သြဂုတ် ၁၀၊၂၀၂၅။ သုည/People’s Spring
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် NYCBC အဖွဲ့က ဦးဆောင်ပြီး (၃၇)နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို မက်ဟမ်တမ်ရှိ Greeley Squareတွင်ပြုလုပ်ခဲ့သည်။
တစ်ပါတီအာဏာရှင်စနစ် နှင့် စစ်အာဏာရှင်စနစ်ကို ၊တတိုင်းပြည်လုံး၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ ဆန့်ကျင်တော်လှန်ခဲ့တဲ့ (ရှစ်လေးလုံး) အရေးတော်ပုံကြီး၊ ၃၇ နှစ်ပြည့်အကြောင်း နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်ကို ခေတ်အဆက်ဆက် တော်လှန်အာခံခဲ့ကြပုံကို ၈၈ မျိုးဆက် ကိုနေတင်မြင့်မှ ရှင်းလင်းပြောကြားခဲ့သည်။
ထိုအခမ်းအနားသို့ အဝေးရောက်မြန်မာပြည်ဖွားတိုင်းရင်းသားများ တက်ရောက်ခဲ့ကြပြီး စစ်အာဏာရှင်တော်လှန်ရေး ကြွေးကြော်သံများနှင့် နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာမှ ဂရုပြု သိရှိစေရန်တိုက်တွန်းသော ကြွေးကြော်သံများဟစ်ကြွေးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement
