close
Connect with us

Hi, what are you looking for?

ဆောင်းပါး

အမှောင်တိုက်ထဲ တိုးဝင်သွားတဲ့ ဦးကိုကိုကြီး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

နေပြည်​တော်မှာလုပ်တဲ့စစ်တပ်သင်္ကြန်နဲ့တပ်မ​တော်​နေ့ညစာစာပွဲမှာအာဏာသိမ်း​ခေါင်း​ဆောင်နဲ့လက်ဆွဲနှုတ်ဆက်​နေတဲ့ ဦးကိုကိုကြီး /စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းဆန္ဒပြပွဲမှာ​တွေ့ရတဲ့ ဦးကိုကိုကြီး ။ဓါတ်ပုံ-စစ်​ကောင်စီ ၊CJ

သော်မွန်/People’s Spring

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးဟာ NLD အရပ်သားအစိုးရလက်ထက်က ကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာရော၊ အာဏာသိမ်းစစ်တပ် ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲမှာပါ နှစ်ကြိမ်ဆက်တိုက်ရှုံးနိမ့်ပြီးတဲ့​နောက် အာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုအတွက် အလုပ်လုပ်ပေးဖို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်ဆိုတဲ့ ရာထူးကို လက်ခံလိုက်တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပြည်တွင်းနဲ့ နိုင်ငံတကာက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ရှုမြင်သတ်မှတ်ကြပေမယ့် အာဏာသိမ်းစစ်တပ်ပြုလုပ်ခဲ့တဲ့ ၂၀၂၅-၂၆ ရွေးကောက်ပွဲကိုတော့ စစ်တပ်အာဏာဆုပ်ကိုင်နိုင်ဖို့ လုပ်တဲ့ ဟန်ပြရွေးကောက်ပွဲ လို့သတ်မှတ်ခဲ့ကြပါတယ်။ နိုင်ငံ​ရေး​ခေါင်း​ဆောင်​တွေကိုဖမ်းဆီး၊အဓိကအတိုက်အခံပါတီ​တွေကိုမပါနိုင်​အောင်လုပ် ၊ ပြည်သူ​တွေကိုခြိမ်း​ခြောက်မဲ​ပေးခိုင်း၊​ရွေး​ကောက်ပွဲနဲ့ပတ်သက်လို့​ဝေဖန်ရင် ​​ထောင်ချ ၊ စစ်တပ်ပါတီဖြစ်တဲ့ ပြည်​ထောင်စုကြံ့ခိုင်​ရေးနဲ့ဖွံ့ဖြိုး​ရေးပါတီ အနိုင်ရဖို့မဲမသမာမှု​တွေလုပ် ၊ပြည်သူထက်ဝက်​လောက်မဲမ​ပေးတဲ့​ရွေး​ကောက်ပွဲမှာကြံ့ဖွံ့ကအပြတ်အသတ်အနိုင်ရလို့စစ်အုပ်စုက​ကြေညာခဲ့တာပါ ။ စစ်တပ်စိတ်တိုင်းကျစီစဥ်ထားတဲ့​ရွေး​ကောက်ပွဲက​နေ​ပေါ်​ပေါက်လာတဲ့ စစ်တပ်လွှတ်​တော်ကအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတ အဖြစ်​ရွေး​ကောက်တယ်လို့​ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နေပြည်တော်အာဏာကို ပြီးခဲ့တဲ့ ၅ နှစ်ကျော်ကအတိုင်း အသွင်ပြောင်းထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကပဲ ဆက်လက်ချုပ်
ကိုင်မှာ ဖြစ်တယ်လို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက ယုံကြည်ထားကြပါတယ်။

စနစ်ပြောင်းဖို့ ကြိုးစားနေတာလို့ စစ်တပ်ရွေးကောက်ပွဲကာလမှာပဲ ပြောဆိုခဲ့တဲ့ ဦးကိုကိုကြီးဟာ လက်ရှိမှာ စစ်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်အဖြစ် စစ်ယန္တရားထဲ တိုးဝင်လိုက်တာက တကယ်ပဲ​ စနစ်ပြောင်းဖို့ ဟုတ်ပါရဲ့လား။ ၈၈ အရေးတော်ပုံကစလို့ လက်ရှိ နွေဦးတော်လှန်ရေးအထိ မြန်မာ့နိုင်ငံရေးထဲ ဖြတ်သန်းခဲ့ကြသူတွေ၊​ တချိန်က သူ့ရဲ့နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဟောင်းတွေကတော့ ကိုကိုကြီးဟာ ပြည်သူလူထုအတွက် စနစ်ပြောင်းဖို့ကြိုးပမ်းခြင်းမဟုတ်ဘဲ အကြီးအကျယ်ဖောက်ပြန်ခြင်းသာ ဖြစ်တယ်လို့ ​ပြောကြပါတယ်။

