close
Connect with us

Hi, what are you looking for?

ဆောင်းပါး

သံချပ်ကြောက်တဲ့ စစ်ကောင်စီ

​သင်္ကြန်ဆိုတာနဲ့ ရေပက်ခံထွက်တာထက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတာက “ သံချပ်” တွေပါ။ ခေတ်အဆက်ဆက်မှာ ပြည်သူ့ရင်ထဲက အဖုအထစ်တွေကို ဒုန်းခနဲ၊ ဒုန်းခနဲ မြည်အောင် ထိုးနှက်ပြနိုင်တာက သံချပ်အနုပညာပဲ ဖြစ်ပါတယ်။

​တော်လှန်​ရေးအင်အားစု​တွေရဲ့ အခုနှစ် သင်္ကြန်သံချပ်​တွေ

ဟာနာဆန်/People’s Spring

​သင်္ကြန်ဆိုတာနဲ့ ရေပက်ခံထွက်တာထက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတာက “ သံချပ်” တွေပါ။ ခေတ်အဆက်ဆက်မှာ ပြည်သူ့ရင်ထဲက အဖုအထစ်တွေကို ဒုန်းခနဲ၊ ဒုန်းခနဲ မြည်အောင် ထိုးနှက်ပြနိုင်တာက သံချပ်အနုပညာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့ ဒီအနုပညာဟာ သူတို့အတွက် ကျည်ဆန်ထက်ကြောက်ဖို့ကောင်းတဲ့ လက်နက်တစ်ခု ဖြစ်နေပုံရပါတယ်။ သံချပ်တွေမထိုးဖို့ သင်္ကြန်မရောက်မီ ရက်ပိုင်းအလိုကမှ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာနက တားမြစ်လိုက်တာပါ။

​တော်လှန်​ရေးအင်အားစု​တွေရဲ့ အခုနှစ် သင်္ကြန်သံချပ်​တွေ

စစ်တပ်က အခုနှစ်သင်္ကြန်ကို စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာ စည်ကား​အောင်လုပ်ကြဖို့ ဖိအား​ပေးလုပ်ခဲ့​ပေမယ့် သင်္ကြန်ရဲ့ ဝဥာဥ်ဖြစ်တဲ့ သံချပ်ကို​တော့ ​ကြောက်​နေတာဖြစ်ပါတယ် ။​ဘာဖြစ်လို့ စစ်ကောင်စီကသံချပ်တွေကိုဒီလောက်တောင်ကြောက်နေရတာလဲ။

“ သံချပ်ဆိုတာက အနုပညာဆန်တယ်။ အမှားတွေကို ဝေဖန်ထောက်ပြတဲ့အခါမှာ တဖက်က မခံချိမခံသာဖြစ်အောင်၊ မြင်ရအောင် ထောက်ပြနိုင်တဲ့ လက်နက်တစ်ခုဖြစ်တယ်။ … သူတို့ထိန်းချုပ်ရာနယ်မြေတွေမှာ လွတ်လပ်စွာ သံချပ်ထိုးခွင့်ပြုမယ်ဆိုရင် သူတို့အရှက်အများကြီးကွဲမယ်။” လို့ မုံရွာသပိတ်လှုပ်ရှားမှုကော်မတီက ကိုရှင်းသန့်က စစ်တပ်ရဲ့ သံချပ်ပိတ်ပင်မှုအပေါ် မှတ်ချက်ပြုပါတယ်။

Public Service Announcement

Public Service Announcement

​မှန်ပါတယ်။ သံချပ်ဆိုတာ ဟာသနှောပြီး ဝေဖန်တာမျိုး ဖြစ်ပေမဲ့ အဲဒီဟာသနောက်မှာ ပါသွားတဲ့ အမှန်တရားတွေက စစ်ကောင်စီအတွက်တော့ ခါးသီးလွန်းနေပါတယ်။ သူတို့လုပ်ခဲ့သမျှ မကောင်းမှုတွေကို လူပုံအလယ်မှာ အချက်ကျကျ အရှက်ခွဲခံရမှာကို သူတို့ အကြောက်ဆုံးပါပဲ။

​ဒီအချက်ကို ဒီနှစ် တော်လှန်သံချပ်ထွက်ခဲ့တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကလည်း ထောက်ခံထားပါတယ်။ သံချပ်ဟာ ရိုးရိုးဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ တော်လှန်ရေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့ သူက ဆိုပါတယ်။

​” ဟိုးယခင်ခေတ် အစိုးရအဆက်ဆက် ကောင်းတာတွေရော မကောင်းတာတွေရော ကိုယ်ပြောချင်တာတွေကို တစ်နှစ်မှတစ်ခါ ဒီသံချပ်ထိုးတဲ့အခါမှာပဲ ပြည်သူကို ချပြခွင့်ရတယ်။ ပြောခွင့်ရတယ်။ သံချပ်တစ်ခုဆိုတာထက် အနုပညာတစ်ခုထက် ပိုပြီးလေးနက်ပါတယ်။” လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။

