close
Connect with us

Hi, what are you looking for?

သတင်း

MNDAAနဲ့ TNLAတိုက်ပွဲရပ် ဆွေးနွေးအဖြေရှာဖို့ ကိုးကန့်၊ တအာင်းနဲ့ မန္တလေးကျန်းမာရေးအင်အားစုတွေ မေတ္တာရပ်ခံ

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ မဟာမိတ်အချင်းချင်း ဆွေးနွေးအဖြေရှာဖို့ အထူးဒေသ(၁) ကျန်းမာရေးအင်အားစု၊ CDM ကျန်းမာရေးအင်အားစု (တအာင်းပြည်)၊ ကျန်းမာရေးမိသားစု(မန္တလေး)တို့က မေတ္တာရပ်ခံ ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

(မတ် ၁၄ ရက်မှာကွတ်ခိုင်မြို့မှာတိုက်ပွဲဖြစ်ပွားပြီး ​နေအိမ်တလုံးမီး​လောင်စဥ်။ဓါတ်ပုံ-​ဒေသခံ)

မတ်-၁၅၊ ၂၀၂၆။ အိမ်သွင်၊ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ မဟာမိတ်အချင်းချင်း ဆွေးနွေးအဖြေရှာဖို့ အထူးဒေသ(၁) ကျန်းမာရေးအင်အားစု၊ CDM ကျန်းမာရေးအင်အားစု (တအာင်းပြည်)၊ ကျန်းမာရေးမိသားစု(မန္တလေး)တို့က မေတ္တာရပ်ခံ ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ပန်ကြားချက်တွေကို သီးခြားစီထုတ်ပြန်ခဲ့တာဖြစ်ပြီး ကိုးကန့် အထူးဒေသ(၁) ကျန်းမာရေး အင်အားစုရဲ့ ကြေညာချက်မှာတော့ MNDAAနဲ့ TNLAအကြား လက်ရှိ ဖြစ်ပေါ်နေတဲ့ ညီနောင်မဟာမိတ်အချင်းချင်း နားလည်မှု လွဲမှားပြီး စစ်ရေးအရ ဖြေရှင်းနေကြတာကို အလွန်ဝမ်းနည်းစိတ်မကောင်း ဖြစ်ရကြောင်း ဖော်ပြပါတယ်။

” ကျွန်ုပ်တို့ အထူးဒေသ(၁)မှ ကျန်းမာရေး အင်အားစုများအနေဖြင့် စစ်အာဏာရှင်ကို အမြန်ဆုံး အမြစ်ပြတ် ဖြုတ်ချ၍ တိုင်းရင်းသား ညီနောင်အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော လူ့ဘောင် အဖွဲ့အစည်းတစ်ခု တည်ဆောက်ရေးကိုသာ လိုလားပါသည်” လို့ ဖော်ပြပြီး ညီနောင်အချင်းချင်း ရင်းနှီးစွာ အတူ ပေါင်းဖက်နေထိုင်ခဲ့တာ ထောက်ရှုပြီး ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ ပန်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေး ကျန်းမာရေးမိသားစုရဲ့ထုတ်ပြန်ချက်မှာ စစ်အာဏာရှင် ကျရှုံးရေးအတွက် တိုက်ပွဲဖော်ဆောင်ခဲ့ကြသော မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖော်နဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရတဲ့ ဂုဏ်ယူခဲ့ရသလို စစ်အာဏာရှင် ကျရှုံးရေးအတွက် ဆက်လက်တိုက်ပွဲဖော်ဆောင်ရေး မှာလည်း ဆက်လက် လက်တွဲလုပ်ဆောင်ပြီး ဝမ်းမြောက်ဂုဏ်ယူလိုကြောင်း အသိပေးပါတယ်။

လက်ရှိ ပဋိပက္ခဖြစ်နေတဲ့ MNDAAနဲ့TNLA အနေနဲ့ မြန်မာပြည်တော်လှန်ရေးတစ်စုံလုံးရဲ့ အနေထား – မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်ရေးအောင်မြင်ရေး မျှော်မှန်းချက် – နွေဦးတော်လှန်ရေးတွင် ပေးဆပ်ပြီး အသက်ပေးလှူသွားသော ရဲဘော်လူနာတွေနဲ့ နှစ်ဖက်အဖွဲ့အစည်းတွင် တော်လှန်ရေးကိုရှေးရှု၍ အလုပ်လုပ်ကိုင်နေကြသော CDMကျန်းမာရေး ဝန်ထမ်းတွေရဲ့ မျက်နှာကို ထောက်ထားပြီး တွေ့ဆုံညှိနှိုင်းခြင်းဖြင့် မိတ်ဖက်ပြဿနာကို ဖြေရှင်းပေး ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အလားတူ CDM ကျန်းမာရေးအင်အားစု (တအာင်းပြည်) ကလည်း MNDAAနဲ့ TNLA မဟာမိတ် အချင်းချင်း နားလည်မှုလွဲ စိတ်ဝမ်းကွဲနေကြတဲ့ အပေါ် အချင်းချင်း ဆွေးနွေးအဖြေရှာ ပြီး ပြန်လည်သင့်မြတ်ကြမယ်လို့ မျှော်လင့်မိကြောင်း ဖော်ပြပါတယ်။

