Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဇမ်ဘီယာမှာ ကာလဝမ်းရောဂါကြောင့် လနဲ့ချီ ပိတ်ထားရတဲ့ ကျောင်းတွေ ပြန်ဖွင့်

ဇမ်ဘီယာမှာ ကာလဝမ်းရောဂါတွေ ပျံ့နှံ့ ကူးစက်ခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်း လူပေါင်း ၅၀၀ ဝန်းကျန် သေဆုံးပြီး ရောဂါစွဲကပ် ခံစားရသူ ၁၅၀၀၀ ထက်မနည်း ရှိခဲ့ပါတယ်။

ဇမ်ဘီယာမှာ ကာလဝမ်းရောဂါကြောင့် လနဲ့ချီ ပိတ်ထားရတဲ့ ကျောင်းတွေ ပြန်ဖွင့်
ဇမ်ဘီယာမှာ ကာလဝမ်းရောဂါကြောင့် လနဲ့ချီ ပိတ်ထားရတဲ့ ကျောင်းတွေ ပြန်ဖွင့်

ဇမ်ဘီယာ နိုင်ငံမှာ ဆိုးရွားတဲ့ ကာလ ဝမ်းရောဂါ ကူးစက် ပျံ့နှံ့မှုတွေကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေကို အခုအခါ ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အာဖရိက ဒေသတွင်း နိုင်ငံမှာ လူ့အသက်တွေ ထိခိုက်သေကြေခဲ့ရတဲ့ ကာလဝမ်းရောဂါ ကူးစက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ကျောင်းတွေကို သီတင်းငါးပတ်ကြာ ပိတ်ခဲ့ရတာပါ။ မူလက တစ်ပတ်လောက်အတွင်း ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကူးစက်မှုတွေ မြင့်မားနေဆဲ ဖြစ်တာကြောင့် အစီအစဉ်ကို အကြိမ်တချို့လောက် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ ပြည်တွင်းမှာ ကူးစက်နှုန်း ပြန်လျော့ကျသွားခြင်းနဲ့အတူ ကျောင်းတွေ ပြန်ဖွင့်ဖို့ ပညာရေး ဝန်ကြီးဌာနက မီးစိမ်းပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကူးစက်မှု အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း အချိန်မရွေး အပြောင်းအလဲတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ကူးစက်နှုန်း မြန်ဆန်တဲ့ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်တွေ မသန့်ရှင်းမှုကြောင့် အဓိက ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ လောလောဆယ်မှာ ရောဂါ ကူးစက်မှု လမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်ပြီလို့ အာဏာပိုင်တေါက ပြောပေမယ့် တစ်ဖက်မှာလည်း ရေသန့်စင်မှု အစီအမံတွေ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ဇမ်ဘီယာမှာ ကာလဝမ်းရောဂါတွေ ပျံ့နှံ့ ကူးစက်ခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်း လူပေါင်း ၅၀၀ ဝန်းကျန် သေဆုံးပြီး ရောဂါစွဲကပ် ခံစားရသူ ၁၅၀၀၀ ထက်မနည်း ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကတည်းက ဇမ်ဘီယာမှာ ပြင်းထန်တဲ့ ဝမ်းရောဂါ ကူးစက်မှုတွေ ရှိခဲ့ဖူးပေမယ့် အခုတစ်ကြိမ်ကတော့ နှစ်ပေါင်း ၂၀ လောက် ကာလအတွင်း အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။ ဇမ်ဘီယာရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ဇင်ဘာဘွေနဲ့ မိုဇင်ဘစ် နိုင်ငံတွေမှာပါ ကာလဝမ်းရောဂါကြောင့် သေဆုံးမှုတွေ ကြုံခဲ့ရပါတယ်။

နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Save the Childrenက ဇမ်ဘီယာမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းရောဂါ ကူးစက်မှုတွေဟာ ကိုဗစ်ကပ်ရောဂါ နောက်ပိုင်း ကလေးတွေအတွက် ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အကြီးကျယ်ဆုံး ခြိမ်းခြောက်မှုတွေကို ပေါ်ပေါက်စေခဲ့ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: BBC