“တိုင်းပြည် အာဏာကို အကြွင်းမဲ့ ပိုင်စိုးနိုင်ဖို့အ
တွက် အစိုးရအနေနဲ့ရော၊ စစ်တပ်အနေနဲ့ရော၊ လွှတ်တော်ထဲမှာရော အဖက်ဖက်ကနေ ထိန်းချုပ်ဖို့ စီမံထားတဲ့ မင်းအောင်လှိုင်ရဲ့ အစီအမံထဲက်ို ခေါင်းငုံ့ ဝင်လိုက်တာပါပဲ။ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုထဲကို ထဲထဲဝင်ဝင် ဝင်ပါလ်ိုက်တာဟာ သူပါဝင်ခဲ့ဖူးတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ နိုင်
ငံရေး လှုပ်ရှားမှုသမ်ိုင်းကို အပြီးတိုင်ရပ်စဲပြီး နိဂုံးချုပ်သွားတာ”လို့ ၈၈ မျိုးဆက် ပြည်တွင်း နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

ဦးကိုကိုကြီးဟာ အခုမှ စစ်တပ်ဘက် ကူးပြောင်းသွားတာ၊ ပြည်သူ့တော်လှန်ရေးကို ဖောက်ပြန်သွားတာ မဟုတ်ဘဲ ၈၈ အရေးတော်ပုံကာလကတည်းက စစ်တပ်မကြိုက်တာကို မလုပ်ချင်ခဲ့သလို စစ်တပ်နဲ့ ပြေလည်ရေး သဘောထားရှိသူဖြစ်တယ်လို့ ၈၈ မျိုးဆက်နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးကပြောပါတယ်။ရှစ်လေးလုံးလူထုအရေးတော်ပုံကာလအပြီး ၁၉၉၁ ခုနှစ်မှာ ဦးကိုကိုကြီး ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ကျခဲ့တာဟာ အဲဒီအချိန်က နိုင်ငံရေးဦးဆောင်မှုလုပ်လို့ ထောင်ကျခဲ့တာမဟုတ်ဘဲ နာမည်ကြီးကျောင်း
သားတွေအကုန် ပစ်မှတ်ထား ဖမ်းဆီးချိန်မှာ ပါဝင်ခဲ့တာလို့ အဲဒီနိုင်ငံရေးအကျဥ်းသားဟောင်းက ပြောပါတယ်။ အဲဒီအချက်ကို 10D လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတွေ သက်သေခံနိုင်တယ်လို့ သူက ဆိုပါတယ်။ 10D လှုပ်ရှားမှုဆိုတာ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိတာကို ထောက်ခံဆန္ဒပြတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ ရန်ကုန်မြို့ ကျောက်ကုန်းမှာ ပြုလုပ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရုံးဖွင့်ပွဲ အခမ်းအနားတစ်ခုမှာ ဦးကိုကိုကြီးက မြန်မာပြည်မှာ ပြည်တွင်းစစ်မရှိဘူးဆိုတာကို ပြောဆိုခဲ့တယ်လို့ အဲဒီအချိန် ရုံးဖွင့်ပွဲမှာ ရှိနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးက ပြောပါတယ်။လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်က ဖွားဖက်တော်အဖြစ် ရှေ့ဆင့်နောက်ဆင့်ဖြစ်ပွားခဲ့တာကို ဦးကိုကိုကြီး သိရှိလျက်နဲ့ ပြည်
တွင်းစစ်မရှိဘူးလို့ ပြောတာက ပြည်တွင်းစစ်ဆိုတဲ့ ပြောဆိုမှုကို စစ်တပ်က မကြိုက်လို့ ဦးကိုကိုကြီးကမပြောခဲ့တာလို့ အဲဒီပါတီဝင်ဟောင်းက ဆိုပါတယ်။

