close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ဆီဆိုင်တန်းစီနေစဉ်ကြားဖြတ်ဝင်လာတဲ့ကားက ဆိုင်ဝန်ထမ်း ကားနဲ့တိုက်ပြီး မောင်းပြေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စက်သုံးဆီဆိုင်မှာ တန်းစီနေကြစဉ်ကြားဖြတ်ဝင်လာတဲ့ကားက ဝန်ထမ်းကိုတိုက်ပြီး မောင်းပြေးသွားလို့ ဝန်ထမ်း ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောပါတယ်။

(မုံရွာမြို့မှာ ဆီဖြည့်ဖို့ စီတန်းနေကြတာကို မတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဧပြီ-၁၆၊ ၂၀၂၆ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စက်သုံးဆီဆိုင်မှာ တန်းစီနေကြစဉ်ကြားဖြတ်ဝင်လာတဲ့ကားက ဝန်ထမ်းကိုတိုက်ပြီး မောင်းပြေးသွားလို့ ဝန်ထမ်း ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောပါတယ်။

ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က မုံရွာမြို့၊ စိုးစက်သုံးဆီဆိုင်မှာ မော်တော်ယာဥ်တွေ ဆီဖြည့်ဖို့ တန်းစီနေစဥ် Honda Fit ယာဥ်မောင်းတစ်ဦးကတန်းမစီပဲကြားဖြတ်ဝင်ရောက်ရာကနေ ဆီဆိုင်ဝန်ထမ်းတွေနဲ့ စကားများခဲ့ကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အဲဒီနောက် ကားသမားဟာ ကားပေါ်ကနေ ဝန်

Public Service Announcement

Public Service Announcement

ထမ်းကို ဂွနဲ့ဆင်းရိုက်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် စာရင်းကောက်ဝန်ထမ်းကို ကားဖြင့်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

“ ဆီဆိုင်ဝန်ထမ်းခြေထောက် ထိသွားတယ်။ ကျိုးမကျိုးတော့ မသိရဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မုံရွာမြို့မှာ စက်သုံးဆီ ဝယ်ယူဖို့ အချိန်ပေးတန်းစီနေရဆဲဖြစ်ပြီး ကြားဖြတ်ဝင်ရောက်သူတွေကြောင့် မကြာခဏ စကားများနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သင်္ကြန်အတက်နေ့ ပြည်သူတွေရေကစားနေတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်တွေမှာ စစ်တပ်က တွေ့သမျှ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေတွေကြောင့် မုံရွာမြို့အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းအချို့ ယာဉ်စီးခနှုန်းထားတွေ မြင့်တက်လာကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီးဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook