close
Connect with us

Hi, what are you looking for?

သတင်း

နယ်မြေမငြိမ်သက်တဲ့ကြားက ယင်းမာပင်​နယ်ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ပြည်သူတွေက “ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း” နဲ့ “ စုစည်းပါဝင် တော်လှန်ရေးအရှိန်တင်” ဆိုတဲ့ စာသားတွေကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ​ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ် ပညာပေးဟောပြောပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာခရိုင်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၃) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အစိုးရဆီက အင်အားသုံး ဖြိုခွင်းမှုတွေ ရှိမယ့် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့တိုင် အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေက နှစ်ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။