သတင်း ဒီပဲယင်းရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သံဃာတော်နှင့် ဥပုသ်စောင့်သူအချို့ သေဆုံး စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ကြခတ်ကျေးရွာဘုန်းကြီးကျောင်းကို ယနေ့ (ဧပြီ ၁၂ရက်) ညနေ ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်အချို့နှင့် သင်္ကြန်ကာလ ဥပုသ်စောင့်နေသူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။ ludunwayooဧပြီ 13, 2025
သတင်း ဒီပဲယင်းနယ် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှု ငါးဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ ကြခတ်ကျေးရွာဘုန်းကြီးကျောင်းကို ယနေ့(ဧပြီ ၁၂ရက်) ညနေ ၂နာရီ ၁၅မိနစ်က စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ ကိုရင်သုံးပါးအပါအဝင် သေဆုံးသူ ၅ဦးရှိပြီး ဒဏ်ရာရသူ ခြောက်ဦးကို အရေးပေါ် ဆေးကုသနေရကြောင်း သတင်းရရှိသည်။ ludunwayooဧပြီ 13, 2025
သတင်း ဘုတလင်မြို့နယ်စစ်ရှောင်များအား ဒီပဲယင်းစစ်ဘေးသင့်ပြည်သူများက ကူညီရန်စီစဥ် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာလိုအပ်နေ၍ ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးသင့်ပြည်သူများက ကူညီပေးရန် စီစဥ်နေကြောင်း သတင်းရရှိသည်။ ludunwayooအောက်တိုဘာ 23, 2024
သတင်း ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ဆေးခန်း၌ လူနာများပြားနေပြီး ဆေးဝါးများလိုအပ်နေ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ဆေးကုသပေးနေသော S&C အဖွဲ့၏ ဆေးခန်း၌ လူနာများပြားနေပြီး ဆေးဝါးများလိုအပ်နေကြောင်း အဆိုပါအဖွဲ့တာဝန်ခံက ကိုစိုးမိုးအောင်က ပြောသည်။ ludunwayooအောက်တိုဘာ 21, 2024
သတင်း ဒီပဲယင်းမြို့တွင်းတိုက်ပွဲ၌ စစ်ကောင်စီမိုင်းစစ်ဆင်ရေးအဓိကတာဝန်ရှိသူကို ဖမ်းမိ ဒီပဲယင်းမြို့တွင်ယမန်နေ့(အောက်တိုဘာလ ၁၇ ရက်) နံနက်ပိုင်းကဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ မိုင်းစစ်ဆင်ရေးအဓိကတာဝန်ရှိသူကို ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းမိထားပြီး တစ်ဦးသေဆုံးခဲ့သည်။ ludunwayooအောက်တိုဘာ 18, 2024
သတင်း ဒီပဲယင်းမြို့နယ်တွင်လေကြောင်းအန္တရာယ် သတိပြုရန် ပအဖသတိပေး စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ်ကိုယနေ့(အောက်တိုဘာလ ၅ရက်) ညနေပိုင်း၌ စစ်ကောင်စီက လေကြောင်းမှ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံများ လေကြောင်းအန္တရာယ် အထူးသတိထားနေထိုင်ကြရန်ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတိပေးသည်။ ludunwayooအောက်တိုဘာ 5, 2024
သတင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာအခက်အခဲရှိလာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာအချို့မှ ပြည်သူများမှာ စစ်ဘေးရှောင်နေရသည့်ကာလ တစ်လကျော်လာ၍ စားနပ်ရိက္ခာအခက်အခဲများရှိနေကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 25, 2024
သတင်း ဒီပဲယင်းမြို့ပေါ်တွင် စစ်တပ်တပ်စွဲရာ ငါးနေရာကို PDF များတိုက်ခိုက် စစ်ကောင်စီတပ်စွဲထားသည့်ဒီပဲယင်းမြို့ပေါ်မှ နေရာငါးနေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ludunwayooစက်တင်ဘာ 19, 2024
သတင်း ဒီပဲယင်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျေးရွာ ၃ရွာ မီးရှို့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အား စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်ပြီးနောက် စစ်ကြောင်းထိုးရာ ကျေးရွာ ၃ရွာ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ ludunwayooဩဂုတ် 25, 2024
သတင်း ဒီပဲယင်းမြို့နယ်ရှိ စစ်ရှောင်များရှိနေသည့်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်များရှိနေသည့် နဂါးတွင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူနှစ်ဦး ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ludunwayooဩဂုတ် 23, 2024