close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ သတင်းထောက်တွေ အပါအဝင် နိုင်ကျဥ်းတအားလုံးလွှတ်ပေးဖို့ ထိုင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာတွေ ဆန္ဒပြ

ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၃၁) မှာပြုလုပ်ခဲ့ပါတယ်။

မေ-၂၈၊၂၀၂၆။ သုည/People’s Spring

ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၃၁) မှာပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် မတရားဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာရှင်အားကန့်ကွက်ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေက “ To Asean: The Myanmar Junta-Led Election Is A Fraud” ၊ “ Free Aung San Su Kyi” ၊ “ Free Sai Zaw” ၊ “ Free Myat Thu Kyaw” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့မှာလည်း ကိုရီးယားနဲ့ မြန်မာလူမျိုးတွေ ပူးပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းပြဖို့ Proof of life လှုပ်ရှားမှု ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – Hein Aung Facebook ၊ CJ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။

ဆောင်းပါး

လုံဝသင်္ခရွာဟာစစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်မှာ တည်ရှိတာဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းက ရွာလယ်ခေါင်ကနေ ဖြတ်သန်းသွားတာပါ။

သတင်း

အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရာထူးယူထားသူက EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားတဲ့ စစ်တပ်ရဲ့စီးပွားရေး လုပ်ငန်း‌တွေနဲ့ဆက်စပ်သူဖြစ်ကြောင်း Justice For Myanmar(JFM)ကတိုင်ကြားခဲ့ပြီးနောက် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီရာထူးကို ရုတ်သိမ်းလိုက်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ပြည်အကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားတစ်ဦးလုံ လောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရတာကြောင့်မေလ ၂၃ ရက်မှာဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကအသိပေးထားပါတယ်။