close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

မတ်-၁၆၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက “ အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်” စာသားကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့နဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲကြဖို့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း ယောဒေသမှာလည်း မတ်လမှာကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ လှုပ်ရှားမှုအဖြစ် အမျိုးသမီးများနေ့အကြောင်းနဲ့အမျိုးသမီး​အခွင့်ရေးအကြောင်း ဟောပြောပွဲပြုလုပ်ကာ အမျိုးသမီးသုံးပစ္စည်းတွေလည်း ဝေငှပေးခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ယောလူထုတိုက်ပွဲကော်မတီ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့ရဲ့ မြောက်ဘက်ရွာသာယာရွာကို တပ်စွဲထားတဲ့ စစ်တပ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဆည်လေးတောလမ်းဆုံကို စစ်ကြောင်းထိုးလာတာမို့ တော် လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ကာစစ်အုပ်စုက အလောင်းတွေ သယ်ထုတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

သတင်း

မတ်- ၁၀၊၂၀၂၆။သုည/People’s Spring စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေလွှတ်ပေးရေး တောင်းဆိုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၀)မှာ ပြုလုပ်ခဲ့ပါတယ်။ ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး “ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကျဆုံးရေး” အလံမလိပ် အသံမတိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။...

သတင်း

စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (မတ်လ ၈)မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။