၈၈ မျိုးဆက် နိုင်ကျဥ်းဟောင်းတစ်ဦးလည်းဖြစ်၊ လက်ရှိမှာ A Time With Kyaw Kyaw Thein Youtube Channel စီစဥ်တင်ဆက်သူ ဦးကျော်ကျော်သိန်းကလည်း “ဘယ်တုန်းကမှ ပြည်သူ့ဘက်က ရပ်တည်ခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်အတွက်ပဲ ကိုယ်ရပ်တည်ခဲ့တာပါ။ ပြည်သူ့ဘက်က ရပ်တည်ပြီးတော့ ပြည်သူ့အတွက် ဘာတွေများ ထင်ထင်ရှားရှားပြောခဲ့လုပ်ပေးခဲ့ဖူးလို့လဲ”လို့ ပြောပါတယ်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲကာလမှာလည်း ဦးကိုကိုကြီးဟာ အဲဒီအချိန်က စစ်အစိုးရနဲ့ ပြေလည်ရေးကိုသာ ဆက်လက်နေခဲ့တယ်လို့ အဲဒီအချိန်က ဗကသ စည်းရုံးရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။အဲဒီတုန်းက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဥက္ကဋ္ဌ ကိုမင်းကိုနိုင်ဖမ်းဆီးခံထားရသလို ၊အထွေ
ထွေအတွင်းရေးမှူးဖြစ်တဲ့ ကိုမိုးသီးဇွန်က ပါတီနိုင်ငံရေးဘက် ကူးပြောင်းသွားချိန် ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးကိုကိုကြီးက ဥက္ကဋ္ဌဖြစ်လာပြီး သူ့ရဲ့ စစ်တပ်ရဲ့ပြေလည်ရေးသဘောထား လုပ်ရပ်တွေကြောင့် အဲဒီအချိန်မှာ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အထက်ဗကသ)၊အောက်ဗမာပြည်ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အောက်ဗကသ)ပေါ်လာခဲ့တာလို့ ဗကသစည်းရုံးရေးကော်မတီဝင်ဟောင်းက ဆက်ပြောပါတယ်။

“အထက်ဗကသ၊ အောက်ဗကသ ပေါ်လာတာလည်း သူ့(ဦးကိုကိုကြီး )ကို မကြိုက်လို့ ပေါ်လာတာ”လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဦးကိုကိုကြီးကတော့ သူဟာ ၁၉၈၈ မတ်လ ၁၆ရက် တံတားနီကျောင်းသားလှုပ်ရှားမှုတွေကစလို့ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲတွေမှာ စတင်ပါဝင်ခဲ့သူ၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းဖို့ ဦးဆောင်စည်းရုံးခဲ့သူလို့ သူ့ကိုယ်သူ ဆိုပါတယ်။၁၉၈၉ ဧပြီမှာ သူရေးသားတဲ့ ‘လက်ရှိမြန်မာနိုင်ငံနှင့် ကြားဖြတ်အစိုးရပြဿနာ’စာတမ်းကြောင့် ဖမ်းဆီးခံရပြီး ဇွန်လမှာပဲ ပြန်လွတ်လာခဲ့ကာ ဗကသဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးကိုကိုကြီးဟာ ၁၉၉၁ ဒီဇင်ဘာ ၁၁ရက်​(10D လှုပ်ရှားမှု အပြီး)မှာ စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး ၂၀၀၅ မတ်လမှာ ပြန်လည်လွတ်
မြောက်ခဲ့ပါတယ်။ ၂၀၀၆ စက်တင်ဘာ စစ်အစိုးရက ထပ်မံဖမ်းဆီးခဲ့ပြီး ၂၀၀၇ နှစ်ဆန်း ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားမှုတွေကြောင် အဲဒီနှစ် သြဂုတ်မှာ ထပ်မံဖမ်းဆီးခံရပြန်ပါတယ်။ ၂၀၁၂ နှစ်ဆန်းမှာတော့ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန်လက်ထက်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဦးကိုကိုကြီးအပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ အများအပြား ပြန်လည်လွတ်
မြောက်လာခဲ့ပါတယ်။

၂၀၁၂ မှာ မိုင်းဆက်အကျဥ်းထောင်က လွတ်မြောက်လာခဲ့တဲ့ ဦးကိုကိုကြီးဟာ နရသိန်ကို ရာသက်ပန် ကျောခိုင်းတော့မယ်လို့ ဆုံးဖြတ်ချက်
ချလိုက်ပုံပါပဲ။ ဒါပေမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ တောက်လျှောက်လုပ်ခဲ့သူတစ်ယောက်အနေနဲ့ နိုင်ငံရေးကိုတော့ ကျောမခိုင်းဘဲ ၈၈ မျိုးဆက်နိုင်ငံရေးဖြတ်သန်းမှုတွေကို သူ့နိုင်ငံရေးမှာ ပြန်လည် အသုံးချခဲ့ပါတယ်။

