Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပစ်ခတ် လုပ်ကြံမှု ကြုံခဲ့ရတဲ့နောက် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် အသက်လု ကုသမှု ခံယူနေရ

တရားခံဟာ အသက် ၇၁ နှစ်အရွယ် စာရေးဆရာ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးလို့ သတင်းတွေ ပျံ့နှံ့နေပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပစ်ခတ် လုပ်ကြံမှု ကြုံခဲ့ရတဲ့နောက် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် အသက်လု ကုသမှု ခံယူနေရ
ပစ်ခတ် လုပ်ကြံမှု ကြုံခဲ့ရတဲ့နောက် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် အသက်လု ကုသမှု ခံယူနေရ

လုပ်ကြံမှု တစ်ခုနဲ့ ကြုံတွေ့ခဲ့တဲ့နောက် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ ဆေးရုံမှာ အသက်လု ကုသမှုတွေ ခံယူနေရပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းက မြို့ငယ်လေး တစ်ခုဖြစ်တဲ့ ဘရာတီဆလာဗာကို ဖီကို ရောက်ရှိနေချိန် မေလ ၁၅ ရက်နေ့မှာ သေနတ်နဲ့ ပစ်ခတ် ခံခဲ့ရတာပါ။ ကာကွယ်ရေး ဝန်ကြီး ရောဘတ် ကာလီနက်ခ်က သမ္မတဟာ ၃ နာရီကြာ ခွဲစိတ်မှု ခံယူပြီး အခြေအနေကို ဆက်လက် စောင့်ကြည့်နေပေမယ့် အလားအလာက ဆိုးကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့ သမ္မတနဲ့ ဆလိုဗက် နိုင်ငံရေး အင်အားစု အသီးသီးက အခုလုပ်ကြံမှုဟာ ဒီမိုကရေစီကို တိုက်ခိုက်မှုအဖြစ် ရှုတ်ချ ကြေညာထားကြပါတယ်။

ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ကြိုးစားသူကို အခင်းဖြစ်ရာ နေရာမှာပဲ ဖမ်းဆီးမိခဲ့ပြီး ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ လောလောဆယ် မကြေညာသေးပါဘူး။ ပြီးတော့ အခုလုပ်ရပ်ရဲ့ နောက်ကွယ်က စေ့ဆော်မှု အကြောင်းတရားကိုလည်း မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဗီဒီယို မှတ်တမ်းတွေအရ အတားအဆီးတွေ နောက်ဖက် လူအုပ်ထဲမှာ ရပ်နေတဲ့သူ တစ်ဦးဟာ သေနတ်ထုတ်ပြီး ဝန်ကြီးချုပ်ကို ၅ ချက်လောက် ပစ်ခတ်ခဲ့တဲ့နောက် ကိုယ်ရံတော်တွေက အင်အားသုံး ဖမ်းဆီးမှု ခံလိုက်ရတာ တွေ့ရပါတယ်။ ဒဏ်ရာရထားတဲ့ ဝန်ကြီးချုပ်ကိုတော့ ကိုယ်ရံတော်တွေက ကားထဲ ဆွဲသွင်းသွားပြီး နီးရာဆေးရုံတစ်ခုကို ပို့ခဲ့ပါတယ်။ အဲဒီကနေတဆင့် ဟန်လိုဗာမြို့ အရှေ့ဖက်က ဆေးရုံတစ်ခုဆီ ရဟတ်ယာဉ်နဲ့ တင်ပို့ခဲ့ရပါတယ်။

ဒုတိယ ဝန်ကြီးချုပ် တိုမက်စ် တာရာဘာကတော့ ခွဲစိတ်မှုတွေ ချောချောမောမော ပြီးဆုံးခဲ့ကြောင်း၊ အခြေအနေ ဆိုးပေမယ့် ဝန်ကြီးချုပ် အသက်ရှင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

တရားခံဟာ အသက် ၇၁ နှစ်အရွယ် စာရေးဆရာ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးလို့ သတင်းတွေ ပျံ့နှံ့နေပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဖီကိုရဲ့ ဝန်ကြီးချုပ်သက်တမ်း အစောဆုံး ကာလတွေဟာ နိုင်ငံရေးအရ အငြင်းပွားစရာ အခြေအနေတွေကို ဖြတ်သန်းနေရပါတယ်။ ဇန်နဝါရီလမှာ သူဟာ ယူကရိန်းဆီ စစ်ရေး အထောက်အပံ့တွေ ပေးပို့မှုကို ရပ်တန့်လိုက်ပြီး ပြည်သူပိုင် ရုပ်မြင်သံကြား ဌာန RTVSကို ဖျက်သိမ်းဖို့ စီစဉ်ခဲ့တာကြောင့် ပြည်တွင်းမှာ အဲဒီဆုံးဖြတ်ချက်အပေါ် လူထုက မကျေမနပ် ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၅၁ နှစ်အရွယ် ဝေါင်ဟာ သမ္မတရုံးရှေ့ မြက်ခင်းပြင်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒါဟာ စင်ကာပူ နိုင်ငံအဖြစ် တရားဝင် ထူထောင်ခဲ့ပြီး ၅၉ နှစ်တာ သက်တမ်းအတွင်း တတိယမြောက် ကြုံလာတဲ့ ဝန်ကြီးချုပ်နေရာ အလွှဲအပြောင်းလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။