close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာကို အာဆီယံနဲ့ နိုင်ငံတကာက မျက်ကွယ်မပြုဖို့ KNUတိုက်တွန်း

မြန်မာစစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဧပြီ ၁၈ရက်ညမှာ ထုတ်ပြန်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဘီးလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ဧပြီ ၄ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေရဲ့ အဆောက်အဦးတွေ ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

■ထင်ရှားတဲ့ ဥပဒေချိုးဖောက်မှုတွေကို မတားဆီးဘဲဆက်လက်နှုတ်ဆိတ်နေခြင်းက အကြမ်းဖက်မှုတွေ ပိုကျူးလွန်လာစေဖို့အားပေးကူညီရာရောက်ဟု ပြော

ဧပြီ ၁၈၊ ၂၀၂၆၊ ရွက်ဝါ/People’s Spring

မြန်မာစစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဧပြီ ၁၈ရက်ညမှာ ထုတ်ပြန်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဘီးလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ဧပြီ ၄ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေရဲ့ အဆောက်အဦးတွေ ပျက်စီးမှုများ။ ဓာတ်ပုံ – KNU

စစ်ကောင်စီက ကျောင်း၊ ဆေးရုံတွေအပါအဝင် အများပြည်သူဆိုင်ရာနေရာတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာ တွေနဲ့ ပတ်သက်ပြီး KNU က ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သလို ပြည်သူလူထုအား ကာကွယ်ပေးရမယ့် အခြေခံအခွင့်အရေးများကို လုံးဝကျူးလွန်ဖောက်ဖျက်နေတဲ့ လုပ်ရပ်တွေ ဖြစ်ကြောင်း ဖော်ပြကာ KNU နယ်မြေအတွင်း ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အချို့ကို အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“ကရင်အမျိုးသားအစည်းအရုံးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား မိမိတို့၏စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသခြင်းထက်ပိုသော လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ကာ ယခုဆက်လက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှု များကို ရပ်တန့်စေရန် ထိရောက်သည့် တားဆီးကာကွယ်မှုများကို လုပ်ဆောင်ရန် တိုက်တွန်းသည်။ ထိုသို့ ထင်ရှားသည့် ဥပဒေချိုးဖောက်မှုများကို မတားဆီးဘဲ ဆက်လက်၍ နှုတ်ဆိတ်နေခြင်းသည် အကြမ်းဖက်မှုများ ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေရန်အတွက် အားပေးကူညီရာရောက်မည်ဖြစ်သည်” လို့ KNUက ထုတ်ပြန်ပါတယ်။

ဧပြီ ၁၂ရက်က စစ်ကောင်စီဟာ KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင်ရှိ ဦးမယ်ထာ ဆေးရုံအား ရည်ရွယ်ချက် ရှိရှိ လေကြောင်းမှ ပေါင်(၅၀၀) ဗုံး(၂)လုံး အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံပျက်စီးမှုရှိခဲ့သလို ဆေးကုသခံယူနေတဲ့ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ဟု အသိပေးပါတယ်။

ဧပြီ ၁၄ရက်မှာလည်း စစ်ကောင်စီက တိုက်လေယာဉ် ၂စီး အနည်းဆုံး သုံးပြီး မူတြော်ဂျူနီယာကောလိပ်(Mutraw Junior College )ရဲ့ အဓိကအဆောက်အဦး (၄)လုံးအား ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၁၅ ရက်ညနေမှာလည်း မူတြော်ခရိုင်ရှိ အရပ်သားပြည်သူများသာ သီးသန့်နေထိုင်သော ခဲပါထရွာ အပေါ်တည့်တည့်သို့လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ (၄)ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ (၁၀)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါတယ်။ ဒါ့အပြင် နေအိမ် ၂၁လုံး လုံး၀ ပျက်စီးသွားခဲ့ပြီး ကျေးရွာရဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အဦးများဖြစ်သော ဘုရားရှိခိုးခန်းမဆောင် ၊ ထမင်းစားဆောင်၊ ဧည့်ခန်းမဆောင်တွေ ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။

အဲဒီလို အရပ်သားများကို ပစ်မှတ်ထားသော စစ်ရာဇဝတ်မှုများကို KNU နယ်မြေ အခြားနေရာတွေမှာလည်းနေ့စဉ် ရက်ဆက် ဖြစ်ပွားနေကြောင်း ဖော်ပြပါတယ်။

ဒါဟာ တိုက်ပွဲအတွင်း မတော်တဆဖြစ်ပွားမှုများမဟုတ်ဘဲ အများပြည်သူ အသုံးပြုနေသော အရေးပါတဲ့ ည့် အခြေခံအဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း များဖြစ်ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုတို့ အပေါ် ရည်ရွယ်တိုက်ခိုက်တဲ့ ရက်စက်ကြမ်းကြုတ်မှုများကို စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ကြောင်း ဖော်ပြပါတယ်။

KNUနယ်မြေ ကော်သူးလေအတွင်းရှိ ပြည်သူလူထုများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းအားဖြင့် ပြည်သူလူထုတို့အတွက် ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင်မှုကို ဖျက်ဆီးတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆင်ရေးတခုအဖြစ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ကြောင်းလည်း ထပ်လောင်း ဖော်ပြပါတယ်။

အဲဒီလို လုပ်ရပ်တွေဟာ လူ့အသက်နဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့ မြန်မာစစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိကျူးလွန်မှုများကို ထင်ဟပ်ပြသနေခြင်းဖြစ်ကြောင်း ဖော်ပြကာ နိုင်ငံတကာ နဲ့ အာဆီယံ အနေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြတာထက်လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုများကို ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ကာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန်စေဖို့ ထိရောက်တဲ့ တားဆီး ကာကွယ်မှုများ လုပ်ဆောင်ရန် တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ ဒီနေ့ ( ဧပြီ ၁၈ ရက် ) မနက်ပိုင်းက စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက အရာတော်မြို့နယ်ကို စစ်တပ်က ၅ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်၁၀၀ကျော် လုပ်ခဲ့တယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လယ်ဒိုမြို့နယ်(ကျောက်ကြီးမြို့နယ်) အတွင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်ကနေဗုံးကြဲခဲ့လို့ ကျေးရွာ ၄ရွာက လူဦးရေ ၆၀၀ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ် ဆိပ်ကြီး ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

Facebook