close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘောဒီးယား အခြေစိုက် တောင်ကိုရီးယား ကျားဖြန့်ဂိုဏ်း တစ်ခုကို ဖော်ထုတ်ဖမ်းဆီး

ကမ္ဘောဒီးယား နိုင်ငံမှာ အခြေစိုက်ပြီး တောင်ကိုရီးယား နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်ဂိုဏ်း) တစ်ခုကို နှစ်နိုင်ငံ ပူးပေါင်းပြီး ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘောဒီးယား နိုင်ငံမှာ အခြေစိုက်ပြီး တောင်ကိုရီးယား နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်ဂိုဏ်း) တစ်ခုကို နှစ်နိုင်ငံ ပူးပေါင်းပြီး ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက် ငွေလိမ်တာ၊ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေကို အသုံးပြုပြီး ငွေညှစ်တာတွေ ကျူးလွန်နေသူ တောင်ကိုရီးယား နိုင်ငံသား ၂၆ ဦးကို နှစ်နိုင်ငံ ပူးပေါင်း စစ်ဆင်ရေးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတ ရုံးစိုက်ရာ အိမ်ပြာတော်က ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အခု ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တဲ့ ဂိုဏ်းဟာ တောင်ကိုရီးယား နိုင်ငံသား ၁၆၅ ဦးဆီကနေ စုစုပေါင်း ဝမ် ၂၆.၇ ဘီလီယံ၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁၈.၂၅ သန်းလောက်ကို နည်းလမ်းအမျိုးမျိုးနဲ့ လှည့်စားခြိမ်းခြောက် ရယူခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ကျားဖြန့် အဖွဲ့သားတွေဟာ ရဲအရာရှိတွေ၊ အခွန်စည်းကြပ်ရေး တာဝန်ရှိသူတွေလိုမျိုး ဟန်ဆောင်ပြီး ပစ်မှတ် သားကောင်တွေကို ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိခဲ့သလို အမျိုးသမီး တချို့ကိုလည်း လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေ အသုံးပြု အကျပ်ကိုင်ခဲ့တယ်လို့ အိမ်ပြာတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကန်ယူဂျောင်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုနဲ့ ဓာတ်ပုံတွေ ဖြန့်ဝေပြီး အရှက်ခွဲတာ ခံရမယ်ဆိုတဲ့ အကျပ်ကိုင်မှုတွေကို ကြုံခဲ့ရကြောင်း သူက ဆိုပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

ကျားဖြန့်ဂိုဏ်းကို ခြေရာခံ ဖော်ထုတ်နိုင်ဖို့ တောင်ကိုရီးယား အထူးအဖွဲ့နဲ့ ထောက်လှမ်းရေး ဌာနတွေက ပံ့ပိုးကူညီခဲ့ပြီး ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က ပြည်တွင်းမှာ ဖြန့်ကျက် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သံသယ တရားခံတွေကို တောင်ကိုရီးယားဆီ လွှဲပြောင်းပေးဖို့ စီစဉ်နေပြီး နောက်ဆက်တွဲ တရားစွဲဆိုမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ကန်က အတည်ပြုခဲ့ပါတယ်။

ကမ္ဘောဒီးယား အာဏာပိုင်တွေကတော့ တောင်ကိုရီးယား ကျားဖြန့်ဂိုဏ်း တစ်ခုကို ဖော်ထုတ် ဖမ်းဆီးပေးခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လတ်တလော ဘာကြေညာချက်မှ မထုတ်ပြန်သေးဘဲ နှုတ်ဆိတ်နေဆဲလို့ သိရပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်ဆောင်နေသလို တစ်ချိန်တည်းမှာပဲ ထိုင်းကလည်း ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက်မှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နှစ်နိုင်ငံ နယ်စပ်မှာ ကမ္ဘောဒီးယားက ဒုံးကျည် အစင်း ၂၀၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်မြို့မှာမြန်မာစကားမပြောတဲ့ အသားဖြူဖြူ မျက်လုံးပေါက်ကျဉ်းကျဉ်း မျက်နှာစိမ်းတွေ တိတ်တဆိတ် ရောက်နေပါတယ်။ ကျားဖြန့်နှိမ်နင်းဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ တရုတ်ရဲတပ်ဖွဲ့က အရာရှိနဲ့ တပ်ဖွဲ့ဝင်တချို့ ရန်ကုန်မြို့မှာရောက်​​နေပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ တရားရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်ခြေတွေကို အခု သီတင်းပတ်ထဲမှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။