​တကယ်တော့ သံချပ်ဆိုတာ ခေတ်စနစ်ရဲ့ ပြဒါးတိုင်ပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဆင်မပြေမှုတွေကို ပြည်သူ့ကိုယ်စား ဟစ်ကြွေးပေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာရှင်တွေကတော့ ပြည်သူ့အသံကို နားထောင်ဖို့ထက် အဲဒီအသံထွက်လာမယ့် ပါးစပ်တွေကို ပိတ်ဖို့ပဲ အမြဲကြိုးစားလေ့ရှိပါတယ်။

​ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီဝင်တစ်ဦးကတော့ အခုလို သုံးသပ်ပြပါတယ်။

​” ယခု မင်းအောင်လှိုင်ရဲ့ အာဏာရှင်စနစ်အောက်မှာတော့ ပြည့်သူ့အသံ ပြည်သူ့လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားဆီးတာတွေရှိနေတယ်။ ပြည်သူ့အသံကို ကြောက်တယ်လို့ ဆိုရမှာပဲ။ ကြောက်ဆို သူအုပ်ချုပ်တဲ့ ၅ နှစ်တာကာလအတွင်း တိုင်းပြည်ကြီး စုတ်ပြတ်သတ်နေတာ သူအသိပဲလေ” လို့ ပြောပါတယ်။

​ဒီစကားက အရမ်းထိမိပါတယ်။ တိုင်းပြည် ပျက်စီးနေတာကို လူတိုင်းသိပေမဲ့ အဲဒါကို အနုပညာနဲ့ အမှန်အတိုင်း ချပြမှာကို စစ်ကောင်စီက တုန်လှုပ်နေတာပါ။သင်္ကြန် ကိုစည်ကား​​အောင်လုပ်ခိုင်းပြီးသံချပ်​တွေကို တားမြစ်ခဲ့​​ပေမယ့် စစ်တပ်ထိန်းချုပ်ထားတဲ့မြို့​ကြီး​တွေမှာ​တော့ ဒီအ​ပေါ် ​မေးခွန်းထုတ်တာ ၊ကန့်ကွက်တာ ၊​စောဒကတက်ကြတာ​တော့ မ​တွေ့ရ​ပါဘူး။

တော်လှန်ရေးနယ်မြေတွေက ထွက်လာတဲ့ သံချပ်တွေကတော့ စစ်ကောင်စီကို ထိုးနှက်ရုံတင်မကဘဲ ကိုယ့်တော်လှန်ရေးအင်အားစုအချင်းချင်းလည်း အပြုသဘောဆောင် ဝေဖန်တာ၊ အားပေးတာတွေနဲ့ သံချပ်ထိုးနေကြောင်း တော်လှန်နယ်မြေက သံချပ်အဖွဲ့ဝင်တွေက ပြောပါတယ်။

“ ကျနော်တို့တော်လှန်ရေးအသိုင်းအဝန်းကထိုးတဲ့ သံချပ်တွေကတော့ စကမကို ပြည်သူ့အသံနဲ့ ထိုးနှပ်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရကိုရောအပြုသဘောဆောင်ပြီး ဝေဖန် ထောက်ပြကြတယ်။ တော်လှန်ရေး ဖောက်ပြန်သူတွေကိုလည်း ဝေဖန်တယ်။ တော်လှန်ရေးသမားတွေကိုလည်း အားပေးဂုဏ်ပြုချီးကျူးတယ်။” လို့ တော်လှန်နယ်မြေက သံချပ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

အထက်ပါအဖွဲ့တွေဟာ ယခင်ကလည်းသံချပ်အဖွဲ့တွေ လုပ်ခဲ့ပြီး ပြည်သူ့အဆင်မပြေမှုတွေ၊ အုပ်ချုပ်သူတွေရဲ့ အလွဲအချော်တွေကို သံချပ်ထိုးခဲ့ကြသူတွေဖြစ်သလို ယခုတော်လှန်ရေးကာလမှာလည်း တော်လှန်နယ်မြေတွေကနေ သံချပ်တွေထိုးပြီး ဝေဖန်ထောက်ပြနေကြသူတွေပါ။

​နိဂုံးချုပ်ရရင်တော့ စစ်ကောင်စီဟာ သေနတ်သံကို မကြောက်ပေမဲ့ “ ပြည်သူ့အသံ” ကိုတော့ တကယ်ကြောက်ပါတယ်။ အမှန်တရားကို အနုပညာနဲ့ ဖော်ထုတ်တဲ့ သံချပ်သံတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ အဓမ္မဝါဒကို အရှက်ခွဲနေဦးမှာဖြစ်သလို၊ ဒီအသံတွေ မတိတ်သရွေ့ သူတို့လည်း အေးအေးလူလူ အိပ်ရမှာ မဟုတ်ပါဘူး။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ သင်္ကြန်ကာလ ရေကစားကြမယ့်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးအစီအစဥ်တွေထားရှိဖို့နဲ့ ခိုက်ရန်မဖြစ်စေချင်ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ကို သင်္ကြန်ရေကစားလာတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လို့ သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်းမှာဆောက်လုပ်ထားတဲ့ တိုင်းဒေသကြီးအစိုးရ ဗဟိုမဏ္ဍပ် ဧပြီ ၁၁ ရက်ညက ပြိုကျမှုဖြစ်ခဲ့တယ်လို့ သတင်းအထူးတပ်ဖွဲ့ -ပုသိမ်က ဖော်ပြထားပါတယ်။