close
Connect with us

Hi, what are you looking for?

ဆောင်းပါး

အညာအလှူတွေရဲ့သောက

မတ်လ ၇ ရက်နေ့မနက်ကစစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ နတ်လာပို့ရွာမှာ အလှူပွဲတစ်ခု ကျင်းပနေခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ စစ်ကောင်စီတပ်ကလည်းကနီနယ်အတွင်းကိုအင်အား ၄၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတယ်။ အဲဒီစစ်ကြောင်းက ကျေးရွာတွေဘက်ကို ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

(စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တစ်ခုတွင် အလှူလှည့်နေစဥ် စစ်တပ်က လက်နက်ကြီးပစ်ခတ်နေ၍ ရပ်တန့်ထားရစဥ်။ ဓာတ်ပုံ-CJ)

Scorpio/People’s Spring

မတ်လ ၇ ရက်နေ့မနက်ကစစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ နတ်လာပို့ရွာမှာ အလှူပွဲတစ်ခု ကျင်းပနေခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ စစ်ကောင်စီတပ်ကလည်းကနီနယ်အတွင်းကိုအင်အား ၄၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတယ်။ အဲဒီစစ်ကြောင်းက ကျေးရွာတွေဘက်ကို ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

အဲဒီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက နတ်လာပို့ရွာထဲက အလှူအိမ်ပေါ် တည့်တည့်လာကျခဲ့တယ်။ မောင်ရှင်လောင်းအပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေ​က ပြောပါတယ်။

“ ကိုးယောက်သေတယ်။ ဘုန်းကြီးနှစ်ပါးပါတယ်။ ရှင်လောင်းနှစ်ယောက်ပါတယ်။ကျန်တာအလှူလာတဲ့ပြည်သူတွေထိတာ။အကုန်လုံးက ပြည်သူတွေပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနီနယ် အလှူလေကြောင်းတိုက်ခိုက်ခံရတော့ အညာက စီစဥ်ထားတဲ့အလှူတွေ ခေါင်းခဲကြရပြီ။

နွေဦးကာလဟာ အညာမှာ တောင်သူသိမ်းချိန်မို့ လက်ထဲစုထားဆောင်းထားတာလေးတွေနဲ့ မိမိတို့သားသမီးလေးတွေကို ရှင်ပြုနားသ ပြုပေးကြချိန်ပါ။ အာဏာသိမ်းကာလတလျှောက် စစ်တပ်ရဲ့စစ်ကြောင်းထိုးသတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အလှူအတန်းတွေ ရပ်ဆိုင်းသွားခဲ့ရတယ်။

အာဏာသိမ်းကာလ ၅ နှစ်ကျော်လာတော့ တချို့လည်း ကိုယ့်သားသမီးလေး အရွယ်လွန်မသွားခင်တစ်သက်မှာတစ်ခါ ရှင်ပြုပေးချင်ကြတယ်။ ဒါကြောင့် အလှူတွေအရဲစွန့်လုပ်လာကြတာပါ။

စစ်ကောင်စီက အလှူပွဲတွေကို အခုမှဗုံးကြဲတာမဟုတ်ပါဘူး။ အလှူတွေကို အကြိမ်ကြိမ်ဗုံးကြဲ လက်နက်ကြီးနဲ့ထုခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုပါ။ အဲဒီရွာမှာ ရုံးဖွင့်ပွဲတစ်ခုပြုလုပ်ချိန် အလှူသဘောမျိုး ဧည့်ခံကျွေးမွေးတော့ ကလေးတွေ သက်ကြီးရွယ်အိုတွေလာစားကြတယ်။ အဲဒီအချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃၀ ကျော် အပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ဝ ကျော် သေဆုံးခဲ့ပါတယ်။ နောက်ထပ်လည်း အလှူပွဲတိုက်ခိုက်ခံရမှုတွေ များစွာရှိခဲ့ပါသေးတယ်။

အာဏာသိမ်းကာလ ၅ နှစ်ကျော်လာချိန်မှာတော့ကျေးလက် ဓလေ့ထုံးစံ တခုဖြစ်တဲ့ အလှူပွဲလမ်းတွေမှာ ဆောင်းဘောက်တွေ၊ လော်စပီကာတွေဖွင့်တဲ့ ဓလေ့ကလည်း တဖန်ပြန်ပြီးခေတ်ထလာခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီဓလေ့ကြောင့်လည်း စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးအတွက် သတင်းထောက်လှမ်းရာမှာ အခက်အခဲဖြစ်လာတယ်လို့ မြေပြင်က ကင်းထောက်ရဲဘော်တွေက ပြောပါတယ်။

“ အလှူက ၃ ရက်ဆို ၃ ရက်လုံး မနက် ၆ ည ၆ ဖွင့်တာ အော်လံတွေနဲ့” လို့ မုံရွာနယ်က ကင်းထောက်ရဲဘော်တစ်ဦးက ပြောပါတယ်။

ကျေးရွာကို တာဝန်ယူထားတဲ့ တာဝန်ခံတွေကလည်း အလှူပွဲလမ်းကိစ္စ ထိန်းကြောင်းမှုတွေမှာ အားနည်းနေတယ်လို့ ကင်းထောက်ရဲဘော်အချို့က ပြောပါတယ်။

“ အဓိကက အသံချဲ့စက်တွေပဲ။ လေထီးသံမကြား ဘာမကြားခုက။” လို့ ကင်းထောက်ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒီလို ခေတ်ကာလ အခြေအနေနဲ့ မကိုက်ညီတဲ့ မိမိတို့ရဲ့ အသက် အန္တရာယ်ကို ရန်ပြုနိုင်တဲ့ ဓာတ်စက်ဖွင့်တဲ့ အလေ့အထကို ပြည်သူတွေ အနေနဲ့ အသိသတိနဲ့ စွန့်လွှတ်ရမှာ ဖြစ်သလို တာဝန်ရှိသူတွေအနေနဲ့လည်း ကိုယ်တိုင်ကစပြီး လိုက်နာကျင့်သုံး ထိန်းသိမ်းသင့်တယ်လို့ ကင်းထောက်ရဲဘော်က အကြံပြုပါတယ်။

“ စည်းကမ်းနဲ့အသိလည်းအားနည်းရတဲ့အထဲအုပချုပ်ရေးက လူထုကို မစည်းရုံးနိုင်ဘူး ဖြစ်နေတာ” လို့ မုံရွာမြို့နယ် စစ်​ဘေးသင့်ဒေသက ပြည်သူတစ်ဦးက ပြောပါတယ်။

ကနီနယ်က အလှူရဲ့အခြေအနေကတော့ တစစီဖြစ်သွားခဲ့ရတယ်။ ထိခိုက်သူတွေလည်း ဆေးကုသနေရတယ်လို့ သိရတယ်။ “ လတ်တလောအထိကို လူနာတွေနေရာရွေ့ပြောင်းပြီးတချို့လုပ်ငန်းလေးတွေ လုပ်နေရဆဲပါ” လို့ ကနီနယ်က အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ။

ဆက်စပ်သတင်းများ

Facebook