close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ကိုယ့်သဘောနဲ့ကိုယ် လွှဲပြောင်းပေးလို့ မရဘူးလို့ဆို

နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ကိုယ့်သဘောနဲ့ကိုယ် လွှဲပြောင်းပေးလို့ မရဘူးလို့ ဆုရွေးချယ်ရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ကိုယ့်သဘောနဲ့ကိုယ် လွှဲပြောင်းပေးလို့ မရဘူးလို့ ဆုရွေးချယ်ရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။

၂၀၂၅ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုက သူ့ရဲ့ ဂုဏ်ယူစရာ ဆုတံဆိပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ လွှဲပြောင်းပေးချင်တယ်လို့ မှတ်ချက်ပေးခဲ့တဲ့အပေါ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး အဖွဲ့က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – Getty Images

နိုဘယ်လ် ကော်မတီရဲ့ ကြေညာချက်မှာတော့ လူပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုအတွက် ပေးအပ်ခဲ့တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုဟာ နောက်ဆုံး အတည်ပြု ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဆုကို တခြားသူ၊ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုဆီ ပေးအပ်ဖို့ အသနားခံတာမျိုး၊ လွှဲပြောင်းပေးဖို့ ကမ်းလှမ်းတာမျိုးကို လက်ခံမှာ မဟုတ်ကြောင်း ကော်မတီက ပြောပါတယ်။

နိုဘယ်လ်ဆုရှင်ရဲ့ နာမည်ကို ကြေညာပြီးပြီ ဆိုတာနဲ့ ပြန်ရုပ်သိမ်းလို့၊ ဒါမှမဟုတ် တခြားသူ တစ်ယောက်ယောက်စီ လွှဲပြောင်းပေးလို့ မရနိုင်တော့ကြောင့် နော်ဝေးနိုင်ငံမှာ အခြေစိုက်တဲ့ နိုဘယ်လ် ကော်မတီက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မာချာဒိုက အာဏာရှင် ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖယ်ရှားပေးခဲ့တဲ့ လုပ်ရပ်အတွက် ဗင်နီဇွဲလား ပြည်သူတွေအစား ကျေးဇူးတင်ကြောင်း ပြသဖို့အတွက် ဖြစ်နိုင်မယ်ဆိုရင် သူ့ရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ထရမ့်ဆီ လွှဲပြောင်းပေးချင်တယ်လို့ Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ ပြီးခဲ့တဲ့နှစ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိသူကို မကြေညာသေးခင်အထိ အဲဒီဆုကို မျှော်လင့်ကြောင်း တိုက်ရိုက်ကျကျရော၊ သွယ်ဝိုက်ပြီးပါ ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်နဲ့ ထရမ့်ရဲ့ အတွင်းစည်း အစုအဖွဲ့တွေကလည်း အမေရိကန် သမ္မတလောက် အဲဒီဆုနဲ့ ထိုက်တန်သူ မရှိဘူးလို့ အစွမ်းကုန် ဝါဒဖြန့်ခဲ့ပါတယ်။ ဒါပေမဲ့ နိုဘယ်လ် ကော်မတီကတော့ ကမ္ဘာပေါ်မှာ နိုင်ငံရေးဆိုင်ရာ ဂုဏ်သိက္ခာ အကြီးဆုံး ဆုကြီးကို ၂၀၂၅ ခုနှစ်အတွက် မာချာဒိုဆီပဲ အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။

ထရမ့်နဲ့ မာချာဒိုတို့ဟာ မကြာခင် ဝါရှင်တန်ဒီစီ မြို့တော်မှာ တွေ့ဆုံဖို့ စီစဉ်ထားပြီး မာချာဒိုကသာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို လွှဲပြောင်းပေးဖို့ ကမ်းလှမ်းလာမယ်ဆိုရင် အင်မတန် ဂုဏ်ယူမိမယ်လို့ ထရမ့်က မှတ်ချက်ပေးထားခဲ့ပါတယ်။

မာချာဒိုဟာ ဗင်နီဇွဲလားမှာ မာဒူရိုရဲ့ အဓိက အတိုက်အခံ ပြိုင်ဘက်ဖြစ်ခဲ့ပြီး ၂၀၂၄ ရွေးကောက်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင် ခံခဲ့ရပါတယ်။ အဲဒီနောက် သူဟာ နှစ်တွေနဲ့ချီ ပုန်းအောင်းနေခဲ့ရပြီး မာဒူရို အစိုးရ ပြုတ်ကျသွားချိန်ကျမှသာ လူမြင်ကွင်းရှေ့ ပြန်ပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက နိုဘယ်လ် ကော်မတီက မာချာဒိုဟာ ဗင်နီဇွဲလား နိုင်ငံရဲ့ ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားမှုတွေမှာ အကြမ်းမဖက်ဘဲ စွမ်းစွမ်းတမံ အားထုတ်ခဲ့တာတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ပေးအပ်ကြောင်း ကြေညာခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်နှေးနေရင် ဂရင်းလန်ကျွန်းဟာ ရုရှားပိုင်နက် ဖြစ်လာဖို့ အခွင့်အရေး ရှိလိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်ရုံးက ပြောကြားလိုက်ပါတယ်။ အာတိတ် ဒေသမှာရှိတဲ့ ဒိန်းမတ် လက်အောက်ခံ ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်အဖြစ် သိမ်းသွင်း ရယူနိုင်ဖို့...

နိုင်ငံတကာ

ဆန္ဒပြသူတွေကို သတ်ဖြတ်နေမယ်ဆိုရင် အမေရိကန် အစိုးရရဲ့ စွက်ဖက်မှုနဲ့ ကြုံရလိမ့်မယ်လို့ အီရန်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြို့ကြီးသုံးခုမှာ ဖြန့်ကျက်ထားတဲ့ စစ်တပ်တွေကို ပြန်ရုပ်သိမ်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စဟာ တဖြည်းဖြည်း တိုးတက်မှုတွေ ရရှိလာနေပေမယ့် တစ်ဖက်မှာလည်း ဖြတ်ကျော်ရမယ့် အဟန့်အတားတချို့ ကျန်နေဆဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။