close
Connect with us

Hi, what are you looking for?

သတင်း

အာကာသယာဉ် ထိခိုက်ထားလို့ တရုတ် ယာဉ်မှူးတွေရဲ့ ကမ္ဘာမြေ အပြန်ခရီးစဉ်ကို ဆိုင်းငံ့

အာကာသယာဉ်မှာ ထိခိုက်မှု အနည်းအကျဉ်း ရှိခဲ့တယ်လို့ ယုံကြည်ရတဲ့ အခြေအနေကြောင့် တရုတ် အာကာသ ယာဉ်မှူးတွေရဲ့ ကမ္ဘာမြေ အပြန်ခရီးစဉ်ကို ယာယီ ဆိုင်းငံ့ထားလိုက်ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - CCTV

အာကာသယာဉ်မှာ ထိခိုက်မှု အနည်းအကျဉ်း ရှိခဲ့တယ်လို့ ယုံကြည်ရတဲ့ အခြေအနေကြောင့် တရုတ် အာကာသ ယာဉ်မှူးတွေရဲ့ ကမ္ဘာမြေ အပြန်ခရီးစဉ်ကို ယာယီ ဆိုင်းငံ့ထားလိုက်ရကြောင်း သိရပါတယ်။

တရုတ်ရဲ့ တီယန်ကောင်း အာကာသ စခန်းကို ရောက်နေတဲ့ အာကာသယာဉ်မှူး ၃ ဦးဟာ မူလက နိုဝင်ဘာ ၅ ရက်နေ့မှာ ကမ္ဘာကို ပြန်လာဖို့ လျာထားခဲ့ပါတယ်။ ဒါပေမဲ့ အာကသထဲမှာ လွင့်မျောနေတဲ့ အာကာသ အမှိုက်တချို့က သူတို့ စီးနင်းလိုက်ပါမယ့် ယာဉ်ကို ထိခိုက်စေခဲ့တယ်လို့ ယူဆရတဲ့အတွက် အပြန်ခရီးကို ဆိုင်းငံ့စေခဲ့တာ ဖြစ်ပါတယ်။

Shengzhou 20 အာကာသယာဉ်ဟာ အာကာသအမှိုက် အသေးအမွှားတချို့နဲ့ ထိတွေ့ခဲ့တယ်လို့ ယူဆရကြောင်း၊ ဒါကြောင့် ယာဉ်ကိုယ်ထည်ရဲ့ ထိခိုက်နိုင်ခြေနဲ့ အန္တရာယ် ရှိနိုင်တဲ့ အလားအလာတွေကို ကျွမ်းကျင်သူတွေက ပြန်လည် စစ်ဆေးနေကြောင်း၊ အာကာသ ယာဉ်မှူးတွေရဲ့ လုံခြုံရေးနဲ့ မစ်ရှင် အောင်မြင်ရေးတွေအတွက် Shenzhou 20ရဲ့ အပြန် ခရီးကို နိုဝင်ဘာ ၅ ရက်နေ့မှာ စီစဉ်ထားရာကနေ ရွှေ့ဆိုင်းလိုက်ရကြောင်း တရုတ် အာကာသ အေဂျင်စီက ကြေညာခဲ့ပါတယ်။

တရုတ် အာကာယာဉ်မှူးတွေဟာ တီယန်ကောင်း အာကာသစခန်းကို ဧပြီလ ကတည်းက ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ သူတို့နေရာကို အစားထိုးမယ့် အာကာသ ယာဉ်မှူးတွေက Shenzhou 21 အာကာသယာဉ်နဲ့အတူ ရောက်ရှိလာတာကြောင့် ယာဉ်မှူး ၃ ဦးက ကမ္ဘာဆီ ပြန်လာဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာကာသစခန်းမှာ ရှိနေတဲ့ ယာဉ်မှူး ၃ ဦးအကြား တာဝန်လွှဲပြောင်းမှုတွေ နိုဝင်ဘာ ၄ ရက်နေ့မှာ ပြီးစီးသွားခဲ့ပေမယ့် မျှော်လင့်မထားတဲ့ ပြဿနာကြောင့် နှောင့်နှေးမှု ဖြစ်နေခဲ့တာပါ။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ အေဂျင်စီက မကြေညာသေးပါဘူး။ အာကာသယာဉ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ထိခိုက်ခဲ့သလဲ ဆိုတာကိုလည်း အတိအကျ ထုတ်မပြောပါဘူး။

ကမ္ဘာပတ်လမ်းထဲမှာ တည်ဆောက်ထားတဲ့ တီယန်ကောင်း အာကာသ စခန်းမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ကြေညာလေ့ မရှိပါဘူး။ အဲဒီ အာကာသစခန်းဟာ ၂၀၂၁ ခုနှစ်က စတင် လုပ်ငန်း လည်ပတ်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ တုန်းကတော့ ဆိုလာပြားတွေကို အာကာသ အမှိုက်တွေ ထိမှန်ခဲ့တာကြောင့် စခန်းရဲ့ အစိတ်အပိုင်းတချို့ ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။ နောက်တော့ အာကာသ ယာဉ်မှူးတွေက အာကာသထဲ ထွက်လမ်းလျှောက်ပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့ရသလို စခန်းရဲ့ အပြင်ဖက် နံရံကို ပိုမို အားဖြည့်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်တုန်းက အမေရိကန်နဲ့ ရုရှား အာကာသယာဉ်မှူးတွေ ပူးပေါင်း အလုပ်လုပ်နေတဲ့ နိုင်ငံတကာ အာကာသစခန်း (ISS)မှာ တပ်ဆင်ထားတဲ့ ကနေဒါလုပ် စက်ရုပ်လက်တံ တစ်ခုကို ၁ မီလီမီတာ အချင်းလောက်ထိ သေးငယ်တဲ့ အာကာသအမှိုက် ထိမှန်လို့ လက်တံရဲ့ ကိုယ်ထည်မှာ အပေါက်ဖြစ်သွားခဲ့ဖူးပါတယ်။

ကိုးကား: Dallas Express

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-တရုတ်နယ်စပ်မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်၊ လိုင်ဇာဂိတ် နဲ့ မိုင်ဂျာယန်ဂိတ်တွေကို KIAက တရုတ်အာဏာပိုင်​တွေနဲ့ညှိနှိုင်းပြီးအောက်တိုဘာလ ၂၅ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။

သတင်း

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရတဲ့ ရုရှား ကုမ္ပဏီတွေဆီက ရေနံ ဝယ်ယူမှုတွေကို တရုတ် အစိုးရပိုင် ရေနံလုပ်ငန်းတွေက ရပ်ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကို လက်လွှဲရယူမှု နှစ် ၈၀ ပြည့် အခမ်းအနား တစ်ရပ်ကို တရုတ် အစိုးရက ကျင်းပသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တု တင်ပို့မှုတွေကို တရုတ်က ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ စီစဉ်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း တရုတ်ဆီက တင်သွင်းလာမယ့် ကုန်စည်တွေကို တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်း အပိုဆောင်း စည်းကြပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။