close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ကချင်အာဇာနည်နေ့သို့ NUG သဝဏ်လွှာပို့

ဘုံရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးပန်းတိုင် ရောက်ရှိရေး မဟာမိတ်ကချင်တိုင်းရင်းသားခေါင်းဆောင်များ၊ ကချင်တော်လှန်ရေးတပ်ဖွဲများနှင့် ချစ်ကြည်ရင်းနှီးစွာအတူတကွ နီးနီးကပ်ကပ်လက်တွဲ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - Screen Grab

ဩဂုတ်-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ဘုံရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးပန်းတိုင် ရောက်ရှိရေး မဟာမိတ်ကချင်တိုင်းရင်းသားခေါင်းဆောင်များ၊ ကချင်တော်လှန်ရေးတပ်ဖွဲများနှင့် ချစ်ကြည်ရင်းနှီးစွာအတူတကွ နီးနီးကပ်ကပ်လက်တွဲ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့သည်။

ယနေ့ (သြဂုတ်၁၀ရက်)သည် နှစ် (၅၀)ပြည့်မြောက် ကချင်အာဇာနည်နေ့ ဖြစ်သည်။ KIO/KIA စတင်တည်ထောင် ဦးဆောင်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ်ဗိုလ်ချုပ်လထော်ဇော်ဆိုင်း ပါဝင်သည့် ခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ဩဂုတ် ၁၀ရက်ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ နှစ်စဉ် ကျင်းပနေခြင်းဖြစ်သည်။

ခေါင်းဆောင်ကြီးများကျဆုံးခဲ့ပြီး ကြီးမားသည့် ဆုံးရှုးမှုဖြစ်ခဲ့သော်လည်း ကချင်တော်လှန်ရေး တပ်ဦးဖြစ်သည့် KIO/KIA ကို စုစည်းညီညာစွာဖြင့် ဆယ်စုနှစ်များစွာတိုင်တိုင် ကချင်တော်လှန်ရေး ပန်းတိုင်ကို ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့သော ကချင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှုနှင့် ခေါင်းဆောင်ကောင်းများ၏ အမြော်အမြင်ရှိမှုတိုကို လေးစားဖွယ် မြင်တွေ့ရဟု NUGက သဝဏ်လွှာပေးပို့သည်။

Public Service Announcement

Public Service Announcement

ယခုလက်ရှိ နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူလူထု၏ ရည်မှန်းချက်ပန်းတိုင်များဖြစ်သည့် စစ်အာဏာရှင်အမြစ်ပြတ်သည်ထိ တွန်းလှန် ရေး၊ အမျိုးသားတန်းတူညီမျှမှုရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို တည်ဆောက်ရေးတိုအတွက် မဟာမိတ်ကချင်တိုင်းရင်းသားခေါင်းဆောင်များ၊ ကချင်တော်လှန်ရေး တပ်ဖွဲများနှင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွ နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်ပြီး ဘုံရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးပန်းတိုင်ကို ရောက်ရှိမည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်းလည်း ဖော်ပြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးပန်းတိုင်ကို ကြိုးပမ်းခဲ့စဉ်ကတည်းက ယခုလက်ရှိ နွေဦးတော်လှန် ရေးကာလ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး ဖြစ်အောင် ကြိုးပမ်းမှုအထိ အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသော ကချင်တိုင်းရင်းသားခေါင်းဆောင် အာဇာနည် များ၊ ကချင်တိုင်းရင်းသားပြည်သူလူထုနှင့်တကွ ကချင်တော်လှန်ရေး ရဲဘော်ရဲဘက်များအားလုံးကို လေးစားစွာ ဂုဏ်ပြုဦးညွှတ်ကြောင်းလည်း သဝဏ်လွှာ၌ ပါရှိသည်။

ကချင်အမျိုးသားတိုင်းရင်းသား ခေါင်းဆောင် ကြီးများ၊ ကချင်အနွယ်ဝင်မျိုးနွယ်စုများ၊ ပြည်တွင်းပြည်ပတွင် ရောက်ရှိကြကုန်သော ကချင်တိုင်းရင်းသား ပြည်သူလူထုအပါအဝင် ကချင်ရဲဘော်ရဲဘက် မဟာမိတ်တပ်ဖွဲဝင်များ အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို ပြည့်စုံ၍ တော်လှန်ရေးတာဝန်များကို ဘေးအန္တာရယ်ကင်း ရှင်းစွာထမ်းရွက်နိုင်ကြပါစေဟုလည်း NUGက ဆုတောင်းပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာရှင်စနစ်ကိုဖြတ်ချရန်ပြည်သူအားလုံး၌တာဝန်ရှိပြီးမပြီးသေးသည့်တော်လှန်ရေးခရီးစဉ်များကိုအားလုံးစုစည်းညီညွတ်စွာဖြင့်ရှေ့ဆက်တိုက်ပွဲဝင်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းလိုက်သည်။

သတင်း

နွေဦးတော်လှန်ရေးသည် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံး စုပေါင်းညီညွတ်စွာဖြင့် ပြည်သူလူထု၏ မျက်နှာတစ်ခုတည်းကိုသာကြည့်ပြီး အဆုံးသတ်တိုက်ပွဲဖြစ်သည့် စစ်အာဏာရှင်စနစ်နှင့် အသွင်အမျိုးမျိူး ပြောင်းလဲနေသည့် အာဏာရှင်စနစ်များကို အပြီးတိုင်ဖယ်ရှား ချုပ်ငြိမ်းစေရေး ကျောချင်းကပ်ဆောင်ရွက်ရမည့် ကာလဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောကြားသည်။

သတင်း

စစ်ကောင်စီသည် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ် ပြီးနောက် ဆေးရုံ၊ဆေးခန်းများ လေကြောင်းမှ တိုက်ခိုက်မှုပိုမိုပြုလုပ်ခဲ့ပြီး လေးလအတွင်း အကြိမ် ၃၀တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်းအရှေ့ပိုင်းရှိ မြို့နယ် ၆ခုမှ ရေဘေးသင့် ပြည်သူများအား အရေးပေါ် အကူအညီများ ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။