close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဇင်ဘာဘွေမှာ ရဲတွေကို တာဝန်ချိန် မိုဘိုင်းဖုန်း အသုံးပြုမှု ပိတ်ပင်

တာဝန်ချိန်မှာ ရဲတွေဟာ မိုဘိုင်းဖုန်း လုံးဝ သုံးခွင့်မရှိဘူးဆိုတဲ့ အမိန့်တစ်ရပ်ကို ဇင်ဘာဘွေ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဇင်ဘာဘွေမှာ ရဲတွေကို တာဝန်ချိန် မိုဘိုင်းဖုန်း အသုံးပြုမှု ပိတ်ပင်
ဇင်ဘာဘွေမှာ ရဲတွေကို တာဝန်ချိန် မိုဘိုင်းဖုန်း အသုံးပြုမှု ပိတ်ပင်

နိုဝင်ဘာ ၅ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ အမိန့်ဟာ ချက်ချင်း အသက်ဝင်စေမှာဖြစ်ပြီး တာဝန်ချိန်အတွင်း ရဲတွေဟာ ကိုယ်ပိုင် ဆက်သွယ်ရေး ကိရိယာတွေကို စွန့်ခွာထားခဲ့ရမယ်လို့ တိတိကျကျ ညွှန်ကြားထားပါတယ်။

ရဲတွေဟာ သက်ဆိုင်ရာ တာဝန်ကျ ရဲစခန်းကို ရောက်တာနဲ့ အထက်လူကြီးတွေဆီ ဖုန်းတွေကို အပ်ထားရမှာဖြစ်ပြီး အားလပ်ချိန်တွေမှာတော့ ဖုန်းတွေ ပြန်ယူသုံးလို့ ရမယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ အမိန့်ဟာ ဘာကြောင့် ရဲတွေကို တာဝန်ချိန် ဖုန်းအသုံးပြုခွင့် တားမြစ်သလဲ ဆိုတာနဲ့ ပတ်သက်လို့ တိတိကျကျ ညွှန်ကြား မထားပေမယ့် အဂတိ တိုက်ဖျက်ရေး အစီအမံတစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

မကြာသေးခင်ကလည်း ဇင်ဘာဘွေရဲ့ မြို့တော် ဟာရာရီမှာ ဘတ်စ်ကားတွေဆီကနေ ငွေတောင်းနေတဲ့ ယာဉ်ထိန်းရဲ နှစ်ယောက်ရဲ့ ဗီဒီယို လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာပြီး အတော်လေး လူပြောများခဲ့တဲ့နောက် နှစ်ယောက်စလုံး အဖမ်းခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အခုနောက်ဆုံး ထုတ်ပြန်တဲ့ အမိန့်အရ ရဲတစ်ဦးဟာ တာဝန်ချိန်မှာ ကိုယ်ပိုင် မိုဘိုင်းဖုန်း ထုတ်သုံးနေမယ်ဆိုရင် သူတို့ရဲ့ ဖုန်းတွေကို တာဝန်ယူ သိမ်းဆည်းရမယ့် အထက်အရာရှိပါ အမှုပတ်ပြီး ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ဇင်ဘာဘွေဟာ အဂတိမှု ထူပြောတဲ့ အာဖရိက နိုင်ငံတစ်ခုဖြစ်ပြီး လုပ်ခလစာ နည်းပါးမှု၊ အလုပ်ခွင် အခြေအနေ ဆိုးရွားမှုတွေကြောင့် ရဲတွေဟာ အဂတိ အလိုက်စားဆုံး ဝန်ထမ်းတွေ စာရင်းမှာ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook