close
Connect with us

Hi, what are you looking for?

သတင်း

အဝေးရောက် ညွှန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းကွယ်လွန်

စစ်အစိုးရကိုဆန့်ကျင်ခဲ့တဲ့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB)ရဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းဟာ ဒီနေ့ (ဇန်နဝါရီလ ၆ )မှာအမေရိကန်ပြည်ထောင်စု၊မေရီလန်းပြည်နယ်မှာ ကွယ်လွန်သွားပြီလို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (မြန်မာ နိုင်ငံ)ကသတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - VOA

ဖေဖော်ဝါရီ – ၆ ၊၂၀၂၆ /People’s Spring

စစ်အစိုးရကိုဆန့်ကျင်ခဲ့တဲ့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB)ရဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းဟာ ဒီနေ့ (ဇန်နဝါရီလ ၆ )မှာအမေရိကန်ပြည်ထောင်စု၊မေရီလန်းပြည်နယ်မှာ ကွယ်လွန်သွားပြီလို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (မြန်မာ နိုင်ငံ)ကသတင်းထုတ်ပြန်ပါတယ်။

အဝေးရောက်ညွှန်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် လူသိများခဲ့သူ အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာစိန်ဝင်း ဟာ အသက် အရွယ်အရ ကျန်းမာရေးမကောင်းတာကြောင့် မေရီလန်းပြည်နယ် က ဆေးရုံမှာ တက်ရောက်ကုသမှုခံယူရင်း ဒေသစံတော်ချိန်မနက် ၆ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားတာပါ။

ဒေါက်တာစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါက်တာစိန်ဝင်းရဲ့ ဖခင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကိုကြီး ဦးဘဝင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒေါက်တာစိန်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာမောင်နှမတဝမ်းကွဲတော်စပ်ပါတယ်။

ဒေါက်တာစိန်ဝင်းရဲ့ဖခင် ဦးဘဝင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကတော့ ၁၉၄၇ခုနှစ် ၊ ဇူလိုင် လ ၁၉ ရက်မှာ လုပ်ကြံခံခဲ့ရတာပါ။

၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဒေါက်တာစိန်ဝင်းဟာ တစ်ပါတီအာဏာရှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်သူ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဇာတိ ဖြစ်တဲ့ ပဲခူးတိုင်း ၊ပေါက်ခေါင်းမြို့နယ်က ဝင်ပြိုင်ရာမှာ လူထုက လွှတ်တော်ကိုယ်စားလှယ်အဖြစ်တင်မြှောက်ပါတယ်။

ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သောင်ပြိုကမ်းပြို အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စစ်တပ်ကအာဏာမလွှဲပေးတဲ့အခါ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ စုစည်းပြီး ၁၉၉၀ ခုနှစ် ၊ ဒီဇင်ဘာလ ၁၈ ရက် မှာတော့ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB)အဖွဲ့ ကို ကရင်အမျိုးသားအစည်းအရုံး​( KNU) ဌာနချုပ် မာနယ်ပလောမှာ ဖွဲ့စည်းခဲ့တာပါ။

NCGUB ရဲ့ ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာစိန်ဝင်းဖြစ်လာပါတယ်။ စစ်အစိုးရ လက်ထက် တလျှောက်လုံးမှာ NCGUB ဟာ ပြည်ပကနေ မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ ရွေးကောက်ပွဲဝင်ပြိုင်ပြီးနောက် မှာတော့ ဆက်လက်တည်ရှိဖို့မလိုအပ်တော့တာကြောင့် NCGUB ကိုဖျက်သိမ်းလိုက်တာပါ။

ဒါပေမယ့် စစ်အစိုးရ လက်ထက်တလျှောက်လုံး မတရားအသင်းအဖြစ် သတ်မှတ်ကြေညာထားခံရတဲ့ NCGUB ကို NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်မှာမှ မတရားအသင်းကနေ ပယ်ဖျက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အသက် ၇၅ နှစ်အရွယ်ဒေါက်တာစိန်ဝင်းဟာ နှစ်ပေါင်း ၃၀ နီးပါးအကြာ ၂၀၁၉ ခုနှစ်မှ မြန်မာနိုင်ငံကို ခေတ္တ ပြည်တော် ပြန်နိုင်ခဲ့ပါတယ်။

ပြည်တော်ပြန်ခရီးအတွင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေတဲ့ ညီမဖြစ်သူ နဲ့ နေပြည်တော် မှာ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

စစ်အစိုးရလက်ထက်မှာတော့ ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ NCGUB ကို ပြည်ပြေးအစိုးရ ၊ ပြည်ပြေးစိန်ဝင်း ၊ အဖျက်လုပ်ရပ်လုပ်ကိုင်နေသူတွေအဖြစ် စစ်တပ်ဝါဒဖြန့် သတင်းစာတွေက ဝါဒဖြန့်ခဲ့ပါတယ်။

ဒေါက်တာစိန်ဝင်းဟာ ရန်ကုန်တက္ကသိုလ်ကနေသင်္ချာဂုဏ်ထူးတန်းနဲ့ ဘွဲ့ရခဲ့ပြီးနောက်ဂျာမဏီနိုင်ငံဟမ်းဘတ်တက္ကသိုလ်ကနေ သိပ္ပံပညာရပ်နဲ့ ဒေါက်တာဘွဲ့ ရခဲ့သူပါ။

ဆက်စပ်သတင်းများ

News

၁၉၉၀ ရွေးကောက်ပွဲအပြီး အာဏာမလွှဲမှုကြောင့် ဖြစ်ပေါ်လာသည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရ(NCGUB)ကို ချေမှုန်းသလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ချေမှုန်းရန် လုပ်ဆောင်နေခြင်းကြောင့် မြေပြင်စိုးမိုးရေးတည်ဆောက်နိုင်ရန် အရေးကြီးကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။