Hi, what are you looking for?
တနင်္သာရီတိုင်း၊ တနင်္သာရီ-မောတောင်လမ်းအား ပြန်လည်စိုးမိုးနိုင်ရေးစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၄)နှင့်ပူးပေါင်းတပ်က ဇွန်လ ၁၇ရက်တွင် တိုက်ခိုက်ခဲ့ရာစစ်တပ်မှအရာရှိ အပါအဝင် သေဆုံးမှုများ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကပြောသည်။
ထိုင်း − မြန်မာနယ်စပ်နှင့် နီးစပ်ပြီး ဒေသတွင်းအရေးပါသည့် စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းကို မသိမ်းပိုက်နိုင်ပါက နယ်မြေအတွင်း ပြန်လည်အခြေချရန် ပိုခက်ခဲနိုင်သလို ထိုင်းနိုင်ငံအပေါ် ပိုမို မှီခိုရနိုင်၍ ရအောင်သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။