ထောင်ကလွတ်မြောက်လာပြီးနောက်ပိုင်း ဦးကိုကိုကြီးဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်
လင်း လူ့အဖွဲ့အစည်းမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် NLD ပါတီက မရွေးချယ်ခဲ့ပါဘူး။ ဒါကြောင့် ၂၀၁၇ နှစ်ကုန်ပိုင်းမှာတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့နဲ့အတူ ပြည်သူ့ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် ဒီချုပ်အမတ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူလူထုရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တာနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၁ရက်မှာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက စာသုံးကြောင်းပါ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ပြည်သူ့ပါတီရဲ့ကြေ
ညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်ပျက်စီးစေမယ့် လုပ်ရပ်များအားလုံးကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်းနဲ့ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ တိုက်
တွန်းကြောင်း ဖော်ပြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းစမှာဦး ကိုကိုကြီးဟာ ပြည်သူလူထုနဲ့အတူ လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသင်္ကေတ လက်
သုံးချောင်းထောင် ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ‘ကြောင်ကြာကြာ ရေမငုပ်ဘူး’ဆိုတဲ့အတိုင်း အာဏာသိမ်းပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၃ရက်မှာ ပြည်သူ့ပါတီရဲ့ ထုတ်ပြန်ချက်မှာ အာဏာသိမ်းဆိုတဲ့စကားလုံးထည့်သွင်းဖော်ပြပေမယ့် ၂၀၂၂ မတ်လမှာတော့ အာဏာသိမ်းစစ်ကောင်စီ အလိုကျ ‘နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်အာဏာကို ရယူထိန်းသိမ်း’ ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့ရှိနေတဲ့ ပြည်သူ့ပါတီဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာ
ဏာလိုချင်လို့ လက်နက်အားကိုးနဲ့ အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အတင်းအဓမ္မအာဏာသိမ်းတာလို့ ပြတ်ပြတ်ထင်ထင် ရှုမြင်ခဲ့တာကြောင့် အစပိုင်းမှာ အာဏာသိမ်းတယ်လို့ သုံးနှုန်းခဲ့သလို ၂၀၂၁ ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ အစည်းအဝေးဖိတ်ကြားမှုကို မတက်ရောက်ဘဲ ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့ ပြည်သူ့ပါတီကနေ နှုတ်
ထွက်သွားပြီးနောက်ပိုင်းမှာတော့ ကိုကိုကြီးရဲ့ စစ်တပ်ရဲ့ပြေလည်ရေးလမ်းစဥ်ဟာ ပြန်လည်အားကောင်းလာခဲ့ပါတယ်။

ဒါကြောင့်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တတိယအများဆုံးအနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)လို နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့ ပါတီက အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခြင်း မရှိပေမဲ့ ဦးကိုကိုကြီးရဲဲ့ ပြည်သူ့ပါတီကတော့ စစ်တပ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။ စစ်တပ်ရွေးကောက်ပွဲမှာ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးကိုကိုကြီးဟာ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်း တနည်းအားဖြင့် ဦးအောင်ဆန်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူ့လူထုအကျိုးကို စစ်မှန်တဲ့ စေတနာရှိ၊ ရှေးရှုတဲ့ ဦးအောင်ဆန်းက လမ်းမတော်မှာ အနိုင်ရခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးပုံရိပ်ကို အသုံးချပြီး စကားပြောဟန်တွေကအစ ပုံတူကူးခိုးချတဲ့ ဦးကိုကိုကြီးကတော့ လမ်းမတော်မှာလည်း ရှုံးခဲ့ပြန်ပါတယ်။

“ပြည်သူ့ပါတီကတော့ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့ ကတည်းကိုက ပြည်သူကို ကျောခိုင်းလိုက်တာပဲလေ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုဗစ် ကပ်ရောဂါကြီး ရှိနေလျှက်နဲ့ ညနေ မဲရုံ ပိတ်တဲ့အထိ စောင့်ပြီး မဲပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒဘက်ကမရပ်တည်ဘဲစစ်ခေါင်းဆောင်(မင်းအောင်
လှိုင်)ရဲ့ ဆန္ဒဘက်ကို ယိမ်းယိုင်ရပ်တည်ခဲ့တာပဲလေ”လို့ ၈၈မျိုးဆက် ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

ဦးကိုကိုကြီးဟာ သူ့ရဲ့နိုင်ငံရေးသမားဘဝ ရွေးကောက်ပွဲနှစ်ကြိမ်ဆက် ရှုံးနိမ့်ပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရွေးချယ်
ခန့်အပ်တဲ့ စစ်တပ်ရဲ့ အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တော့ ဖြစ်လာပါတယ်။

