close
Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို KNDF ဖျက်ဆီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF)က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဖေဖော်ဝါရီ-၁၀၊၂၀၂၆။ဇော်ဝင်း /People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF)က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဘိန်းမစိုက်ဖို့ သတိပေးချက်တွေကို မလိုက်နာတာကြောင့် မနေ့က(ဖေဖော်ဝါရီ ၉ ရက်)ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

“ ဒီးမော့ဆို-တောင်ငူ လမ်းမဘေးစိုက်ထားတဲ့အခင်းကို ဖျက်တာ” လို့ ကရင်နီပြည်နယ်က ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ဒေသတွင်း စားဝတ်နေရေး တစ်စိတ်တပိုင်းဖြစ်နေတဲ့ ဘိန်းစိုက်ခင်းကို ဖျက်ဆီးတာနဲ့ပတ်သက်လို့ စိုက်ခင်း တောင်သူတွေနဲ့ မူးယစ်ဆေးဝါးမလိုလားသူတွေကြား အငြင်းပွားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ မိရိုးဖလာဆိုတာထက် စိုက်တဲ့သူများလာတယ်။တစ်ခုရှိတာ ဘိန်းအစားထိုး သီးနှံတွေကို တာဝန်ရှိသူတွေဘက်ကလည်း ဖန်တီးပေးတာမျိုး ပိုလုပ်သင့်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘိန်းစိုက်ခင်းဖျက်ဆီးတာနဲ့ ပတ်သက်လို့ တပ်အနေနဲ့ မဆောင်ရွက်ဘဲ ပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်သင့်တယ်လို့လည်း ပြည်နယ်အရပ်ဘက် အဖွဲ့ဝင်တစ်ဦးက အကြံပြုပါတယ်။

“ တပ်က လုပ်တာဆိုတော့ အမြင်စူးသလိုဖြစ်သွားတာပေါ့။ပြည်ထဲရေးကနေ တိုက်ရိုက်သွားလို့မရတဲ့ အခြေအနေတခုကြောင့်လည်းပါမယ်။လမ်းမဘေးတွေက စိုက်ခင်းတွေနဲ့ပတ်သက်လို့ ဖျက်မယ်ဆိုတာကတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက သတိပေးပြီးသားလို့ သိရတယ်” လို့ သူက ပြောပါတယ်။

ပြည်နယ်တွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့မူဝါဒလမ်းညွှန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ရုပ်သံ – Moe Nyo/FB

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်မှာ တစ်ခုတည်းရှိတဲ့ ကရင်နီ တပ်မတော်(UKSA)ဖြစ်ဖို့ ကြိုးပမ်းနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့စစ်ရေးချုပ်ခူးရီးဒူက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေဖြစ်နေလို့ ဖရူဆို- ထားလဲ- နန်းဖဲ-ဘောလခဲ လမ်းမကြီးကို လုံးဝအသုံးမပြုဖို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေနဲ့ ပိုကောင်းတဲ့ စစ်ရေးအမြင်တွေနဲ့ စစ်ရေးအစီအစဉ်တွေ လုပ်ဆောင်ဖို့ ကြိုးစားနေကြောင်း KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောကြားခဲ့ပြီး စစ်ကောင်စီပြုတ်အောင် ဆက်လက်တိုက်ပွဲဝင်မယ်လို့ အသိပေးပါတယ်။

သတင်း

တော်လှန်ရေးပိုအားကောင်းစေဖို့ ငွေ၊အဆက်အသွယ်၊လူအင်အား မျှဝေသုံးစွဲတာတွေလုပ်ဖို့ရှိဟု အသိပေး