close
Connect with us

Hi, what are you looking for?

သတင်း

MNDAAနဲ့ TNLA တို့တော်လှန်ရေးအကျိုးမထိခိုက်စေဘဲညှိနှိုင်းဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း NUG ယာယီသမ္မတပြော

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ရဲ့နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ က ဆုတောင်းပေးခဲ့ပြီးတော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှု ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းဖော်ပြပါတယ်။

မတ်-၁၇၊၂၀၂၆။ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ရဲ့နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ က ဆုတောင်းပေးခဲ့ပြီးတော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှု ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းဖော်ပြပါတယ်။

MNDAAနဲ့ TNLA အကြား ညီနောင် မဟာမိတ်အချင်းချင်းပြဿနာဖြစ်ပွားမှုနဲ့ပတ်သက်ပြီးယာယီသမ္မတက ဒီကနေ့ မတ်လ ၁၇ရက်မှာမေတ္တာရပ်ခံတိုက်တွန်းချက်ထုတ်ပြန်ခဲ့တာပါ။

“ နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ပြီးနောက်မတ်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNTJP/ MNDAA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) ခေါင်းဆောင်များအနေဖြင့် ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သတင်းကြားသိရသည့်အတွက် အထူးဝမ်းမြောက်ရပါသည်။တော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ ဖြစ်သည့်အားလျော်စွာ တော်လှန်ရေးမျက်နှာကို ရှေးရှုလျက် တော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှုကို ဆောင်ရွက်နိုင်ကြလိမ့် မည်ဟု ယုံကြည်ပါသည်” လို့ ယာယီသမ္မတရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

Public Service Announcement

Public Service Announcement

ညီနောင်မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ဟာမတ်လ ၁၆ရက်ညက နှစ်ဖက် အပစ်ရပ်စဲဖို့ ထားဖို့ ကနဦးသဘောတူညီချက် ရရှိထားပြီးဒီကနေ့မှာ အသေးစိတ်ဆွေးနွေးမှုတွေဆက်လုပ်နေတယ်လို့ တအာင်းသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ကွတ်ခိုင်မြို့မှာ ဖေဖော်ဝါရီ ၁၃ရက်က နယ်မြေဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ပွားခဲ့ရာ တလအကြာ မတ်လ ၁၄ရက်မှာ MNDAAက TNLA ထိန်းချုပ် ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်လို့ မတ်လ ၁၆ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပါတယ်။

“လောလောဆယ်တော့မနေ့ည၁၀နာရီ ကတည်းက အပစ်ရပ်ဖို့ သဘောတူကြတယ်။ သို့သော် အသေးစိတ်ကိုကျတော့ ဒီနေ့ ဆက်ဆွေးနွေးတဲ့ သဘောလို့ ကြားသိရပါတယ်။”လို့ တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။

အခုလို ဆွေးနွေးနိုင်တာ ကောင်းမွန်တဲ့လက္ခဏာဖြစ်သလို ဆွေးနွေးပွဲ ရလဒ်က များစွာ အရေးကြီးကြောင်းလည်း တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။

“ဘယ်လောက်ထိ မျှတမှုရှိလဲပေါ့” ဟု တအာင်းသတင်းရင်းမြစ်က MNDAAနဲ့ TNLA ဆွေးနွေးပွဲ အခြေအနေနဲ့ပတ်သက်ပြီး ပြောပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေ လောက်ကိုင်မှာ ဆွေးနွေးခဲ့မှုအခြေအနေတွေ မေးမြန်းဖို့ လွေးယေဦးဆီကို ဆက်သွယ်ထားဆဲဖြစ်ပြီးအဆက်အသွယ်မရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ဖိအားပေးတာတရားဝင်ပြောတာမရှိ၊ လတ်တလောအပြောင်းအလဲမရှိဂိတ်တွေဆက်ထိုင်ထားဟု KIA ပြော

သတင်း

ညီနောင်မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့က ​ခေါင်း​​​ဆောင်​တွေဟာကိုးကန့်ဒေသ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးနွေးနေကြပါတယ်။

သတင်း

​မြောက်ပိုင်းမဟာမိတ် ညီ​နောင်သုံး​ဖော်ထဲက MNDAA နဲ့ TNLA လက်ရှိဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို့ ညီနောင်မဟာမိတ်အဖွဲ့ဝင် အာရက္ခတပ်တော် AA က တိုက်တွန်းထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲသုံးရက်အတွင်း TNLA တပ်ဖွဲ့ဝင် ၁၀၀ကျော်ဖမ်းဆီးခံထားရတယ်လို့ TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။