မင်းအောင်လှိုင်စစ်တပ်အာဏာသိမ်းအပြီး တစ်နှစ်ကျော်အကြာ ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီရဲ့ မျက်
နှာကိုမထောက် ဒီစစ်အုပ်စုနဲ့ လက်တွဲအလုပ်လုပ်ချင်တဲ့ ဦးကိုကိုကြီးရဲ့ စိတ်ဓာတ်ကို စဥ်းစားကြည့်လို့ရတယ်လို့ ၈၈မျိုးဆက် နိုင်ငံ၇ေးအကျဥ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

“ဗမာပြည်စစ်တပ်က ဖက်ဆစ်စစ်တပ်ပဲ။ အခုဆိုလည်း တပြည်လုံးသိတယ်။ပြည်သူအပေါ် စစ်တပ်လုပ်တဲ့ လုပ်ရပ်တွေ အကုန်လုံးက ဖက်ဆစ်ရဲ့ လုပ်ရပ်တွေ အတိုင်းပဲ။ ဒီစစ်တပ်က ဖက်ဆစ်စစ်တပ်ဆိုတာကို ကိုကိုကြီး မမြင်ဘူး။​ သူမမြင်သရွေ့ လွဲနေမှာပဲ။ သူနဲ့အတူတူ တွဲလုပ်ခဲ့တဲ့ ရဲဘော်ရဲဖက်လို၊ ညီအစ်ကိုလို လူတစ်ယောက်ကို သတ်လိုက်တဲ့ စစ်တပ်နဲ့တောင် လက်တွဲပြီး လုပ်ချင်တဲ့သူရဲ့ စိတ်ဓာတ်ကို စဥ်းစားကြည့်လို့ရတယ်လေ”လို့ သူက ဆိုပါတယ်။

၈၈မျိုးဆက်က ဦးတိုးကျော်လှိုင်ကလည်း ဦးကို
ကိုကြီးနဲ့ပတ်သက်လို့ “အရင်ကတည်းက စစ်တပ်ကို မျက်စပစ်နေတဲ့ လူတစ်ယောက်ပဲဗျ။ နာမည်ကလည်း ပျက်ပြီးသားပါ။ နွေဦးတော်လှန်ရေးကိုလည်း မထောက်ခံခဲ့ဘူးလေ။ အစကတည်းက။ အကြမ်းဖက်စစ်အုပ်စုက လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲမှာလည်း သူ့ကိုယ့်သူ ထင်တလုံးနဲ့ ဝင်ပြီး ပြိုင်ခဲ့သေးတယ်။ ဒီဘက်နှစ်တွေမှာ သူ့နာမည်က ပျက်ပြီးသားပါဗျာ။ သူ့နာမည်က တော်တော်ကြီးကို ပျက်ပြီးနေပါပြီ။ အားလုံးလည်း သိပြီးသားဖြစ်ပါတယ်။ အခု ဖောက်ပြန်မှုက ပိုပြီး ပီပြင်သွားတယ်လို့ ဆိုရမှာပေါ့။ သူ့သမိုင်းကလည်း သေသွားပါပြီ။ အကြမ်းဖက်စစ်တပ်ရဲ့ လက်ကိုင်တုတ် ဖြစ်ပါပြီ”လို့ မှတ်ချက်ပြုပါတယ်။

ဦးကိုကိုကြီးက သူတို့မှာလည်း နိုင်ငံရေးလုပ်ခွင့်ရှိပါတယ်လိုမျိုး အရင်တုန်းက ပြောခဲ့ဖူးပြီး အဆုံးကျ အာဏာသိမ်းစစ်တပ်က စိတ်ကြိုက် အကွက်
ချ စီစဥ်လာတဲ့ ယန္တရားထဲမှာ ပါလိုက်တာက အကြမ်းဖက်စစ်တပ်နဲ့ တဂိုဏ်းထဲပဲဆိုတာ ရှင်းသွားတာပါပဲလို့ ၈၈ မျိုးဆက် နိုင်ကျဥ်းဟောင်း ဦးကျော်ကျော်သိန်းက သုံးသပ်ပါတယ်။

