အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်အာဏာရှင် နို့သက်ခံ နိုင်ငံရေးကပ်ပါးကောင်များ၏ ရွေးကောက်ပွဲပြဇာတ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုကို တစ်နည်းနည်းဖြင့် ထောက်ခံပံ့ပိုးမှု ပြသခဲ့ကြသော စစ်ဒီမိုကရေစီလိုလားသူ အရပ်သားနိုင်ငံရေးသမားတစ်သိုက်က ရွေးကောက်ပွဲဝင်ရောက်ရေး အလုအယက် လှုပ်ရှားလာကြသည်။

စင်စစ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူများက ဒီမိုကရေစီနည်းကျ တရားဝင် ရွေးကောက်တင်မြှောက် ခဲ့ပြီး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင်မှ အစိုးရသက်တမ်း ၅နှစ် ကုန်ဆုံးမည့် သမ္မတဦးဝင်းမြင့် ဦးဆောင်သော အရပ်သားအစိုးရကို အစိုးရသက်တမ်းမကုန်မီ ၂လ အလို၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အင်အားသုံးပြီး ကမ္ဘာသိ စစ်အာဏာသိမ်းမှုသည် နိုင်ငံတော်အာဏာကို ဥပဒေဖောက်ဖျက်လုယက်မှုဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်မှု ဆိုသည်မှာ ထင်ရှားလှသည်။ 

သို့သော် အနှီနိုင်ငံရေးသမားများသည် ထိုဖြစ်ရပ်ကို တစ်စိုက်မတ်မတ် “အာဏာထိန်း” သည်ဟု စစ်ဗိုလ်ချုပ် များ၏ ဇာတ်ညွှန်းအတိုင်း အသုံးတော်ခံ “နိုင်ငံရေးခဝါချ” ပေးနေကြသူများ မဟုတ်ပါလား။ ထို့ကြောင့် ၎င်းတို့သည် အာဏာသိမ်းမှုကို စိတ်လိုလက်ရ ကိုယ်တိုင်ပူးပေါင်းကူညီ နေကြသောသူများဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင် ဦးထိပ်ပန်ဆင်ထားကြသော ၂၀၀၈ ခြေ/ဥ ကို ဖောက်ဖျက်ပြီး စစ်တပ်၏ နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ရာတွင် အားပေးအားမြှောက်ပြု ပူးပေါင်းကူညီနေကြသူများ ဖြစ်သည်။ 

မင်းအောင်လှိုင်၏ ရက်စက်မှုကြောင့် အတိဒုက္ခရောက်ခဲ့ရသော ပြည်သူများကို ကျောခိုင်းလျစ်လျူရှုခဲ့သော ထိုနိုင်ငံရေးသမားများသည် မကြာခင်ကာလတွင် ပြည်သူ့ဆန္ဒမဲများကို တောင်းခံကြတော့မည် ဖြစ်ကြောင်း ‘သုတဇော်’ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button