close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန် တိုက်လေယာဉ်တွေကို တရုတ် တိုက်လေယာဉ်တွေက ပစ်မှတ်ရှာ ရေဒါနဲ့ ချိန်ရွယ်ခဲ့

တရုတ် ဂျက်တိုက်လေယာဉ်တွေက ဂျပန် စစ်လေယာဉ်တွေကို ပစ်မှတ်ရှာ ရေဒါနဲ့ ချိန်ရွယ်တာမျိုးတွေ လုပ်ခဲ့ကြောင်း ဂျပန်က စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ - AFP

တရုတ် ဂျက်တိုက်လေယာဉ်တွေက ဂျပန် စစ်လေယာဉ်တွေကို ပစ်မှတ်ရှာ ရေဒါနဲ့ ချိန်ရွယ်တာမျိုးတွေ လုပ်ခဲ့ကြောင်း ဂျပန်က စွပ်စွဲခဲ့ပါတယ်။

ဂျပန်နဲ့ တရုတ်တို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေရာ အိုကီနာဝါ ကျွန်းစုနားမှာ ဂျပန်ရဲ့ F-15 တိုက်လေယာဉ်တွေကို တရုတ်ရဲ့ J-15 တိုက်လေယာဉ်တွေက ပစ်မှတ်အဖြစ် သတ်မှတ်ဖို့ ရေဒါနဲ့ လှမ်းပြီး ချိန်ရွယ်တဲ့ ဖြစ်စဉ်နှစ်ခု ပေါ်ပေါက်ခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကိစ္စဟာ အရမ်း အန္တရာယ်များတဲ့ လုပ်ရပ်မျိုးလို့လည်း ဂျပန်က ဝေဖန်ပါတယ်။ J-15 တိုက်လေယာဉ်တွေဟာ တရုတ်ရဲ့ လျောင်နင်း လေယာဉ်တင် သင်္ဘောကြီးပေါ်ကနေ ပျံတက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့တုန်းက လျောင်နင်း ဦးဆောင်ပြီး ဒုံးကျည်တပ် ဖျက်သင်္ဘော သုံးစီး ခြံရံလိုက်ပါလာတဲ့ တိုက်ရေယာဉ်အုပ်က အိုကီနာဝါကျွန်းစု တောင်ပိုင်းကနေ ဖြတ်သန်း ခုတ်မောင်းခဲ့တာကို ဂျပန်က F-15တွေ စေလွှတ်ပြီး စောင့်ကြည့်စေခဲ့ရာမှာ အခုလိုမျိုး J-15တွေနဲ့ ငြိခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်လေယာဉ် အချင်းချင်း ပစ်မှတ်ရှာ ရေဒါတွေနဲ့ ချိန်ရွယ်တဲ့ အခု လုပ်ရပ်မျိုးဟာ အင်မတန် အန္တရာယ်များပြီး ပျံသန်းမှုဆိုင်ရာ လုံခြုံရေး အခြေအနေတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်လို့ ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူက ဒီဖြစ်ရပ်အတွက် အရမ်း စိတ်အနှောင့်အယှက် ဖြစ်တဲ့အကြောင်း ဂျပန်က တရုတ်ဆီ ကန့်ကွက် အသိပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကွိုင်ဇူမီကလည်း တရုတ်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဂျပန်က ခေါင်းအေးအေးနဲ့ ခိုင်ခိုင်မာမာ တုံ့ပြန် ကိုင်တွယ်ဖို့ ရှိနေပေမယ့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မထိပါးအောင်လည်း အလေးထား စဉ်းစားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ လဆန်းတုန်းက ဂျပန်ဝန်ကြီးချုပ် တကအိချိက တကယ်လို့ တရုတ်သာ ထိုင်ဝမ်ကို ကျူးကျော် စစ်ပြုရင် ဂျပန်က ထိုင်ဝမ်ကိုကူဖို့ တပ်တွေ စေလွှတ်မယ်လို့ ပြောကြားခဲ့ပြီး အဲဒီစကားကြောင့် တရုတ်-ဂျပန် ဆက်ဆံရေးဟာ အရမ်းအေးခဲ တင်းမာနေပါတယ်။

တရုတ်နဲ့ ဂျပန် တိုက်လေယာဉ်တွေကြား ပစ်မှတ်ရှာ ရေဒါနဲ့ ချိန်ရွယ်တဲ့ ဖြစ်ရပ်မျိုးဟာ ပထမဆုံး အကြိမ်လို့ ယုံကြည်ရပါတယ်။ ၂၀၁၃ ခုနှစ်တုန်းကတော့ တရုတ် စစ်သင်္ဘော တစ်စီးဟာ အရှေ့တရုတ် ပင်လယ်ထဲမှာ ဂျပန် ဖျက်သင်္ဘော တစ်စီးကို အလားတူ ရေဒါနဲ့ ချိန်ရွယ်ခဲ့ဖူးပါတယ်။

ဇွန်လတုန်းကတော့ တရုတ် တိုက်လေယာဉ်တွေဟာ အိုကီနာဝါနားမှာ ဂျပန်ရဲ့ ကင်းလှည့်လေယာဉ် တစ်စီးကို အရမ်း အန္တရာယ်များတဲ့ အခြေအနေမျိုးထိ တရုတ် တိုက်လေယာဉ်တွေက ချဉ်းကပ် ပျံသန်းခဲ့ကြောင်း ဂျပန်က စွပ်စွဲဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဂ္ဂနီကျု ၇.၂ အဆင့် အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဂျပန်နိုင်ငံမှာ အရေးပေါ် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ပြီး ဒေသခံတွေလည်း အပူတပြင်း ရွှေ့ပြောင်းနေပါတယ်။

နိုင်ငံတကာ

တိုက်လေယာဉ်တွေမှာ တပ်ဆင်တဲ့ ဒုံးကျည်တွေ အပါအဝင် စစ်လက်နက် ဒေါ်လာ သန်း ၂၅၀ ဖိုးလောက် ယူကရိန်းဆီ ထပ်မံ ထောက်ပံ့ ပေးပို့သွားဖို့ နယ်သာလန် နိုင်ငံက ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး တရုတ်ကို ရန်သွားမစဖို့ ဂျပန် ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဂျပန် အစိုးရက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကို ရန်သွားမစဖို့ ဂျပန်ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။