ဦးတိုးကျော်လှိုင်ကလည်း ပြည်သူတွေကို အရွယ်သုံးပါးမရွေး ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်တပ်၊ ကိုဂျင်မီတို့၊ ကိုဖြိုးဇေယျာသော်တို့ကို တော်လှန်ရေးသူရဲကောင်းတွေကို ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ စစ်တပ်၊ စစ်ကြောရေးမှာလည်း တက်ကြွလှုပ်ရှားသူတွေကို အများကြီး သတ်ဖြတ်ခဲ့တဲ့ စစ်တပ်၊​ အပြစ်မဲ့ပြည်သူလူထုကိုလည်း အခုအချိန်အထိ နေ့စဥ် လေယာဥ်နဲ့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်တပ်၊ အဲဒီအကြမ်းဖက်စစ်တပ်နဲ့ ကိုကိုကြီးနဲ့ တသားတည်းဖြစ်သွားတယ်လို့ မြင်ကြောင်းနဲ့ ၈၈ မျိုးဆက်ကို သစ္စာဖောက်သွားခဲ့သူလို့ သတ်မှတ်ကြောင်း ပြောပါတယ်။ ပြည်သူလူထုကိုလည်း သစ္စာဖောက်သွားသူလို့လည်း သတ်မှတ်ရမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ကမ္ဘာတစ်ဝန်းက စစ်ပွဲတွေနဲ့ စစ်ရေး ပဋိပက္ခတွေကို စောင့်ကြည့်နေတဲ့ လက်နက်ကိုင် ပဋိပက္ခများ တည်နေရာနဲ့ ဖြစ်စဉ်အချက်အလက်ပြ စီမံကိန်း (ACLED)ပြုစုထားတဲ့အချက်အလက်​တွေအရစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတိုက်ပွဲ​တွေ ၊ပဋိပက္ခ​တွေ ​၊အကြမ်းဖက်မှု​တွေ​ကြောင့်​သေဆုံးခဲ့ရသူ​ပေါင်း ၉၃၀၀၀ ခန့်ရှိပါတယ်။စစ်တပ်သတ်ဖြတ်တာ​တွေထဲမှာ ဗုံးကြဲပြီးအုပ်စုလိုက်သတ်ဖြတ်တာ၊အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု​တွေကရာနဲ့ချီပြီးရှိပါတယ် ။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းတွေကအရ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်အထိ ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုရဲ့လက်နက်ကိုင်​တွေက အရပ်သား ပြည်သူပေါင်း ရှစ်​ထောင်ခန့်( ၇၉၇၂) ဦး ကိုသတ်ဖြတ်ခဲ့ပါတယ်။မြေပြင်မှာအဲဒီအရေအတွက်ထက်​တောင်အများကြီးပိုများနိုင်ပါတယ်။ဒါအပြင် ငါးနှစ်အတွင်း အနည်းဆုံးက​လေးငယ် ၁၀၅၅ ဦးကိုသတ်ဖြတ်ခဲ့တာပါ။

ဒါအပြင်စစ်တပ်ကဖမ်းဆီးခဲ့တဲ့နိုင်ငံ​ရေးအကျဥ်းသား​ပေါင်းအနည်းဆုံး၃၀၇၅၅ ဦးရှိပါတယ်။အဲဒီအထဲက ၂၂၂၄၉ ဦးဟာ စစ်တပ်ရဲ့ဖမ်းဆီးထိန်းသိမ်းမှုခံထားရဆဲပါ။ စစ်မှုမထမ်းမ​နေရဥပ​ဒေကို အဓမ္မပြဌာန်ပြီး လူငယ်​တွေကိုအတင်းအကြပ်စု​ဆောင်း၊စစ်သင်တန်း​ပေးပြီး ​မူးယစ်​ဆေး​ကြွေးအ​သေခံစစ်တိုက်ခိုင်းတာ​ကြောင့် သိန်းနဲ့ချီတဲ့လူငယ်​တွေဘဝပျက်စီးခဲ့ပါတယ်။

စစ်တပ်က ငါးနှစ်​ကျော်အတွင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ နိုင်ငံတစ်ဝန်း နေအိမ်ပေါင်း ၁၂၅,၃၂၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar ရဲ့ အချက်အလက်​​တွေက​ဖော်ပြထားပါတယ် ။၂၀၂၆ နှစ်ဆန်းပိုင်းမှာဆိုရင် မ​ကွေးတိုင်း ၊မန္တ​လေးတိုင်း၊မ​ကွေးတိုင်း၊စစ်ကိုင်း
တိုင်းက​ ​ကျေးရွာ​တွေ ၊ပြည်သူ့​နေအိမ်​တွေကိုပိုဖျက်ဆီးလာပါတယ် ။ အဲဒီလိုစစ်ရာဇဝတ်မှု​တွေမ​ရေမတွက်နိုင်​အောင် စစ်တပ်ကကျူးလွန်ခဲ့တာ​တွေကို ဦးကိုကိုကြီးသိလျက်နဲ့ ပူး​ပေါင်းသွားခဲ့တာဖြစ်ပါတယ် ။

