေရာတွေနဲ့ အနီးတဝိုက်မှာ နေထိုင်ခြင်းမပြုဖို့ ထပ်မံအသိပေးကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

‎အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်တပ်သား(၅)ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄)၊ တပ်‌ရင်း(၁၀)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင် အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်ထားဝယ်ခရိုင် ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နဲ့ ပြန်လည် ပူးပေါင်းကြောင်းတနင်္သာရီမြို့နယ်အခြေစိုက် ထီးဆဲ့မယ့်ယွားစစ်ကြောင်းက ဒီဇင်ဘာ ၃၁ရက် မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။