ဒါပေမဲ့ မတ်လ ၁၄ရက် နံနက်ခင်းမှစတင်ပြီး ကွတ်ခိုင်မြို့နဲ့ အခြားနေရာတွေမှာ စစ်ရေးနည်းဗျူဟာကို အသုံးပြုပြီး ညီနောင်အချင်းချင်း ဖြေရှင်းနေကြတာ ကြားရလို့ အလွန်ဝမ်းနည်းကြောင်း ဖော်ပြါတယ်။

“ကျွန်ုပ်တို့ တအာင်းပြည်ရောက် CDM ကျန်းမာရေးအင်အားစုများအနေဖြင့် မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာရှင်ကို အမြစ်ပြတ်ဖြုတ်ချ၍ တိုင်းရင်းသားညီနောင်အားလုံး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်သော လူ့ဘောင်အဖွဲ့အစည်းတစ်ခု တည်ဆောက်ရေးကိုသာ လိုလားပါသည်” လို့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ညီနောင်အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အတူပေါင်းဖက်နေထိုင်ခဲ့တာကို ထောက်ရှုပြီး ရန်ကို ရန်ချင်း မတုံ့နှင်းကြဘဲ စားပွဲဝိုင်းတွင်သာ ဆွေးနွေးအဖြေရှာပေးဖို့ပန်ကြားထားပါတယ်။

MNDAAနဲ့ TNLAတို့ဟာ ဖေဖော်ဝါရီ ၁၃ရက်မှာ ကွတ်ခိုင်မြို့နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုကြောင့် ပြဿနာ စတင်ခဲ့ရာ တလကြာတဲ့အထိ ဆွေးနွေးဖြေရှင်းနိုင်ခြင်းမရှိဘဲ မတ်လ ၁၄ရက်မှာ MNDAAက အင်အားအလုံးအရင်းနဲ့ ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ထိုးစစ်ပထမနေ့မှာ ကွတ်ခိုင်မြို့ ဧရိယာ အများစုကို MNDAAက ထိန်းချုပ်နိုင်ခဲ့ပြီး ဒီကနေ့ နေ့လည်မှာတော့ မြို့တခုလုံးကို အပြီးသတ် ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။ MNDAAဟာ ကွတ်ခိုင်မြို့တွင်သာမက နမ့်ခမ်းနဲ့ အခြားဒေသတွေက TNLA တပ်စခန်းတွေကိုတိုက်ခိုက်နေတယ်လို့လည်း သတင်းရင်းမြစ်အချို့က ပြောပါတယ်။

TNLAကတော့ မဟာမိတ်အချင်းချင်း ပြဿနာ ဆွေးနွေးဖြေရှင်းလိုကြောင်းသ ဘောထား ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကွတ်ခိုင်မြို့နယ်နဲ့ပတ်ဝန်းကျင်နေရာတွေမှာMNDAA နဲ့ TNLA တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်တပ်ရဲ့ဂျက်ဖ်ိုက်တာတွေနဲ့ ကင်းထောက်လေယာဉ်တွေ ပျံသန်းနေပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့မတ်လ၁၅ရက်မနက်မှာလည်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ဟု ဒေသ ခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းမြောက်ကွတ်ခိုင်မြို့နယ်မှာတအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA) မဟာမိတ်နှစ်ဖွဲ့ကြားယနေ့ မနက်ပိုင်းက​နေ ညပိုင်းအထိ ပစ်ခတ်မှုတွေရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ကွတ်ခိုင်မြို့နယ်နေရာအချို့မှာ ဒီက​နေ့မနက်ပိုင်းမှာ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA)မဟာ မိတ်အချင်းချင်းတိုက်ပွဲစဖြစ်ကြောင်းဒေသစစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံအချို့ကပြောပါတယ်။