Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဂံက ရှေးဟောင်းသမိုင်းဝင် ဗူးဘုရားစေတီတော် မိုးကြိုးခ

ဗူးဘုရားစေတီသည် ပုဂံမြို့အနီး ဧရာဝတီမြစ် ကမ်းနဖူး၌ တည်ရှိပြီး မြစ်ကမ်းစပ်တွင် ခရုပတ်သဖွယ် စိန်တန်းနှစ်သွယ်နှင့် တည်ဆောက်ထားသည်။ စေတီတော်ကိန်းဝတ်ရာ ကျောက်စိုင်မှာ ဗူးသီးပုံသဏ္ဌာန်ရှိသည်ဟု မှတ်ယူကြသည်။

(ဗူးဘုရားစေတီ မိုးကြိုးခပြီးနောက် တွေ့ရစဥ် ။ဓာတ်ပုံ-CJ)
(ဗူးဘုရားစေတီ မိုးကြိုးခပြီးနောက် တွေ့ရစဥ် ။ဓာတ်ပုံ-CJ)

▪︎”စေတီ ပတ်ပတ်လည် ၅ချက် ပစ်သွားတယ်။ ဘုရားပတ်ပတ်လည်မှာလည်း မိုးကြိုးလွှဲတွေတပ်ထားတာကို ဖြစ်သွားတာ” -​ဒေသခံတစ်ဦး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဗူးဘုရားစေတီတော် ယမန်နေ့ညက မိုးကြိုးခခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ညပိုင်းက ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းတွင် မိုးသည်းထန်စွာရွာသွန်းနေချိန် ဗူးဘုရားစေတီ ငါးကြိမ်တိုင် မိုးကြိုးခခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စေတီ ပတ်ပတ်လည် ၅ချက် ပစ်သွားတယ်။ ဘုရားပတ်ပတ်လည်မှာလည်း မိုးကြိုးလွှဲတွေတပ်ထားတာကို ဖြစ်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ဗူးဘုရားစေတီ မိုးကြိုးခပြီးနောက် တွေ့ရစဥ် ။ဓာတ်ပုံ-CJ)
(ဗူးဘုရားစေတီ မိုးကြိုးခပြီးနောက် တွေ့ရစဥ် ။ဓာတ်ပုံ-CJ)

လုံးတော်ကြီး ၄ ချက်ထိမှန်ပြီး ထီးတော် အောက်နား ငှက်ပျောဖူး ၁ ချက် စုစုပေါင်း၅ကြိမ် မိုးကြိုးခခဲ့ကြောင်း၊ ထီးတော်ကြီးတွင် ဆွဲထားသည့် သံခေါင်းလောင်းတော်များ အားလုံး အမဲရောင်ပြောင်းသွားသည်ကိုတွေ့ရှိရပြီး ခေါင်းလောင်းများ၌ ဆွဲထားသည့် ကြေးညောင်ရွက်များမှာ အရောင်ပြောင်းခြင်းမရှိကြောင်း ပုဂံဒေသခံတစ်ဦးက ပြောသည်။

ဘုရားစေတီမိုးကြိုးခခြင်းသည် နိုင်ငံကိုအာဏာသိမ်း၍ အဓမ္မအုပ်ချုပ်နေသော အာဏာသိမ်းစစ်ကောင်စီအတွက် မကောင်းသော အတိတ်နမိတ်ဖြစ်ကြောင်း ယူဆနေသူများလည်းရှိနေသည်။

ကြာသာပတေးနံ ပုဂံရှိ ကြာသာပတေးနံ ဘုရားအားကြာသာပတေး အခိုက် ‘မိုးကြိုးခခြင်း’ အတိတ်နိမိတ်မှာ ကြာသာပတေးနံ’မင်း’ နေရာအား မတန်မရာ အတင်းလုယူထားသော ကြာသာပတေးနံ ငမိုက်သားသည်ယနေ့မှစ ၅ရက် (သို့မဟုတ်) ၅လအချိန်တွင်းပျက်ဆီး ကြေပြုန်းခြင်းသို့ ရောက်လိမ့်မည်ဟု နက္ခတ်ဗေဒလေ့လာနေသူတစ်ဦးက သူ၏အမြင်ကို လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဗူးဘုရားစေတီသည် ပုဂံမြို့အနီး ဧရာဝတီမြစ် ကမ်းနဖူး၌ တည်ရှိပြီး မြစ်ကမ်းစပ်တွင် ခရုပတ်သဖွယ် စိန်တန်းနှစ်သွယ်နှင့် တည်ဆောက်ထားသည်။ စေတီတော်ကိန်းဝတ်ရာ ကျောက်စိုင်မှာ ဗူးသီးပုံသဏ္ဌာန်ရှိသည်ဟု မှတ်ယူကြသည်။

ဗူးဘုရားကို ပုဂံနန်းစံ တတိယမြောက်ဘုရင် ပျူစောထီး တည်ခဲ့သည်။ ဘုရင်ပျူစောထီးသည် ပြည်သူများကို ဒုက္ခပေးနေသော ရှူးပျံ၊ ဝက်၊ ဗူး၊ ကျားနှင့် ငှက်တို့ကို နှိမ်နင်းခဲ့ရသည်။

(ဗူးဘုရားစေတီ မိုးကြိုးခပြီးနောက် တွေ့ရစဥ် ။ဓာတ်ပုံ-CJ)
(ဗူးဘုရားစေတီ မိုးကြိုးခပြီးနောက် တွေ့ရစဥ် ။ဓာတ်ပုံ-CJ)

ဗူးပင် ဗူးနွယ် ဗူးချုံများကို ရှင်းလင်းသုတ်သင် အောင်မြင်သော နေရာတွင် တည်ထားကိုးကွယ်ထားခြင်းကြောင့် ဗူးဘုရားဟု ခေါ်တွင်နေခြင်း ဖြစ်သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်လျက်ရှိကြသည်။

ပျူစောထီးဘုရင်တည်ခဲ့သော ဘုရား မိုးကြိုးပစ်ခံရခြင်းက စစ်ကောင်စီ ဖွဲ့စည်းထားသည့် ပျုစောထီးအဖွဲ့ ပျက်စီးမည့်နမိတ်ဟု လူမှုကွန်ရက်သုံးစွဲသူများက မှတ်ချက်ပြုနေကြသည်။

ယခုကာလသည် အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ဝင်ရောက်နေချိန်ဖြစ်ပြီး အလယ်ပိုင်းဒေသများ၌ လေထုမငြိမ်မသက်ဖြစ်နိုင်ကြောင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်းနှင့် မိုးသည်းထန်စွာရွာခြင်းတို့ သတိပြုရန် ဇွန်လ ၅ရက်မှ ဇွန်လ ၁၁ရက်အတွင်း မိုးလေဝသအ‌ခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်ထားသည်။

ယခူလပိုင်းအတွင်း ရခိုင်ပြည်နယ်အပါအဝင် မိုးကြိုးပစ်၍ လူ​သေဆုံးမှုများလည်းရှိ​နေသည်။