မင်းအောင်လှိုင်ရဲ့စစ်တပ်ဟာ ဦးကိုကိုကြီးလို နိုင်ငံရေးအရှုံးသမားကို ဘာကြောင့် အခုလို အတိုင်ပင်ခံကောင်စီမှာ ခန့်အပ်လဲဆိုရင် စစ်တပ်ကချည်းအာဏာကိုအလုံးစုံချုပ်ကိုင်ထားတာ မဟုတ်ပါဘူးဆိုတာမျိုး အပြသဘောထည့်တာလို့ လက်ရှိမှာ A Time With Kyaw Kyaw Thein Youtube Channel စီစဥ်တင်ဆက်သူလည်းဖြစ်တဲ့ ၈၈မျိုးဆက် နိုင်ကျဥ်းဟောင်း ဦးကျော်ကျော်သိန်းက သုံးသပ်ပါတယ်။ “သူ့ကို ထည့်လိုက်လို့ ပြည်သူတွေအကြား သွေးကွဲသွားမလားဆိုတော့ အဝေးကြီးပါ၊ အဲဒီအတွက်ကြောင့် လူထုကြား သွေးကွဲစရာ ဘာအကြောင်းမှ မရှိပါဘူး၊ မြန်မာလူထုရဲ့ နိုင်ငံရေးရေချိန်က သူတို့ထင်ထားတာထက် အများကြီး ပိုမြင့်ပါတယ်။ နိုင်ငံတကာ ထောက်ခံမှု၊ တရားဝင်မှုရဖို့ ကြိုးစားတာလားဆိုတော့ အဲဒါကို သူတို့ လိုချင်တာ သေလုမျောပါးပဲ၊ အငမ်းမရ ကြိုးစားနေတာလည်း စကတည်းကပဲ၊ နှမ်းတစေ့လောက်တောင်မှ မရခဲ့ပါဘူး။ အခုလည်း ရလာစရာအကြောင်း မရှိပါဘူး။ နိုင်ငံတကာဆိုတာ မင်းအောင်လှိုင်တို့အကြောင်း နောကြေနေပါပြီ။ တရားဝင်မှုရဖို့ နေနေသာသာ ကျူးလွန်ထားတဲ့ ရာဇဝတ်ပြစ်မှုတွေအတွက် နိုင်ငံတကာမှာ တရားစွဲခံရတာတွေပဲ ပိုတိုးလာဖို့ရှိပါတယ်”လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကိုကိုကြီးမှမဟုတ်ဘဲ အာဏာသိမ်း ကာလ ၅ နှစ်မှာ သူ သဘောတွေ့ တဲ့ သူတွေက်ို ပြန်ပြီး မြှောက်
စားတဲ့သဘောနဲ့ နေရာပေးတာမျိုး၊ အထိုက်အလျောက် ခံစားခွင့်၊ စံစားခွင့်တွေလည်း ပေးထားလိမ့်မယ်လို့ ၈၈မျိုးဆက် ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။ ကိုကိုကြီးဟာ ပြီးခဲ့တဲ့ ၅ နှစ်တလျှောက်လုံး မင်းအောင်လှိုင်ကို နိုင်ငံရေး ၊ သံတမာန်ရေး ထွက်ပေါက်ရအောင် နိုင်ငံ
တကာ အသိုင်းအဝိုင်းနဲ့ လူမှု အဖွဲ့အစည်းတွေက်ို ထိုးဖေါက်ပေးခဲ့တာရှိပြီး အခုလည်း ဒါပဲ ဆက်လုပ်ရလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။

“အရင်တုန်းကတော့ လွတ်လပ်တဲ့ နိုင်ငံရေးသမား အနေနဲ့ လော်ဘီ လုပ်ခဲ့တာ ၊ အခုကျတော့ မင်းအောင်လှိုင် ရဲ့ လက်ပါးစေ ဘဝ နဲ့ လုပ်ရမှာ၊ အရင်ကထက် စာရင် သူ့စကားတွေက မင်းအောင်လှိုင်ရဲ့နိုင်ငံရေးအကျိုးစီးပွါးအတွက်ကိုပဲ ပြောင်ပြောင်တင်းတင်း လော်ဘီ လုပ်ရမယ့် အနေအ
ထားပဲဖြစ်သွားတော့မှာပါ”လို့ ၈၈မျိုးဆက် ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးကပြောပါတယ်။

