Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကမ္မမြို့အနီးရှိ သာကြီးတောင်ရေနံမြေမှ အရာရှိများအပါအဝင် စစ်​ကောင်စီဝန်ထမ်း ၆ ဦး ဖမ်းဆီးခံရ

သာကြီးတောင်ရေနံမြေသည် ပခုက္ကူခရိုင်အတွင်း ရေနံမြေများအနက် စစ်ကောင်စီထိန်းချုပ်ထားသည့်တစ်ခုတည်းသောရေနံမြေဖြစ်သည်။ထို​ကြောင့် ရေနံစိမ်းများသယ်ယူပါလျှင် စစ်ကောင်စီတပ်က လုံခြုံအပြည့်အဝဖြင့် သယ်ယူလေ့ရှိသည်။

(သာကြီး​တောင်​ရေနံ​မြေ ဆိုင်းဘုတ်။ဓါတ်ပုံ-CJ)
(သာကြီး​တောင်​ရေနံ​မြေ ဆိုင်းဘုတ်။ဓါတ်ပုံ-CJ)

ပခုက္ကူခရိုင်၊ ကမ္မမြိုနယ်ရှိ သာကြီးတောင်ရေနံမြေမှ ရေနံထုတ်လုပ်ရေးဌာနမှူးနှင့်ရဲနှစ်ဦး အပါအဝင်စစ်​ကောင်စီ ဝန်ထမ်း ၆ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဇွန် ၅ ရက်ညနေ ၅နာရီခန့်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့နှင့်တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ဖမ်းဆီးခံရသည့် သူများတွင် ရေနံမြေထုတ်လုပ်ရေးမှူး ဦးအောင်မိုး၊ စီမံခန့်ခွဲရေးဌာနမှ ဦးကျော်ကျော်ငြိမ်း၊ အခြားထုတ်လုပ်ရေးဝန်ထမ်းနှစ်ဦး နှင့် ရဲနှစ်ဦးပါဝင်ကြောင်း ဒေသခံအချို့ကသည်။

သာကြီးတောင်ရေနံမြေမှ ရေနံများသယ်ယူ​နေစဉ်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဒေသခံများထံမှသိရသည်။ ၎င်းတို့ ၆ ဦးကို မည်သည့်အဖွဲ့က ဖွဲ့စည်းထားကြောင်းကိုမူမသိရသေးကြောင်း ဒေသခံများကပြောသည်။

သာကြီးတောင်ရေနံမြေသည် ပခုက္ကူခရိုင်အတွင်း ရေနံမြေများအနက် စစ်ကောင်စီထိန်းချုပ်ထားသည့်တစ်ခုတည်းသောရေနံမြေဖြစ်သည်။ထို​ကြောင့် ရေနံစိမ်းများသယ်ယူပါလျှင် စစ်ကောင်စီတပ်က လုံခြုံအပြည့်အဝဖြင့် သယ်ယူလေ့ရှိသည်။

ထိုရေနံမြေတွင် စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားသည်။

စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်​ကြောင်းချောက်-လမ်းရွာ၊ ရေနံချောင်း၊ မင်းဘူး၊ ထောက်ရှာပင်၊ ကျောက်ခွက်၊ လက်ပံတို၊ သာကြီးတောင် စ​သောရေနံမြေမှဝန်ထမ်းများက CDM လုပ်ခဲ့ကြဖူးသည်။သာကြီးတောင်ရေနံမြေမှ CDM ဝန်ထမ်းများကို ၂၀၂၁ ဖေဖော်ဝါရီ ၂၁ ကစ၍ ခွင့်မဲ့ရက်အဖြစ်စက်ရုံကတာဝန်ရှိသူက သတ်မှတ်ခဲ့​ကြောင်းစက်ရုံဝန်ထမ်းအချို့က​ပြောသည်။