မင်းအောင်လှိုင်ရဲ့အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၅နှစ်ကလည်း ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊​ မန်းငြိမ်းမောင်တို့လို နိုင်ငံရေးသမားတွေကို ဟန်ပြအသုံးပြုခဲ့ပေမယ့် ဘာမှ ထိရောက်မှု မရှိခဲ့ဘူးလို့ သုံးသပ်မှုတွေ ရှိပါတယ်။အခုလည်းလူထုထောက်ခံမှုမရှိတဲ့ ဦးကိုကိုကြီး၊ ​ဒေါ်ချိုချိုကျော်ငြိမ်းတို့လို နိုင်ငံရေးသမားတွေကို ထည့်သုံးလည်း ဘာမှဖြစ်
လာမှာမဟုတ်ဘူးလို့ ၈၈မျိုးဆက်တွေက သုံးသပ်ကြပါတယ်။

“အတိုင်ပင်ခံကောင်စီအစည်းဝေးခန်းထဲမှာ ပျောက်ကွယ်သွားမယ့် အသံ နဲ့ နိုင်ငံရေး ခြေချုပ်ကျသွားပြီ”လို့ ၈၈မျိုးဆက် ပြည်တွင်း နိုင်ငံရေး
သမားတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုနဲ့ ဦးကိုကိုကြီးပူး​ပေါင်းသွားတဲ့အ​ပေါ် သ​ဘောထားမှတ်ချက်​မေးမြန်းနိုင်ဖို့ People’s Spring က ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့​ပေမယ့်ဆက်သွယ်လို့မရပါဘူး။

စစ်တပ်ကို အညံ့ခံပြီးသား ဦးကိုကိုကြီးဟာ လူထုအမြင်မှာ ထူးပြီး အန္တရာယ်ရှိလာစရာ အကြောင်းမမြင်ကြောင်းနဲ့ လက်ရှိတော်လှန်ရေးအပေါ်လည်း တစိုးတစေ့တောင် ရိုက်ခတ်စရာ မရှိကြောင်း ဦးကျော်ကျော်သိန်းက သုံးသပ်ပါတယ်။

“တော်လှန်ရေးက ပြတ်သားတဲ့ ဦးတည်ချက်နဲ့ ရှေ့ဆက်နေတာကြောင့် ကိုကိုကြီးခုန်ရုံနဲ့ ဖုန်ထသွားမှာ မဟုတ်ပါဘူး”လို့ သူက ပြောပါတယ်။

စစ်တပ်ရွေးကောက်ပွဲကြိုကာလမှာ ‘အမှောင်တိုက်ကို ဖြိုခွင်း အလင်းခေတ်ကို ရောက်ဖို့’လို့ ကြွေးကြွော်မဲဆွယ်ခဲ့တဲ့ ဦးကိုကိုကြီးတစ်ယောက် သူကိုယ်တိုင်ပဲ အမှောင်တိုက်ထဲ တိုးဝင်သွားပါပြီ။

(​နေပြည်​တော်မှာလုပ်တဲ့စစ်တပ်သင်္ကြန်နဲ့တပ်မ​တော်​နေ့ညစာစာပွဲမှာအာဏာသိမ်း​ခေါင်း​ဆောင်နဲ့လက်ဆွဲနှုတ်ဆက်​နေတဲ့ ဦးကိုကိုကြီး /စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းဆန္ဒပြပွဲမှာ​တွေ့ရတဲ့ ဦးကိုကိုကြီး ။ဓါတ်ပုံ-စစ်​ကောင်စီ ၊CJ )

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင် လှိုင်ရဲ့ အစိုးရကိုကြိုဆို​ကြောင်း ပ​လောင်ပြည်နယ်လွတ်​မြောက်​ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော်(PSLF/TNLA) ကဒီက​နေ့ ဂုဏ်ပြုသဝဏ်လွှာ​ပေးပို့ပါတယ် ။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်တပ်လွှတ်​တော်မှာ သမ္မတအဖြစ် ဒီ​နေ့ပထမဆုံးမိန့်ခွန်းပြောပေမယ့် သူတစ်ဦးတည်းကပဲ အာဏာအလုံးစုံကို ကိုင်ထားမှာဖြစ်လို့ တိုင်းပြည်နဲ့ ပြည်သူလူထုလွတ်လပ်ခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘာတစ်ခုမှ မျှော်လင့်လို့ မရနိုင်ကြောင်းနိုင်ငံရေအကဲခတ်တွေက ပြောပါတယ်။